အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကွမ်းပင်အစား ဈေးကွက်တည်ငြိမ်သည့် ဇော်လုံးပန်း ပြောင်းလဲစိုက်ပျိုးလာ

ကွမ်းပင်အစား ဈေးကွက်တည်ငြိမ်သည့် ဇော်လုံးပန်း ပြောင်းလဲစိုက်ပျိုးလာ

    ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်း ကျေးရွာများ၌ ကွမ်းပင်စိုက်ပျိုးထုတ်လုပ်သူအများစုမှာ ဈေးကွက်တည်ငြိမ်မှုရှိသည့် ဇော်လုံးပန်းပင်များ ပြောင်းလဲစိုက်ပျိုးလာကြကြောင်း သိရသည်။

ဇော်လုံးပန်းပင်က နေ့စဉ်ဝင်ငွေမှန်ပါတယ်။ ကွမ်းပင်ကတော့ အကျိုးအမြတ်ကြမ်းတယ်။ ရရင်လည်း ဟောဟောဒိုင်းဒိုင်းရသလို၊ ရာသီဥတုကြောင့် မှိုရောဂါကြောင့် ကွမ်းခြံ ပျက်ရင်လည်း ရင်းထားသမျှကုန်တယ်။ ဒါ့ကြောင့် ဒီရွာမှာတော့ အများစုက ကွမ်းခြံထက် ဇော်လုံးပန်းကို စီးပွားဖြစ်စိုက်လာကြပါတယ်။

ဟု ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ တောင်ချောင်ရွာမှ ဇော်လုံးစီးပွားဖြစ်စိုက်ပျိုးသူ ဦးပေါက်က ပြောသည်။

    နေ့စဉ်ဝင်ငွေရသည့် ဇော်လုံးပန်းပင်မှာ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့်အပြင်၊ တစ်ကြိမ် စိုက်ပျိုးထားပြီးချိန်မှစ၍ နောက်နှစ်များစွာအထိ ရေရှည်အကျိုးရှိကြောင်း သိရသည်။

ခူးချိုးလိုက်တဲ့ အဆစ်နေရာကနေ နောက်ထပ်အတက်တစ်ခု ပြန်ထွက်တာမို့ တစ်ခါစိုက်ထားပြီးတာနဲ့ ရေရှည်စားလို့ရပါတယ်။ တစ်ပင်ကနေ အများကြီးပွားလို့ရတော့ အရှူံးရယ်လို့မရှိဘူးပေါ့။ ပြုစုစောင့်ရှောက်ဖို့လည်း သိပ်မလိုဘူး။ နွေအခါမှာသာ ရေလိုတဲ့အချိန် ရေပေးရတယ်။ မိုးဆိုရင်တော့ ဒီအတိုင်းထားရုံပါပဲ။

ဟု ဦးပေါက်က ဆက်လက်ပြောသည်။

    ဇော်လုံးပန်းပင်မှာ ဘုရားပန်းတင်ရာ၌ ရက်ရှည်အထားခံသည့်အတွက် ဈေးကွက်လိုလား မှုရှိပြီး၊ လက်ကားဈေး(ဖောက်သည်ဈေး) တစ်ပင်လျှင် (၂၀) ကျပ်၊ လက်လီဈေး (၅)ပင် တစ်စီးလျှင် (၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

လွင်ဦး

လွင်ဦး

လွန်ခဲ့သော ၉ လ က

စိုက်ပျိုးနည်း သိချင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။