တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၁.၂၀၂၅)
ပြောင်းက စျေးထပ်တက်ပြီး မတ်ပဲ၊ ပဲစဥ်းငုံက စျေးပြန်ကျသွားပါတယ်။ ဆန်ကတော့ ပြည်တွင်းစားဆန်စျေးမြင့်ပြီး exportဆန်စျေးကျပါတယ်။ ပဲဖတ်ကစျေးမြင့်တက် နေပါတယ်။
ဆန်
ဆန်စျေးကွက်မှာ ပြည်ပတင်ပို့တဲ့ ကရင်မဆန်အပါအဝင် ဆန်အမျိုးအစားတွေအားလုံး စျေးတန်းကျဆင်းပြီး ပြည်တွင်းစားသုံးမှုများတဲ့ ဆန်အမျိုးအစားတွေကတော့ စျေးနှုန်း သိသိသာသာ ကျဆင်းတာမျိုးမရှိသေးပါဘူး။
လက်ရှိ ပြည်တွင်းစားသုံးမှုများတဲ့ ဆန်ကဒေသအလိုက်အမျိုးအစားကွာခြားမှုရှိပြီး ပဲခူးအနောက်ခြမ်းမှာတော့ မှော်ဘီ ၃ ဆန် ၂၄ပြည်တစ်အိတ်ကို ဆန်အဟောင်းက ၈၅၀၀၀ ကျပ်ရှိပြီး ဆန်အသစ်က ၇၅၀၀၀ ကျပ်ဝန်းကျင်ရှိပါတယ်။
ဆန်အမာ အမျိုးအစားတွေကတော့ ၂၄ ပြည် အဟောင်းတစ်အိတ်ကို ၈၈၀၀၀ လောက်ရှိနေပါတယ်။ ရွှေဘိုပေါ်ဆန်းမွှေးဆိုရင် အဟောင်းတစ်အိတ်ကို ၂၀၀၀၀၀ ကျပ်ရှိပါတယ်။
ဧရာပဒေသာဆန်အဟောင်းတစ်အိတ်ကိုဆိုရင် ၁၇၀၀၀၀ ကျပ်ရှိပြီး ဆန်အသစ်က ၁၃၀၀၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။
ပြည်ပတင်ပို့တဲ့ဆန်အမျိုးအစားတွေကတော့ စျေးကျနေတဲ့အပြင် အရောင်းအဝယ်လည်း အေးနေပါတယ်။

ပြောင်း
ပြောင်းကတော့ ဒီတစ်ပတ်မှာလည်း စျေးထပ်တက်လာပါတယ်။ ပြောင်းဆံကို ပြည်ပဝယ်လိုအားများတဲ့အပြင် ထိုင်းကိုပါ အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့တော့မှာဖြစ်လို့ ကုန်သည်တွေဝယ်လိုအားကောင်းပြီး စျေးတက်လာတာဖြစ်ပါတယ်။
ပြည်ပတင်ပို့မှုအတွက် အရည်အသွေးကောင်းတဲ့ ပြောင်းဆံတွေက စျေးကောင်းရနေတာ ဖြစ်ပါတယ်။
အခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံတစ်ပိဿာကို ၁၆၈၀ မှ ၁၇၀၀ကျပ်အထိ ရှိလာပါတယ်။ အရင်အပတ်ကထက် တစ်ပိဿာ ကို ၁၀ ကျပ် ထပ်တက်လာတာဖြစ်ပါတယ်။
မန္တလေးကုန်စည်ဒိုင် စျေးကွက်မှာလည်း စျေးတက်ပါတယ်။ ပြောင်း(ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၃၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)က ၈၅၀၀၀ မှ ၈၆၀၀၀ ကျပ်၊ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၆၀၀၀ ကျပ်စျေးရှိပြီး အရင်တစ်ပတ်ကထက် ၁၀၀၀ မှ ၃၀၀၀ ကျပ်တက်လာပါတယ်။
မတ်ပဲ
အရင်အပတ်က စျေးတန်းအကျရပ်ခဲ့တဲ့ မတ်ပဲက အခုတစ်ပတ်မှာတော့ စျေးပြန်ကျလာပါတယ်။ ရန်ကုန်လှောင်လက်သမားတွေအဝယ်ရှိသလို နယ်လှောင်လက်သမားတွေဝယ်ယူခြင်း၊ ပဲခွက်စက်တွေဝယ်ယူမှုရှိပေမယ့်လည်း ပဲအသစ်တွေစျေးကွက်ထဲဝင်ရောက်ပြီး ပြည်ပစျေးကွက်အေးနေတာကြောင့် စျေးတန်းက အကျဘက်မှာပဲရှိတာဖြစ်တယ်လို့ သိရပါတယ်။ စျေးတန်းပြန်မာလာနိုင်တဲ့ အခြေအနေရှိတယ်လို့ ကုန်သည်အချို့ကတော့ ခန့်မှန်းထားပါတယ်။
အခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၀၃၀၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၁၀၀၀၀ ၊ ကြာသပတေးနေ့မှာ ၃၀၅၅၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၅၃၀၀၀ ကျပ်ရှိပြီး တစ်ပတ်အတွင်းမှာ ၄ သောင်းအတက်အကျရှိခဲ့ပါတယ်။ အရင်အပတ်နဲ့ယှဥ်ရင်တော့ ၃၀၀၀၀ ကနေ ၇၀၀၀၀ လောက် ကျပါတယ်။
မန္တလေးစျေးကွက်မှာလည်း စျေးကျပါတယ်။ မတ်ပဲပိဿာ ၆၀ အသစ်က ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ကျပ်ရှိပြီး ၅၀၀၀ ကျပ်ကျပါတယ်။
ပဲစဥ်းငုံ
အရင်အပတ်ကမှ စျေးပြန်အတက်ပြခဲ့တဲ့ ပဲစဥ်းငုံကအခုအပတ်မှာတော့ စျေးပြန်ကျသွားပါတယ်။
မြန်မာပဲစဥ်းငုံများ အိန္ဒိယနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ လွတ်လပ်စွာတင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ်မတ်လ ၃၁ ရက်အထိ အိန္ဒိယက သက်တမ်းထပ်တိုးခွင့်ပြုလိုက်ပြီးနောက်မှာ ပဲစဥ်းငုံစျေးပြန်တက် လာခဲ့ပေမယ့် လက်ရှိမှာ အိန္ဒိယကဝယ်လိုအားနည်းခြင်း၊ ပြည်တွင်းက လှောင်လက်သမားသာ အဝယ်ရှိခြင်း၊ ပဲအသစ်တွေစျေးကွက်ထဲ ဝင်ရောက်မှုများခြင်း စတဲ့အခြေအနေတွေကြောင့် စျေးတန်းမငြိမ်ဘဲ အကျ ဘက် ပြန်ရောက်လာတာဖြစ်တယ်လို့သိရပါတယ်။
ခုအပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ပဲစဥ်းငုံနီတစ်တန်ကို ၂၉၂၅၀၀၀ ကျပ်၊ အင်္ဂါနေ့က ၂၉၀၀၀၀၀ ကျပ်၊ကြာသပတေးနေ့က ၂၉၇၂၀၀၀ ကျပ်၊ သောကြာနေ့က ၂၉၃၂၀၀၀ ကျပ်ရှိတာကြောင့် တစ်ပတ်အတွင်းမှာ ၇၀၀၀၀ လောက် အတက်အကျရှိခဲ့ပါတယ်။
အရင်တပတ်နဲ့ယှဥ်ရင်လည်း အနိမ့်ဆုံး ၇၀၀၀၀ မှ ၁၃၀၀၀၀ အထိကျပါတယ်။
မန္တလေးစျေးကွက်မှာတော့ ခုတစ်ပတ်မှာ ပဲစဥ်းငုံနီကို ပိဿာ ၆၀ကို ၂၇၅၀၀၀ မှ ၂၇၈၀၀၀ကျပ်ရှိပြီး အရင်အပတ်ကထက် ၁၀၀၀၀ ကျပ်ကျပါတယ်။
ပဲဖတ်
ပြည်တွင်းမွေးမြူရေးအစာစျေးကွက်မှာ ပဲဖတ်ကိုဝယ်လိုအားကောင်းတဲ့အပြင် နှမ်းဖတ်ချဥ်အဖြစ် ထုတ်လုပ်ရောင်းချရာမှာလည်း စားသုံးသူစျေးကွက်ကောင်းတာကြောင့် မြေပဲဖတ်စျေးက အမြင့်စျေးတန်းမှာပဲရှိနေတယ်လို့ သိရပါတယ်။
ပဲဖတ်ကို ငါးမွေးမြူရေးလုပ်ငန်း၊ ဝက်မွေးမြူရေး အစာတွေထဲမှာရောစပ်သုံးကြတာဖြစ်ပါတယ်။
စားသုံးမှုအနေနဲ့ နှမ်းဖတ်ချဥ်အဖြစ် လုပ်ရောင်းကြပါတယ်။ လက်ရှိမှာပဲဖတ်က ဝယ်လို အားကောင်းနေတာကြောင့်စျေးတက်နေတာဖြစ်ပါတယ်။
မန္တလေးစျေးကွက်မှာ ပဲဖတ် ၁ ပိဿာကို ၆၀၀၀ မှ ၆၅၀၀ ကျပ်ရှိပြီး မကွေးစျေးကွက်မှာ ၆၇၀၀ ကျပ်ဝန်းကျင်စျေးပေါက်နေတယ်လို့သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆုမြတ်နိုး
လွန်ခဲ့သော ၁ နှစ် ကသီးနှံဈေးနှုန်းကဏ္ဍမှာ နေ့စဉ်တင်ပေးနေပါတယ်နော်
ကျား
လွန်ခဲ့သော ၁ နှစ် ကဆန်စပါးစျေနှုန်းလေးနေ့တိုင်းတင်ပေးပါခဗျာ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026