တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် ( ၁၃ - ၁၇. ၁. ၂၀၂၅)
ဒီတစ်ပတ်မှာတော့ ပြောင်း၊ မတ်ပဲ၊ ပဲစဥ်းငုံက စျေးတွေထပ်ကျပြီး နှမ်းစျေးကွက်အေးနေပါတယ်။
မတ်ပဲ
ဒီတစ်ပတ်မှာ စျေးက ထပ်မံကျဆင်းပြီး တစ်တန်ကို ၁၈၀၀၀၀ ကျပ်လောက် စျေးကျသွားပါတယ်။
အိန္ဒိယမှာလည်း မတ်ပဲကစျေးကျပြီး မြန်မာကနေလည်းပဲအဝယ်အေးတဲ့အပြင် မြန်မာမှာလည်း မတ်ပဲအသစ်တွေ စျေးကွက်ထဲဝင်ရောက်မှုရှိနေတာကြောင့်လည်း စျေးကျနေ တာဖြစ်ပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ၃၀၁၀၀၀၀၀ ကျပ်စျေးတန်း သာရှိပါတယ်။ အရင်အပတ်က တစ်တန်ကို ၃၁၉၅၀၀၀ ကျပ်ရှိခဲ့ ပါတယ်။
မန္တလေးစျေးကွက်မှာတော့ မတ်ပဲပိဿာ ၆၀ အသစ်က ၂၅၀၀၀၀ မှ ကျပ်ရှိသာပါတယ်။ နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ ပြည်ကုန်စည်ဒိုင်နဲ့ဟင်္သာတကုန်စည်ဒိုင်တွေမှာတော့ပိဿာ ၂၀ ကို ၉၀၀၀၀ ကျပ်ကျော်သာရှိပါတယ်။

ပဲစဥ်းငုံ
ပဲစဥ်းငုံကလည်း ဒီတစ်ပတ်မှာ တစ်တန်ကို ၁၅၀၀၀၀ ကျပ်လောက် စျေးထပ်ကျလာပါတယ်။
ပြည်တွင်းမှာပဲအသစ်တွေပေါ်နေတဲ့အပြင် အိန္ဒိယကလည်း ပဲအဝယ်အေးနေတာကြောင့် ပဲစဥ်းငုံက စျေးကျဆင်းနေတာဖြစ်ပါတယ်။
ဒီတစ်ပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန် ကို ၂၉၂၀၀၀၀ ကျပ်သာရှိပါတယ်။ အရင်အပတ်ကတစ်တန်ကို ၃၀၇၅၀၀၀ကျပ်ရှိပါတယ်။
၂ လ ကျော်ကြာ ဈေးမဖွင့်တဲ့ မန္တလေးစျေးကွက်မှာတော့ ပဲစဥ်းငုံနီကို ပိဿာ ၆၀ ကို၂၇၅၀၀၀ မှ ၂၇၄၀၀၀ ကျပ်စျေးဖွင့်ထားတာ တွေ့ရပါတယ်။
ပြောင်း
ပြောင်းကတော့ အခုတစ်ပတ်မှာလည်း စျေးအနည်းငယ် ကျရိပ်ပြလာပါတယ်။
ပြောင်းဆံကို အိန္ဒိယအပါအဝင် ပြည်ပနိုင်ငံအချို့ကဝယ်လိုအားရှိပေမယ့်လည်း စျေးကတော့ အရင်အပတ်မှာလည်း တစ်ပိဿာကို ၁၀ ကျပ် ကျခဲ့သလိုအခုအပတ်မှာလည်း ၁၀ ကျပ် ထပ်ပြီးကျဆင်းပါတယ်။
စျေးကျပေမယ့် ပြည်တွင်းအစာစပ်စက်ရုံတွေကလည်းပုံမှန်အဝယ်ရှိနေနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၆၄၀ မှ ၁၆၆၀ ကျပ်ရှိ ပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာတော့ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၇၉၀၀၀ မှ ၈၀၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၁၀၀၀ မှ ၈၂၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်အပတ်ကထက် ၁၀၀၀ မှ ၃၀၀၀ ကျပ်ထပ်ကျလာပါတယ်။
နှမ်းမျိုးစုံ
ဒီတစ်ပတ်မှာ စမုံ နှမ်းနက်ကစျေးကျရိပ်ပြပြီး နှမ်းဖြူက စျေးတက်လာကာ နှမ်းညိုက စျေးငြိမ်နေပါတယ်။
မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှာ နှမ်းဖြူက ဆောင်းနှမ်းအဝင်နည်းခြင်း၊ လုပ်ငန်းသမားအဝယ် ပုံမှန်ရှိခြင်းကြောင့် စျေးတက်လာပါတယ်။
နှမ်းညိုက အသစ်အဝင် နည်းခြင်း၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် အရင်အပတ် ကစျေးအတိုင်းငြိမ်နေတာဖြစ်ပါတယ်။
နှမ်းနက် (စမုံ)ကတော့ အရည်အသွေး ပေါ်လိုက်ပြီး လုပ်ငန်းသမားနဲ့ တရုတ်ဝယ်လက်အဝယ်နည်းလို့ စျေးကျရိပ်ပြလာတာဖြစ်ပါတယ်။
စမုံ နှမ်းနက်သုံးတင်းတစ်အိတ်ကို ၆၂၀၀၀၀ မှ ၆၉၀၀၀၀ ကျပ်အတွင်းရှိလို့ အရင်အပတ်ကထက် ၁၅၀၀၀ ကျပ်လောက်ကျလာပါတယ်။နှမ်းညိုကတစ်အိတ်ကို ၃၀၅၀၀၀ မှ ၃၁၀၀၀၀ ကျပ်နဲ့ စျေးငြိမ် ပါ တယ်။
နှမ်းဖြူဗမာက တစ်အိတ်ကို ၃၅၀၀၀၀ မှ ၃၆၀၀၀၀ ကျပ်ရှိလို့ အရင်အပတ်ကထက် ၁၀၀၀၀ ကျပ်တက်လာပါတယ်။နှမ်းဖြူ ဂျပန်ကစျေးဖွင့်ထားခြင်းမရှိပါဘူး။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Kyaw Min Thu
လွန်ခဲ့သော ၁ နှစ် ကစျေးကွက်သတင်းစောင့်မျော်နေပါတယ် 👍👍👍👍
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026