အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရှမ်းတောင်တွင် ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွ ဈေးကွက် အကျဘက်သို့ရောက်

ရှမ်းတောင်တွင် ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွ ဈေးကွက် အကျဘက်သို့ရောက်

AMIA
AMIA • 05/06/2026

ရှမ်းပြည်နယ်တောင်ပိုင်း ကုန်စိမ်းဈေးကွက်တွင် ယခုဇွန်လဆန်းမှစတင်ကာ ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွ ဈေးကွက်မှာ အကျဘက်သို့ ရောက်ရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် မိုးရာသီ ရောက်ရှိလာပြီဖြစ်သည်နှင့်အညီ ကုန်စည်ဈေးကွက်အတွင်းသို့ ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွများ ဝင်ရောက်မှု များပြားလာခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတဘဲ ဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်သည်။

"ဘိုစားပဲ၊ ရွှေပဲနဲ့ ငရုတ်ပွက ဇွန် ၂ ရက်ကစပြီး ဈေးကျလာတာပါ။ ဈေးကျတဲ့အထဲမှာ ရွှေပဲက ပိုပြီးဈေးကျ တာကို တွေ့ရပါတယ်" ဟု ရှမ်းတောင်ကုန်စိမ်းပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

ဇွန်လ ၂ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ကုန်စိမ်းဈေးကွက်တွင် ဘိုစားပဲ (အစိမ်းမျိုး) တစ်ပိဿာလျှင် ၄,၃၀၀ ကျပ်နှင့် ဘိုစားပဲ (အပြားမျိုး) အသန့်တစ်ပိဿာလျှင် ၃,၀၀၀ ကျပ်သာ ရှိတော့သည်။

ရွှေပဲ (ရှယ်စ) တစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ်နှင့် ရွှေပဲ (အလတ်စ) တစ်ပိဿာလျှင် ၈,၀၀၀ ကျပ်သာရှိပြီး ငရုတ်ပွ (ရှယ်စ) မှာ ၂,၅၀၀ ကျပ် နှင့် ငရုတ်ပွ (အလတ်စ) မှာ ၂,၀၀၀ ကျပ်သာ ဈေးရှိတော့ကြောင်း သိရသည်။ 

မေလအတွင်း ဖြစ်ပေါ်ခဲ့သည့် ဈေးကွက်နှင့် နှိုင်းယှဉ်ပါက ဘိုစားပဲမှာ အမျိုးအစားအလိုက် တစ်ပိဿာလျှင် ၇၀၀ ကျပ်မှ ၁,၀၀၀ ကျပ်အထိ ဈေးကျဆင်းသွားပြီး ရွှေပဲမှာ ၃,၀၀၀ ကျပ်မှ ၆,၀၀၀ ကျပ်အတွင်း၊ ငရုတ်ပွမှာ ၅၀၀ ကျပ်မှ ၇၀၀ ကျပ်အတွင်း ဈေးနှုန်းများ အသီးသီး ကျဆင်း သွားခြင်း ဖြစ်သည်။

"ငရုတ်ပွဆိုရင် ဒိုင်တွေ ပြန်ရောင်းတာ မှ ၂,၀၀၀ ကျပ်၊ ၂,၅၀၀ ကျပ်ဆိုတော့ တောင်သူရောင်းဈေးက ၁,၀၀၀ ကျပ် သာသာလောက်ပဲ ရမယ်။ ဈေးက ရှေ့လျှောက် ထပ်တောင်ကျဦးမယ်လို့ ခန့်မှန်းတယ်" ဟု ကုန်စိမ်းရောင်းချသူတစ်ဦးက ပြောသည်။

ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွ ကုန်စိမ်းသီးနှံများသည် ရှမ်းပြည်နယ်တောင်ပိုင်းတွင်သာ အများဆုံး စိုက်ပျိုး ထွက်ရှိခြင်းဖြစ်ပြီး ကုန်စိမ်းသီးနှံသဘာဝအရ ရက်ကြာပါက ပျက်စီးလွယ်သည့်အတွက် ပစ္စည်းအဝင် များပြီး ဝယ်လိုအားနည်းပါက ဈေးကျလေ့ရှိကြောင်း သိရသည်။

မေလတုန်းက ရှမ်းတောင်ကုန်စိမ်းဈေးကွက်တွင် ဘိုစားပဲ (အစိမ်းမျိုး) တစ်ပိဿာလျှင် ၅,၀၀၀ ကျပ်နှင့် ဘိုစားပဲ (အပြားမျိုး) အသန့်တစ်ပိဿာလျှင် ၄,၀၀၀ ကျပ် ရှိခဲ့သည်။ရွှေပဲ (ရှယ်စ) တစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ်နှင့် ရွှေပဲ (အလတ်စ) တစ်ပိဿာလျှင် ၁၄,၀၀၀ ကျပ် ရှိခဲ့ပြီး၊ ငရုတ်ပွ (ရှယ်စ) လျှင် ၃,၀၀၀ ကျပ်နှင့် ငရုတ်ပွ (အလတ်စ) လျှင် ၂,၇၀၀ ကျပ် ဈေးရှိခဲ့ကြောင်း သိရသည်။

ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွ ကုန်စိမ်းသီးနှံများသည် အိမ်သုံးအစားနည်းပြီး စားသောက်ဆိုင်နှင့် ထမင်းဆိုင်များတွင်သာ အဓိက အများဆုံး အသုံးပြုကြခြင်းဖြစ်ကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။