တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် ( ၁၁ - ၁၅.၈. ၂၀၂၅)
မတ်ပဲ
မတ်ပဲကတော့ ယခုတစ်ပတ်မှာ တစ်တန်ကို ၃၀၀၀၀ ကျော်လောက်ပြန်ကျလာပါတယ်။ တစ်တန်ကို ကျပ်သိန်း ၃၀ အောက်ထိကျဆင်းသွားပါတယ်။ နယ်စျေးကွက်မှာလည်း မတ်ပဲတစ်တင်းကို ၉၆၀၀၀ ကျပ်သာရှိပါတယ်။
မတ်ပဲကို အဓိကဝယ်ယူတဲ့ အိန္ဒိယနိုင်ငံက ဝယ်လိုအားနည်းတဲ့အတွက် စျေးကွက်အကျဘက်မှာပဲ ရှိနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ တနင်္လာ မှ သောကြာနေ့အတွင်း ၂၉၇၄၀၀၀ မှ ၂၉၉၈၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။ အရင်အပတ်က မတ်ပဲFAQတစ်တန်ကို တနင်္လာမှသောကြာနေ့အတွင်း ၃၀၀၇၀၀၀မှ၃၀၂၄၀၀၀ ကျပ်ရှိခဲ့ပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ယခုတစ်ပတ်မှာလည်း စျေးထပ်ကျပါတယ်။ တစ်တန်ကို ၃၀၀၀၀ ကျော်မှ ၅၀၀၀၀ လောက်အထိထပ်ကျလာပါတယ်။။ ပဲစဥ်းငုံကလည်း ပြည်တွင်းမှာ လက်ကျန်နည်းပေမယ့် ပြည်ပ ဝယ်လိုအားနည်းတဲ့အတွက် စျေးကွက်အကျဘက်မှာပဲ ရှိနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၇၀၅၀၀၀ မှ၂၇၅၂၀၀၀ကျပ် ရှိပါတယ်။
အရင်အပတ်က တနင်္လာကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၇၅၅၀၀၀ မှ ၂၇၈၅၀၀၀ ကျပ်ရှိခဲ့ပါတယ်။

ကြက်သွန်ဖြူ
ပြည်တွင်းစျေးကွက်မှာ ကြက်သွန်ဖြူစျေးနူန်း မြင့်တက်လာနေပါတယ်။ လက်ရှိ ဩဂုတ်လထဲမှာမှ စျေးတန်းကမြင့်တက်လာတာဖြစ်ပါတယ်။ တရုတ်ကနေတင်သွင်းရတဲ့ ကြူကုတ်ကြက်သွန်က အဝင်နည်းလာတာကြောင့် စျေးတက်လာတာဖြစ်ပြီး ဒေသကြက်သွန်တွေကတော့ ကြူကုတ်မြင့်တက်မှုကြောင့် စျေးအပြိုင်တက်လာတာ ဖြစ်ပါတယ်။
ကြူကုတ်က ဇူလိုင်လကထက် ဩဂုတ်လမှာ တစ်ပိဿာကို ၈၀၀၀ လောက်မြင့်တက်လာပြီး ဒေသရှမ်းကြက်သွန်က ၁၀၀၀ လောက်မြင့်လာတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ကြူကုတ်တစ်ပိဿာကို ၁၈၀၀၀ ကျပ်မှ ၁၈၅၀၀ ကျပ်ရှိပြီး ပြင်ပ လက်လီစျေးကွက်မှာတော့ တစ်ပိဿာကို အနိမ့်ဆုံး ၂၀၀၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။
ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ အောင်ပန်းထူး ၂ တစ်ပိဿာကို ၅၀၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၆၀၀၀ ကျပ်၊ အောင်ပန်းထူး ၄ က ၇၀၀၀ ကျပ်၊ အောင်ပန်းထူး ၅ က ၈၀၀၀ ကျပ်ရှိ ပါတယ်။
သကြား
သကြားကတော့ပြည်တွင်းမှာ စျေးကွက်အေးနေပါတယ်။သကြားကို ပြည်ပတင်ပို့မှာ လျော့ကျတဲ့ အခြေအနေတွေကြောင့် လက်ရှိမှာ ပြည်တွင်းစားသုံးမှုသာရှိလို့ စျေးကအကျမှာရှိနေတာ ဖြစ်ပါတယ်။
ကမ္ဘာ့သကြားစျေးက ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့သကြားစျေးထက် နည်းနေတဲ့အတွက် ပို့ကုန့်သမားတွေမှာ တွက်ခြေမကိုက်တာကြောင့် သကြားကိုပြည်ပမတင်ပို့နိုင်ဘဲ ပြည်တွင်းမှာသာ အဓိကရောင်းချနေရတာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ သကြားတစ်ပိဿာကို ၄၄၀၀ မှ ၄၆၀၀ ကျပ်သာရှိပါတယ်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “ အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သီးနှံဈေးကွက်
အကြောင်းအရာ 2
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026