အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရခိုင်ပြည်နယ်သို့ တင်ပို့သည့် ယာဉ်လမ်းကြောင်းများ အသွားအလာနည်းပါးသွားသဖြင့် ကွမ်းရွက်အကြမ်းဈေး ပြုတ်ကျ

ရခိုင်ပြည်နယ်သို့ တင်ပို့သည့် ယာဉ်လမ်းကြောင်းများ အသွားအလာနည်းပါးသွားသဖြင့် ကွမ်းရွက်အကြမ်းဈေး ပြုတ်ကျ

    ရခိုင်ပြည်နယ်သို့တင်ပို့သည့် ယာဉ်လမ်းကြောင်းများ အသွားအလာနည်းပါးသွားသဖြင့် ကွမ်းရွက်အကြမ်းဈေးပြုတ်ကျကာ ကွမ်းစိုက်ပျိုးသူများ ဆုံးရှုံးမှုခံစားနေရကြောင်း ဧရာဝတီတိုင်းရှိ ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

အရင်နှစ်ကဆို ဇူလိူင်၊ ဩဂုတ်၊ စက်တင်ဘာလကုန်အထိ ဝယ်လက်ရှိတယ်။ ကွမ်းရွက်(ပယ်ကြီး) စျေးကတော့ တစ်ရာသီလုံးနီးပါး စျေးကောင်းတတ်တယ်။ အခုလမှာတော့ ကွမ်းရွက် (အကြမ်းစျေး) ပြုတ်ကျသွားလို့ ကွမ်းရွက်တွေ ခူးပြီး လွှင့်ပစ်ရတယ်။ ကျွန်တော်တို့ဘက်က အခုမှစခူးကြတာ များတယ်လေ။ အကုန်ခူးပြီး သွန်ပစ်နေရတယ်။ မခူးဘဲထားပြန်တော့ အရွက်ရင့်တွေကို အနာကလိုက်သေးတယ်။ အနာဖြစ်လို့ ဆေးဖြန်းဖို့လည်း ဝင်ငွေမရှိ။

ဟု ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်းအုပ်စု၊ မှော်သေးကျေးရွာမှ ကွမ်းစီးပွားဖြစ်စိုက်ပျိုးသူ ကိုထွန်းထွန်းက ပြောသည်။

    ဧရာဝတီတိုင်းမှ ထွက်ရှိသည့် ကွမ်းရွက်အကြမ်းများကို ရခိုင်ပြည်နယ် (အမ်းမြို့) သို့ တင်ပို့ရောင်းချကြပြီး ရခိုင်ပြည်နယ်သို့ တင်ပို့သည့် ယာဉ်လမ်းကြောင်းများ အသွားအလာ နည်းပါးသွားသဖြင့် ယခုကဲ့သို့ ဆုံးရှုံးမှုခံစားရခြင်း ဖြစ်သည်။

   လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း COVID - 19 ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း (၉၆) ဦး အထိ ရှိနေပြီး ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပေါ်သည့် ဩဂုတ် (၁၆) ရက်မှ ယနေ့အထိ စုစုပေါင် (၁၃၀) ဦး ရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဒီဘက်က ကွမ်းရွက်အကြမ်းနဲ့ ဆိုဒ်လွန်ကွမ်းတွေကို နယ်တွေကိုပို့တာပါ။ အကြမ်းက အထိအခိုက် အကြမ်းခံတယ်။ ဒါ့ကြောင့် စစ်တွေ-အမ်းလမ်းကြောင်းအတိုင်း နယ်ဘက်ကို ပြန်တင်ပို့တာပါ။ အခု အဲ့ဒီလမ်းကြောင်းတွေက ပိတ်ပစ်လိုက်တယ်။ ရန်ကုန်မြို့ပေါ်လောက်ကပဲ ကွမ်းယူကြတော့တယ်။ အဲ့ဒီတော့ အချောရှယ်ကွမ်းပဲ စျေးကွက်ရှိတော့တာလေ။ အခုလို အကြမ်းအသေး ပယ်လွန်တွေဆို ခူးခတောင်မရတော့ဘူး။ ကိုဗစ်ဂယက်ကြောင့်ပေါ့။ ဆုံရှုံးမှုများတယ်။ မြန်မာနိုင်ငံမှာက တစ်ခုခုဆို တောင်သူကိုအရင်လာထိသလားတောင် တွေးမိတယ်။ တစ်ကယ်တော့ တောင်သူဘဝက တော်တော်မလွယ်တဲ့ဘဝပါပဲ။

ဟု ကိုထွန်းထွန်းက ဆက်လက်ပြောသည်။

    ၂၀၂၀ ခုနှစ်၊ ဇူလိုင်လက ကွမ်းရွက်အကြမ်းစျေး တစ်ပိဿာလျှင် ၄,၀၀၀/ ၆,၀၀၀ ကျပ်၊ ကွမ်းရွက် ပယ်လွန် (ဆိုဒ်ကြီး) တစ်ပိဿာလျှင် ၄,၅၀၀/ ၅,၀၀၀ ကျပ် ဈေးများရရှိခဲ့ကာ၊ ကွမ်းစျေးအမြင့်ဆုံး အချိန်များတွင် ကွမ်းရွက်အကြမ်းဈေး တစ်ပိဿာလျှင် ၆,၅၀၀ မှ ၈,၀၀၀ လောက်အထိ ပေါက်ဈေးရှိခဲ့ပြီး ယခုဩဂုတ်လပိုင်းမှစတင်ကာ ကွမ်းရွက်အကြမ်းဈေးကွက် ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

2
ဦးလှဌေး

ဦးလှဌေး

လွန်ခဲ့သော ၆ နှစ် က

မိုလ။ဘယ်လလောက်ရှိလဲကွာ

Thein Soe Min

Thein Soe Min

လွန်ခဲ့သော ၆ နှစ် က

ကွမ်းစိုက်တောင်သူတွေအတွက် စိတ်မကောင်းစရာ သတင်းပါ။ 😢

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။