အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မတ်ပဲကို အခြားနိုင်ငံများမှလည်း စျေးကောင်းပေးဝယ်နေ

မတ်ပဲကို အခြားနိုင်ငံများမှလည်း စျေးကောင်းပေးဝယ်နေ

Green Way
Green Way • Greenovator • 30/12/2019

မြန်မာ့မတ်ပဲကို အိန္ဒိယအပြင် အခြားနိုင်ငံများကလည်း စျေးကောင်းပေးဝယ်နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှသိရပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာ့မတ်ပဲကို ဝယ်ယူတဲ့စျေးနှုန်းအတိုင်း အခြားပြည်ပနိုင်ငံများကလည်း စျေးကောင်းပေးဝယ်ကြပါတယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးကပြောပါတယ်။

မတ်ပဲကို အိန္ဒိယအပြင် အခြားပြည်ပနိုင်ငံတွေကိုပါ တင်ပို့နေပါတယ်။ တင်ပို့မှုကတော့ နည်းတာပေါ့။ ဒါပေမယ့် စျေးနှုန်းကတော့ စျေးကောင်းရင်ကောင်းသလို ကျန်တဲ့နိုင်ငံတွေကလည်း စျေးကောင်းလိုက်ဝယ်ပေးတယ်

မတ်ပဲကို ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဒူဘိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံများကို တင်ပို့သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မတ်ပဲ FAQ /RC (2019) တစ်တန်ကို ၁၁၄,၀၀၀ ကျပ်စျေးနှုန်းရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်စျေးနှုန်းများအရ သိရပါတယ်။ 

မြန်မာ့မတ်ပဲကို အိန္ဒိယနိုင်ငံမှ အခုဘဏ္ဍာနှစ်အတွင်း တန်ချိန် (၄) သိန်းအထိ ဝယ်ယူသွားမှာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။