သစ်တောပြုန်းတီးမှု လျော့ချစေရေးအတွက် နယ်ပယ်အသီးသီးမှ ညီညီညွတ်ညွတ်လုပ်ဆောင်သင့်
သစ်တောသစ်ပင်များ ပြုန်းတီးမှုလျော့ချစေရေးအတွက် ဆောင်ရွက်ရာတွင် နယ်ပယ်အသီးသီးမှ အသိပညာရှင် အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ ညီညီညွတ်ညွတ် လုပ်ဆောင်သင့်ကြောင်း ကြီးမြန်သစ်မာပင်များဖွံ့ဖြိုးတိုးတက်ရေးအသင်း ( FastGro) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သစ်တောတွေ ပြုန်းတီးနေတာ အမှန်တရားမို့ ငြင်းမရပါဘူး။ စိုက်ပျိုးသူတွေက သူ့အရှိန်နဲ့သူ စိုက်ပျိုးနေတဲ့အခါမှာ သက်ဆိုင်ရာပညာရှင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ တာဝန်ရှိသူတွေကနေ လိုအပ်တဲ့အပိုင်းက ထိန်းကျောင်းပေးနိုင်ရင် ကောင်းမယ်။ ပညာရှင်တွေကလည်း ပညာရှင်အလျောက် စာသံပေသံနဲ့ သီအိုရီနဲ့ ကိုင်ပေါက်တယ်။ ဌာနဆိုင်ရာကျတော့လည်း အလုပ်လုပ်တာ ထိရောက်မှုအားနည်းတယ်။ အဲ့ဒီလိုဆိုတော့ တောင်ကတုံးတွေဖြစ်တယ်။ ဒီလို တောင်ကတုံးတွေမဖြစ်အောင် ကိုယ့်စရိတ်ကိုယ်ထည့်ပြီး တတ်နိုင်သရွေ့ကြိုးစားစိုက်ပျိုးနေတဲ့ တောင်သူတွေကိုကျတော့ ဝေဖန်တယ်။ မလုပ်တော့လည်း တောင်ကတုံးက တောင်ကတုံးပဲ။ လုပ်နေတဲ့လူတွေကို ဘေးကနေ ဝေဖန်နေမယ့်အစား ကူညီနိုင်တဲ့အပိုင်းကနေ ကူညီပေးစေချင်တယ်။ ဌာနဆိုင်ရာတွေကလည်း လိုအပ်တဲ့အပိုင်းက ထိန်းကွပ်ပေးစေချင်တယ်။
ဟု ကြီးမြန်သစ်မာပင်များဖွံ့ဖြိုးတိုးတက်ရေးအသင်း-FastGro မှ အတွင်းရးမှူး ဦးနေလွင်က ပြောသည်။
သစ်တောသစ်ပင်များ စိုက်ပျိုးထုတ်လုပ်နေကြရာတွင် ဝါသနာအရစိုက်ပျိုးသူများ၊ သစ်ပင်သစ်ရိပ်ကို ချစ်မြတ်နိုးသဖြင့် စိုက်ပျိုးကြသူများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်လိုသည့် ရည်ရွယ်ချက်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးသူများ၊ စီးပွားဖြစ် ဈေးကွက်ဝင်သစ်များထုတ်လုပ်၍ နိုင်ငံတော်အတွက် ပြည်ပဝင်ငွေရရှိစေရန် စိုက်ပျိုးနေသူများ စသည့်ဖြင့် ကဏ္ဍအမျိုးမျိုး၊ ဦးတည်ချက်အမျိုးမျိုးဖြင့် စိုက်ပျိုးနေသူများကို ဝန်းရံအားပေးစေလိုကြောင်း ၎င်းက ပြောသည်။
စိုက်သူတိုင်းဟာ ငါသိငါတတ်အကုန်မဟုတ်ကြပါဘူး။ ကိုယ်ပိုင်ငွေကို တခြားမသုံးစွဲပစ်ဘဲ သစ်ပင်သစ်တောစိုက်ပေးတာကို တင်တတ်ရင် ကျေးဇူးတောင်ကြံဖန်တင်လို့ရပါတယ်။ စီးပွားဖြစ်သစ်တောမို့လို့ အချိန်တန်ခုတ်မှာမို့လို့တို့ ပြောရင်းဟောရင်း ပြောင်သထက်ပြောင်နေတာကို ထိုင်ကြည့်နေရတာထက်စာရင်တော့ စိုက်ခင်းထူထောင်သူတွေကြောင့် ကျေးငှက်သာဂရနားနေစရာ သစ်ရိပ်သစ်တောဖြစ်ထွန်းလာမှာကသာ လက်တွေ့အမှန်တရားပါ။ သီအိုရီတွေ လော့ဂျစ်တွေ ကျွမ်းကျင်သူများအနေနဲ့ကလည်း စိုက်သူပျိုးသူကို စိတ်ပျက်လက်ပျက်ဖြစ်အောင် တဖက်ဆန်ဆန် ပြောဆိုတာထက် သက်ဆိုင်ရာဌာနများနဲ့ ပူပေါင်းပြောင်းလဲဖို့လည်း အားစိုက်သင့်တယ်။ နှမ်းတစေ့နဲ့ ဆီမဖြစ်ပေမယ့် နှမ်းစေ့တွေများ စုမိရင်တော့ ဆီဖြစ်လာနိုင်ပါတယ်။
ဟု ဦးနေလွင်က ဆက်လက်ပြောသည်။
၂၀၁၉-၂၀၂၀ ခုနှစ်များအတွင်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မန်ဂျန်ရှား၊ အကေးရှားမျိုးနှင့် ကြီးမြန်ပင် သစ်တောသစ်ပင်စိုက်ပျိုးမှုများ တွင်ကျယ်နေကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022