ဒီတစ်ပတ်အတွင်း ငွေကြေးမတည်ငြိမ်မှုကြောင် မတ်ပဲနဲ့ပဲစင်းငုံရဲ့ အရောင်းအဝယ်တွေအေး
ဈေးကွက်အတွင်း ပဲမျိုးစုံက ငွေကြေးလဲလှယ်ဈေးနှုန်းကြောင့် သီးနှံအများစုဟာ ပုံမှန်ထက် မြင့်တက်နေပြီ စက်သုံးဆီဝယ်ယူမရရှိတဲ့အတွက် သယ်ယူပို့ဆောင်စရိတ်မြင့်တက်တာ၊ ကြိတ်ခွဲစရိတ်မြင့်တက်တာ၊ သွင်းအားစုဈေးနှုန်းများ မြင့်တက်တာတွေ ကြုံတွေ့ နေရပါ တယ်။
မတ်ပဲ
မတ်ပဲက ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် အမြင့်ဈေးနဲ့ရှိနေတာဖြစ်ပြီး ငွေလဲလှယ်ဈေးနှုန်းပေါ်မူတည်ကာ ဈေးအတက်အကျရှိနေတာဖြစ်ပါတယ်။ ကျပ်တန်ဖိုးဈေး ကျဆင်းတဲ့အတွက်ကြောင့်သာ ပဲ ဈေးတွေ မြင့်တက်နေတာဖြစ်ပေမယ့် FOB ဈေးမှာတော့ ဈေးက ဆက်တိုက် ကျဆင်းနေပါတယ်။ လက်ရှိမှာတော့ ဈေးကွက်အတွင်း ငွေကြေးဈေးတည်ငြိမ်မှု မရှိတာကြောင့် အရောင်းအဝယ်အေးနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံတွင်းမှာလည်း မတ်ပဲအသစ်တွေ စတင်ဝင်ရောက်နေပေမယ့် လက်ရှိ အိန္ဒိယနိုင်ငံတွင်း ပွဲတော်ကာလ ဖြစ်တဲ့အတွက် အရောင်းအဝယ်များလာနိုင်တယ်လို့ သိရပါတယ်။ လက်ရှိမြန်မာပြည်တွင်းမှာလည်း ငွေကြေးဈေးကြောင့် အရောင်းအဝယ် ရပ်နားထားတာတွေရှိပြီး မတ်ပဲလိုအပ်ချက်မြင့်နေတဲ့ အိန္ဒိယမှာ ဈေးက အမြင့်ဈေးနဲ့ပဲ ရှိနေနိုင်တယ်လို့ သုံးသပ်ထားတာတွေ တွေ့ရပါတယ်။
အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာမတ်ပဲ FAQ က တစ်တန်ကို ရူပီး ၈၅၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၁၅၀ ရူပီး ဈေးကျဆင်းပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကတော့ တစ်တန်ကို ၈၉၅ မှ ၉၀၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ၂၅ ဒေါ်လာဈေးကျဆင်းပါတယ်။
ပြီးခဲ့တဲ့ အပတ်က သောကြာနေ့က ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၅၉၁၀၀၀ ရှိ ခဲ့ပါတယ်။ တနင်္လာနေ့ မှာတော့ တစ်တန်ကို ၃၆၂၈၀၀၀၊ အင်္ဂါနေ့မှာ တော့ တစ်တန်ကို ၃၇၉၃၀၀၀ကျပ်၊ ဗုဒ္ဓဟူးနေ့မှာတော့ တစ်တန်ကို ၃၈၀၇၀၀၀၊ ကြာသပတေးနေ့မှာတော့ တစ်တန်ကို ၃၇၈၄၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၁၉၃၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။
(SQ/RC) ကတော့ တစ်တန်ကို ၄၁၇၄၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂၄၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၆၁၆၅ မှ ၆၃၀၀ ပေါက် ဈေးရှိပြီး တစ်ပိဿာကို ၄၀၅ ကျပ်ဈေးမြင့်တက်လာပါတယ်။
လက်ရှိပြည်တွင်း ငွေလဲလှယ်နှုန်းဈေးက ပြင်ပပေါက်ဈေး ငွေကျပ် ၇၀၀၀ ကျော်ထိ ရောက်ရှိ နေတယ်လို့ စုံစမ်းသိရပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဈေးမြင့်တက်ပါတယ်။ FOB ဈေးနှုန်းကျဆင်းပေမယ့်လည်း ငွေကြေးလဲလှယ်ဈေးနှုန်းမြင့်တက်နေတာကြောင့် ဈေးမြင့်တက်နေတာဖြစ်ပြီး အရောင်းအဝယ်ကတော့ မရှိဘူးလို့ ကုန်သည်တွေထံကနေသိရပါတယ်။ နယ်အိန္ဒိယနိုင်ငံတွင်းမှာလည်း ပွဲတော်ကာလ ဖြစ်ပေမယ့် ပဲဈေးတွေက အကျဈေးနဲ့ရှိနေတာ ဖြစ်ပါ တယ်။
အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၀၂၅၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၂၀၀ ရူပီးဈေးကျဆင်းသွားပါတယ်။ FOB ဈေးနှုန်းကတော့ တစ်တန်ကို ၁၁၅၀ မှ ၁၁၆၀ ဒေါ်လာ ရှိပြီး တစ်တန်ကို ဒေါ်လာ ၃၀ ဈေးကျဆင်းသွားခဲ့ပါတယ်။
ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့ အပတ် သောကြာနေ့က ပဲစင်းငုံနီတစ်တန်ကို ကျပ် ၄၆၀၀၀၀၀ ကျပ်၊ တနင်္လာနေ့မှာ တစ်တန်ကို ၄၆၀၀၀၀၀ ၊အင်္ဂါနေ့မှာတော့ တစ်တန်ကို ၄၇၂၅၀၀၀၊ ဗုဒ္ဓဟူးနေ့ မှာတော့ တစ်တန်ကို ၄၈၀၀၀၀၀၊ ကြာသပတေးနေ့မှာ တစ်တန်ကို ၄၇၉၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၁၉၀၀၀၀ ကျပ် ကျပ်ဈေး မြင့်တက်လာပါတယ်။
ကြက်သွန်ဖြူ
လက်ရှိ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဈေးကွက်အတွင်း စံချိန်တင် မြင့်တက်နေတဲ့ အခြေအနေပါ။ တရုတ်ဘက်က လမ်းပန်းဆက်သွယ်မှုကြောင့် ဈေးကွက်ထဲ ဝင်ရောက်မှု နည်းတဲ့အတွက် ဈေးတွေ မြင့်တက်လာတာဖြစ်ပါတယ်။ ရှမ်းကြက်သွန်တွေကလည်း သယ်ယူပို့ဆောင်စ၇ိတ်ကြောင့် မြင့်တက်ပေမယ့် ကြူကုတ်ဈေးလောက် အများကြီး မြင့်တက်လာတာမျိုးမရှိပါဘူး။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူရှမ်းက တစ်ပိဿာကို ၁၀၅၀၀ မှ ၁၂၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်ပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၂၂၀၀၀ မှ ၂၃၀၀၀ ကြားရှိပြီး တစ်ပတ်အတွင်း တစ်ပိဿာကို ၈၀၀၀ ကျပ်ဈေးမြင့်တက်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026