တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၂ - ၆.၆. ၂၀၂၅)
ပဲစဥ်းငုံ စျေးအကျကြမ်းသလို မတ်ပဲလည်းအနည်းငယ်ထပ်ကျပါတယ်။ ပြောင်းစျေးကတက်လာပြီး ပဲကြီးလည်းတက်လာပါတယ်။
မတ်ပဲ
မတ်ပဲကတော့ အခုတစ်ပတ်မှာလည်း စျေးတန်းအနည်းငယ်ထပ်ကျလာတာ တွေ့ရပါတယ်။ တစ်တန်ကို ၂၀၀၀၀ လောက်ထပ်ကျတာဖြစ်ပြီး နယ်စျေးကွက်မှာလည်း မတ်ပဲပိဿာ ၂၀ တစ်တင်းကို ၉၅၅၀၀ ဝန်းကျင်နဲ့ ၅၀၀ ကျပ်လောက်ထပ်ကျ လာပါတယ်။
မတ်ပဲကို အိန္ဒိယနိုင်ငံက ဝယ်လိုအားရှိပေမယ့် အ၀ယ်နည်းတဲ့အပြင် စျေးကွက်လည်းအေးနေတာကြောင့် မတ်ပဲစျေးအကျဘက်မှာသာရှိနေတာဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၂၉၇၅၀၀၀ မှ ၃၀၁၀၀၀၀ ကျပ်အတွင်းစျေးတန်းရှိခဲ့ပါတယ်။
အရင်အပတ်မှာတော့ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို၂၉၉၅၀၀၀ မှ ၃၀၂၀၀၀၀ ကျပ် ရှိခဲ့တာကြောင့် အခုတစ်ပတ်အတွင်းမှာ တစ်တန်ကိုမှ ၁၀၀၀၀ မှ ၂၀၀၀၀ ကျပ် ဝန်းကျင်စျေးထပ်ကျပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ စျေးအကျကြမ်းလာပြီး တစ်တန်ကိုအများဆုံး ၁၀၀၀၀၀ ကျော် လောက်အထိကို ထပ်ကျလာတာဖြစ်ပါတယ်။ စျေးကျဆင်းမှုနဲ့အတူ ပြည်တွင်းစျေးကွက်မှာလည်း ပဲစဥ်းငုံ ဝယ်လိုအားနည်းနေပါတယ်။
ပြည်ပဝယ်လက်အိန္ဒိယက ဝယ်လိုအားနည်းပြီး စျေးကွက်အေးတာကြောင့် ဖြစ်ပါတယ်။ မတ်ပဲနဲ့ပဲစဥ်းငုံက အိန္ဒိယရဲ့ ဝယ်လိုအားပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ် ၂၇၁၅၀၀၀ မှ ၂၇၆၆၀၀၀ ကျပ်အတွင်းသာ စျေးတန်းရှိခဲ့ပါတယ်။
အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်မှာတော့ ပဲစင်းငုံနီတစ်တန်ကို ၂၈၂၆၀၀၀ မှ ၂၈၇၃၀၀၀ ကျပ် အတွင်းစျေးတန်းဖြစ်ပေါ်ခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်တန်ကို ၁ သိန်းကျော် လောက်ထပ်ပြီး စျေးကျလာပါတယ်။

ပြောင်းဆံ
ပြောင်းဆံကတော့ လက်ရှိပြည်တွင်းမှာ ဝယ်လိုအားများလာပြီး ပြောင်းလက်ကျန်နည်းလာတဲ့အခြေအနေတွေကြောင့် စျေးတန်းမြင့်တက်လာပါတယ်။ ပြည်ပကို ပြောင်းဆံတင်ပို့ဖို့အတွက် ပြောင်းလိုအပ်ချက်ရှိနေတဲ့အတွက် ကုန်သည်တွေက ပြောင်းကို စျေးပေးပြီးဝယ်ယူနေတာကြောင့် စျေးမြင့်တက်လာတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၇၃၀ မှ ၁၇၅၀ ကျပ်ရှိလာပါတယ်။ တောင်ကြီး အေးသာယာမှာတော့ ပြောင်းတစ်ပိဿာကို ၁၅၅၀ ဝန်းကျင်နဲ့ မန္တလေးမှာ တစ်ပိဿာကို ၁၆၀၀ ဝန်းကျင်အထိရှိလာပါတယ်။
ပဲကြီး
ပဲကြီးက ယခုအပတ်မှာ စျေးတန်းမြင့်တက်လာပါတယ်။ ပဲကြီးက အဓိကပြည်တွင်းစားသုံးမှုများတဲ့ ပဲတစ်မျိုးဖြစ်တာကြောင့် ပြည်တွင်းစားသုံးမှုနဲ့ ဝယ်လိုအား၊ ပစ္စည်းလက်ကျန်အနည်း အများပေါ်လိုက်ပြီး စျေးပြောင်းလဲမှုရှိနေတာဖြစ်ပါတယ်။
လက်ရှိမှာ ပဲကြီးကို လုပ်ငန်းသုံးသမား၊ လက်လီသမားတွေအဝယ်ပုံရှိနေတာကြောင့် စျေးတက်လာတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲကြီး (ကုန်း) တစ်ပိဿာကို ၄၀၈၅ ကျပ်မှ ၄၄၃၅ ကျပ်ရှိပြီး ပဲကြီး (ရွှေကျွန်း)တစ်ပိဿာကို ၅၁၃၀ မှ ၆၁၉၅ ကျပ် ရှိပါတယ်။
မန္တလေးစျေးကွက်မှာ ပဲကြီး (ကြီး ) က ၅၅.၂၅ ပိဿာကို ၃၀၀၀၀၀ ကျပ်မှ ၃၁၀၀၀၀ ကျပ်၊ပဲကြီး (လတ်) ၂၆၅၀၀၀ မှ ၂၇၀၀၀၀ ကျပ်၊ ပဲကြီး (သေး)က ၂၃၀၀၀၀ မှ ၂၄၀၀၀၀ ကျပ်စျေးရှိတယ်လို့သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026