မြန်မာ့ပြောင်းအပေါ် အခွန်ကင်းလွတ်ခွင့်ပေးသည့်အချိန်ကာလ ထိုင်းအစိုးရလျှော့ချ
မြန်မာနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်း၀ယ်ယူတင်သွင်းမည့် သတ်မှတ်အချိန်ကာလကို ထိုင်း အစိုးရမှ လျှော့ချလိုက်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
အာဆီယံလွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်အရ နှစ်စဉ် ဖေဖော်ဝါရီမှ ဩဂုတ်လကုန်အထိ ၇ လတွင်း မြန်မာနိုင်ငံမှ ပြောင်းကို သွင်းကုန်အခွန်ကင်းလွတ်ခွင့် ထိုင်းအစိုးရက ခွင့်ပြုခဲ့သည်။ သို့သော် ယခုနှစ်တွင် ဖေဖော်ဝါရီမှ ဇွန်လကုန်အထိ ၅ လအတွင်းသာ အခွန်ကင်းလွတ်ခွင့်ပြုပေးမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းစုစုပေါင်း ၅၀ ရာခိုင်ကျော်ကို နှစ်စဉ် ၀ယ်ယူနေသော ထိုင်းနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်း၀ယ်ယူတင်သွင်းမည့်ကာလ လျှော့ချလိုက်သော်လည်း အခြားအာဆီယံနိုင်ငံများသို့ ပြောင်းတန်ချိန်ပမာဏ တိုးမြှင့်တင်ပို့ရောင်း ချနိုင်ရန် မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်းက စီစဉ်နေကြောင်းသိရသည်။
"ဖိလစ်ပိုင်နိုင်ငံကို ပြောင်းပမာဏတိုးပြီးရောင်းဖို့ MOU ထိုးဖို့ စီစဉ်နေပါတယ်"ဟု အသင်းမှတာ ၀န်ရှိသူတစ်ဦးကပြောပါသည်။

ပြောင်းတန်ချိန် ပိုမိုတင်ပို့ရောင်းချရန်အတွက် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းကိုယ်စားလှယ်အဖွဲ့ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံသို့သွားရောက်ညှိနှိုင်းမှုများ ပြုရန်လည်း စီစဉ်ထားသည်ဟုလည်း ၎င်းကရှင်းပြသည်။
မြန်မာနိုင်ငံတွင် ပြောင်းကို နှစ်စဉ်တန်ချိန် ၂သန်းကျော်စိုက်ပျိုးထုတ်လုပ်သည်။ ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်မှုစုစုပေါင်း၏ ၆၀ရာခိုင်နှုန်းကျော်ကို ပြည်ပသို့ တင်ပို့ရောင်းချပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်၂၀၂၄-၂၅ တွင် ပြည်ပပြောင်းတင်ပို့ရောင်းချမှုမှ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ သန်း၄၀၀ ကျော်ရရှိခဲ့သည်။
ယခုဘဏ္ဍာနှစ်တွင်လည်း ပြည်ပသို့ပြောင်းတန်ချိန် ၂ သန်း၀န်းကျင်တင်ပို့ ရောင်းချရန် လျာထားကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026