အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇွန်လမှစတင်၍ ကွမ်းဈေး အတက်ဘက်သို့ ဦးတည်လာ

ဇွန်လမှစတင်၍ ကွမ်းဈေး အတက်ဘက်သို့ ဦးတည်လာ

ဇွန်လမှစတင်၍ ကွမ်းဈေးများ အတက်ဘက်သို့ ဦးတည်လာကြောင်း တောင်သူများက ပြောသည်။

မြန်မာပြည်အထက်ပိုင်းမှာ ကွမ်းဈေးက စတက်နေပါပြီ။ သီရိမင်္ဂလာစျေးကို အဓိက တင်ပို့နေတဲ့ ဧရာဝတီတိုင်း ကွမ်းဈေးကတော့ မတက်မကျ အနေအထား ဖြစ်နေပါပြီ။ သီရိမင်္ဂလာစျေးကို အခုလတ်တလော ကွမ်းကောင်းတွေ ဝင်နေတုန်းမို့ မတက်မကျ ဖြစ်နေတာပါ။ ဈေးကျဖို့တော့ မရှိတော့ပါဘူး။ ဈေး ဆက်တက်ဖို့ပဲ ရှိပါတော့တယ်။

ဟု ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်းအုပ်စု၊ မှော်သေးကျေးရွာ မှ ကွမ်းစိုက်တောင်သူ ကိုထွန်းထွန်း က ပြောသည်။

ကွမ်း စျေးကောင်းရရှိစေရန် မတ်လ၊ မေလ၊ ဇူလိုင်လနှင့် အောက်တိုဘာလ များတွင် စိုက်ပျိုးကြပြီး၊ မြန်မာပြည်အထက်ပိုင်းတွင် ကွမ်းနုဝါ၊ မြန်မာပြည်အောက်ပိုင်းတွင် ရိုးညို၊ ထိုင်ဝမ် (အများအခေါ်) ကွမ်စိမ်းများကို အများဆုံးစိုက်ပျိုးကြသည်။ 

မြန်မာပြည်အောက်ပိုင်း ကွမ်းဈေးကတော့ မိုးများလေလေ၊ ရေတက်လေလေ၊ ရာသီဉတု ပိုဆိုးလေလေ၊ ကွမ်းဈေးက တက်လေလေ ပါဘဲ။ ကျွန်တော်တို့ဆီကထွက်တဲ့ ကွမ်းကို ရောင်းချတဲ့အခါ ပယ်ကြီး၊ ရှယ်(ဆိုဒ်မှန်)၊ အလတ်၊ အကျ ဆိုပြီး အမျိုးအစား ၄ မျိုး လောက် ခွဲခြားပါတယ်။

ဟု ကိုထွန်းထွန်း က ဆက်လက်ပြောသည်။

လက်ရှိတွင် ကွမ်းတစ်ပိဿာလျှင် ကျပ် ၇၀၀၀ မှ ကျပ် ၈၅၀၀ အတွင်း ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေပြီး ဇူလိုင်လ၊ သြဂုတ်လများတွင် ကွမ်းဈေးများ ပိုမို မြင့်တက်လာနိုင်ကြောင်း ရန်ကုန်၊ သီရိမင်္ဂလာစျေး ဈေးကွက်မှ သိရသည်။

နန်းထက်ထက်ချစ်(ABM)

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။