အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြန်မာ့ငရုတ်သီးစျေးကွက် တိုးတက်ကောင်းမွန်နိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများသုံးသပ်

မြန်မာ့ငရုတ်သီးစျေးကွက် တိုးတက်ကောင်းမွန်နိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများသုံးသပ်

    မြန်မာ့ငရုတ်သီးတင်ပို့ရောင်းချမှု စျေးကွက်အလားအလာ တိုးတက်ကောင်းမွန်နိုင်ကြောင်း ငရုတ်သီးဈေးကွက်ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ သိရသည်။

ငရုတ်သီးက ဈေးပြန်ကောင်းမယ့် အလားအလာရှိနေတယ်။ တစ်နေ့ကို ငရုတ်ကား ၁၂ ဘီးကား ၇ စီးထွက်နေတာ။ အခုဆိုမြဝတီအရောက် ငရုတ်တစ်ခြင်းစျေး ၁၁၀၀ ကျပ်။ ကျောက်ဆည်ငရုတ် နည်းနည်းတုံးသွားတော့ အရောင်းအဝယ်က ရမည်းသင်းဘက်က ပြန်ဖြစ်နေတယ်။ အစိမ်းသီးလည်း နေပြည်တော် တပ်ကုန်းဘက်က သွားနေကြတယ်။ အခုတလော ဟော့နေတဲ့ ငရုတ်မျိုးက သာမို 11 ကို မလေးရှားဘက်က ကြိုက်ကြတယ်။ 692 ငရုတ်မျိုး၊ 777၊ စတားဟော့၊ ဂိုးလ်စတား၊ ဆန်ရှိုင်းတို့လည်း အရောင်းဝယ်ဖြစ်နေကြတယ်။

ဟု မြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဥက္ကဌ ဒေါ်ဥမ္မာကျော်က ပြောသည်။

    မြန်မာ့ငရုတ်သီးကို ဝယ်နေသည့်နိုင်ငံများထဲမှ တရုတ်နိုင်ငံတွင် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ရခြင်းကြောင့် ငရုတ်စိုက်ပျိုးမှု လျော့ကျလာနိုင်ပြီး၊ မြန်မာ့ငရုတ်သီးဈေးကွက်အပေါ် ရိုက်ခတ်မှုများ ဖြစ်လာနိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်မှာ ရေကြီးတာကြောင့် စိုက်ခင်းတွေပျက်နိုင်တယ်။ သူ့တို့ဘက်က ငရုတ်စိုက်ဧကတွေ လျော့ကျမယ်လို့ သုံးသပ်တယ်။ နောက်တစ်ခုက ဆောင်းရာသီရောက်လာတော့မယ်။ ဆောင်းဆိုရင် တရုတ်မှာ အရမ်းအေးလို့ ငရုတ်စိုက်ပျိုးလို့မရဘူး။ ဒါ့ကြောင့်လည်း မြန်မာပြည်ဘက်ကနေ ငရုတ်မှာယူမှုများလာနိုင်တယ်။ ဒါ့ကြောင့် ဒီဈေးကွက်အချိန်မီ ငရုတ်သီးတွေထွက်အောင် စိုက်ပျိုးကြဖို့အတွက် ပြင်ဆင်နေပါပြီ။

ဟု မန္တလေးတိုင်းဒေသကြီး၊ ကျောက််ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာမှ ငရုတ်သီးစီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူ ကိုမြင့်ထွန်းဦးက ပြောသည်။

    လက်ရှိ မြန်မာပြည်အလယ်ပိုင်းတွင် အများဆုံးစိုက်ပျိုးထုတ်လုပ်နေသည့် 692 ငရုတ်မျိုး (အမှည့်အစို) တစ်ပိဿာလျှင် အောက်စ ၉၀၀ ကျပ်၊ အလယ်စ ၁၀၀၀ ကျပ်၊ ထိပ်စ ၁၁၀၀ ကျပ်ဖြင့် ပေါက်ဈေးရရှိနေပြီး ဈေးနှုန်းများ ပိုမိုကောင်းမွန်လာရန် တောင်သူများမှမျှော်လင့်နေကြသည်။

2
kyaw

kyaw

လွန်ခဲ့သော ၅ နှစ် က

စကရှိလားအကို

kyaw

kyaw

လွန်ခဲ့သော ၅ နှစ် က

ဘာငရုတ်သီးလည်း

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။