အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်(GAP )ဖြင့် မြန်မာ့ငှက်ပျောကို စတင်ထုတ်လုပ်နေ

ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်(GAP )ဖြင့် မြန်မာ့ငှက်ပျောကို စတင်ထုတ်လုပ်နေ

Green Way
Green Way • Greenovator • 12/03/2020

    မြန်မာ့ငှက်ပျောကို ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် ( GAP) ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် စတင်ထုတ်လုပ်နေကြောင်း မြန်မာနိုင်ငံငှက်ပျော စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ သိရပါတယ်။

    မြန်မာ့ငှက်ပျောကို ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်GAPနဲ့ စိုက်ပျိုးပြီး စျေးကွက်ရရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံငှက်ပျောစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့မှ နည်းပညာနဲ့ စျေးကွက်ရှာဖွေရေးတာဝန်ခံ ဦးဒေါမနစ်က ပြောပါတယ်။

GAP ထုတ်ကုန် စပြီးထုတ်ထားပါတယ်။ တောင်သူအယောက်(၂၀)လောက်နဲ့ စပြီးစိုက်တယ်။ လက်မှတ်ရပြီးတာနဲ့ လက်မှတ်ပေးရမယ့် တောင်သူတွေတော့ရှိတယ်။ ကျန်တာတွေက စိုက်ချိန်လွန်သွားလို့ လက်မှတ်မရသေးတာ နည်းစနစ်မကျလို့ လက်မှတ်မရတာ အဲဒါတွေလည်းရှိတယ်

    မြန်မာငှက်ပျောစိုက်တောင်သူ အယောက် (၂၀) ဖြင့် GAPထုတ်ကုန်ကို စလုပ်နေကြောင်းလည်း အဆိုပါအစုအဖွဲ့မှ သိရပါတယ်။

    မြန်မာ့ငှက်ပျော GAP လက်မှတ်ရရှိသူ (၂) ဦးနဲ့ လက်မှတ်ပေးအပ်ရန် (၄) ဦးရှိပြီး စုစုပေါင်း (၆) ဦးသာရှိနေသေးကြောင်း မြန်မာနိုင်ငံ ငှက်ပျောစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့မှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

မောင်ဝေကိုကို

မောင်ဝေကိုကို

လွန်ခဲ့သော ၃ နှစ် က

စိုက်ချင်တယ်ဗျာ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။