တစ်ပတ်အတွင်း ဈေးတက်သွားသောသီးနှံများ (ဈေးကွက်သုံးသပ်ချက်)
မတ်ပဲ
မတ်ပဲက ဆက်တိုက် ကျဆင်းနေရာမှ ဒီတစ်ပတ်မှာ ဈေးပြန်မြင့်တက်လာပါတယ်။ ငွေလဲလှယ်နှုန်း ဈေးမြင့်တက်လာတဲ့အတွက် ပဲ ဈေးက မြင့်တက်လာတာ ဖြစ်ပြီး FOB ဈေးကတော့ အကျဈေး နဲ့ ရှိနေပါတယ်။ အရောင်းအဝယ်ကတော့ ဈေးကွက်အတွင်း ငွေကြေးဈေး မတည်ငြိမ်တာတွေ ကြောင့် အရောင်းပါးအဝယ်ပါး အခြေအနေလို့ ကုန်သည်အချို့က ဆိုပါတယ်။
အိန္ဒိယနိုင်ငံတွင်းမှာလည်း မတ်ပဲ ဝယ်လိုအားနည်းနေပြီး အဝယ်မရှိသလောက် ဖြစ်နေတယ်လို့ အိန္ဒိယ သတင်းတွေရဲ့ ဖော်ပြချက် အရ သိရပါတယ်။ ဈေးကွက်အတွင်း မကြာခင် ပဲ အသစ်တွေ ပေါ်လာတော့မှာ ဖြစ်လို့ မတ်ပဲက ဆက်ပြီး ကျဆင်းနိုင်ဦးမယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။ ဒါ့အပြင် မတ်ပဲ စိုက်ဧကလည်း တိုးလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံရဲ့ မုတ်သုံမိုးက များပြားတာကြောင့် မိုးစိုက်မတ်ပဲက အပျက်အစီးတွေ များရင်တော့ တစ်မျိုးတစ်ဖုံ ပြောင်းလဲနိုင်လို့ လက်ရှိ အခြေအနေကတော့ ခန့်မှန်းရ ခက်အခြေအနေ လည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာမတ်ပဲ FAQ က တစ်တန်ကို ရူပီး ၈၇၅၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၅၀ ရူပီး ဈေးကျဆင်းပါတယ်။
ပြီးခဲ့တဲ့ အပတ် သောကြာနေ့က ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၃၅၅၀၀၀ ရှိ ခဲ့ပါတယ်။တနင်္လာနေ့ မှာ တစ်တန်ကို ၃၃၂၉၀၀၀၊ အင်္ဂါနေ့မှာ တစ်တန်ကို ၃၃၂၆၀၀၀ကျပ် ၊ ဗုဒ္ဓဟူးနေ့မှာ တစ်တန်ကို ၃၃၇၁၀၀၀၊ ကြာသပတေးနေမှာ တစ်တန်ကို ၃၄၀၀၀၀၀ နဲ့ တရိပ်ရိပ်ဈေးတက်လာကာ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၄၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။
(SQ/RC) ကတော့ တစ်တန်ကို ၃၇၁၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၆၁၅ မှ ၅၆၅၀ ပေါက် ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်ပါတယ်။
မတ်ပဲ FOB ဈေးနှုန်းကတော့ တစ်တန်ကို ၉၃၅ မှ ၉၄၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ၂၀ ဒေါ်လာ ဈေးကျဆင်းပါတယ်။ လက်ရှိ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးက ပြင်ပပေါက်ဈေး ငွေကျပ် ၅၅၀၀ ကျော် ထိ ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။
ကုလားပဲ
ကုလားပဲကလည်း ဆက်တိုက်ဈေးမြင့်တက်ပါတယ်။ မြန်မာ့ငွေဈေးဖောင်းပွမှုကြောင့်သာ ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။ လက်ရှိ ဈေးနဲ့ ထုတ်ရောင်းတာတွေတော့ ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဈေးကွက်က မဖွင့်ပါဘူး။ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅၅၂၅ မှ ၅၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးကျပါတယ်။
မန္တလေးဈေးကွက်မှာတော့ ကုလားပဲ 929 က တစ်အိတ်ကို ၂၄၂၀၀၀ မှ ၂၄၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် ၊ ကုလားပဲ(v7) က တစ်အိတ်ကို ၂၆၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ် ဈေးတက်လာပြီး ကုလားပဲ ထိုင်ဝမ်က ကတော့ ၂၃၅၀၀၀ မှ ၂၃၇၀၀၀ ကျပ် ကုလားပဲလုံးv2 က တစ်အိတ်ကို ၂၄၈၀၀၀ မှ ၂၅၀၀၀၀ ကျပ် နဲ့ ဈေးငြိမ်ပါတယ်။
နယ်ဈေးကွက်တွေမှာလည်း ကုလားပဲ တစ်တင်းကို ၁၀၀၀ ကနေ ၂၀၀၀ ကြား ဈေးမြင့်တက်လာပါတယ်။

ပဲပုပ်
ပဲပုပ်ကတော့ လက်ရှိ မှာ ပြည်တွင်း အဝယ်များတာရောငွေကြေးဈေးမတည်ငြိမ်တာရောနဲ့ အဆမတန်ဈေးမြင့်တက်နေပါတယ်။ ဆီအတွက် ဝယ်ယူမှုများတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲပုပ်(ဆီတိုး)က တစ်ပိဿာကို ၅၀၀၀ မှ ၅၅၀၀ ရှိပြီး တစ်ပိဿာကို ၁၀၈၀ ကျပ်ဈေးတက်လာပါတယ်။ အထွက်တိုးကတော့ တစ်ပိဿာကို ၄၆၆၅ မှ ၅၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၅၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲပုပ်(ဗမာ)က တစ်အိတ်ကို ၂၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပဲပုပ်(ရှမ်း)ကတော့ တစ်အိတ်ကို ၂၈၀၀၀၀ မှ ၃၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ကြူကုတ်)က ဈေးကွက်အတွင်း ဈေးအဆမတန်မြင့်တက်လာပါတယ်။ အဝင်နည်းတာရော သယ်ယူပို့ဆောင်စရိတ်မြင့်တက်တာရောနဲ့ ဈေးမြင့်တက်လာတာဖြစ်ပါတယ်။ ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးကွက်ထဲ အဝင်များနေလို့ ဈေးက အကျဈေးနဲ့ ရှိနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူရှမ်းက တစ်ပိဿာကို ၉၂၀၀ မှ ၁၀၅၀၀ ပေါက်ဈေးရှိပြီး တစ်ပတ်တာလုံး ဈေးငြိမ်ပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၁၄၇၀၀ မှ ၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ကိုခန့်
လွန်ခဲ့သော ၂ နှစ် ကမြေပဲဆံဈေးအလားအလာေလးသိပါရစေဗျာ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026