သီးနှံဈေးကွက်သုံးသပ်ချက် (၉ -၁၃.၆.၂၀၂၅)
ပဲကြီး၊ ပဲတီစိမ်း၊ ပြောင်းဆံ စျေးတက်လာပြီး မတ်ပဲနဲ့ ပဲစဥ်းငုံစျေးကျပါတယ်။
ပြောင်းဆံ
ပြောင်းဆံကတော့ အခုတစ်ပတ်မှာလည်း စျေးထပ်တက်လာပါတယ်။ ပြည်ပကို ပြောင်းဆံတင်ပို့ဖို့အတွက် ပြောင်းလိုအပ်ချက်ရှိနေတဲ့အတွက် ကုန်သည်တွေက စျေးပေးပြီးဝယ်ယူနေတာကြောင့် ပြောင်း စျေးမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။
ဝယ်လိုအားများချိန်မှာ ပြည်တွင်းမှာ ပြောင်းလက်ကျန်နည်းလာတဲ့ အခြေအနေတွေကြောင့်လည်း စျေးတန်းမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၇၅၀ မှ ၁၇၇၀ ကျပ်ရှိလာပါတယ်။ မန္တလေးမှာ ပြောင်း (ဗမာ) ၈၄၀၀၀ မှ ၈၅၀၀၀ ကျပ်၊ ပြောင်း ( ရှမ်း) က ၈၆၀၀၀ မှ ၈၇၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၈၇၅၀၀ မှ ၈၈၀၀၀ ကျပ်ရှိပါတယ်။
ပဲကြီး
ပဲကြီးက ယခုတစ်ပတ်မှာလည်း စျေးထပ်မံမြင့်တက်လာပါတယ်။ ပဲကြီးက ပြည်တွင်းစားသုံးမှုများတဲ့ ပဲတမျိုးဖြစ်တာကြောင့် ပြည်တွင်းစားသုံးမှုနဲ့ ဝယ်လိုအား၊ ပစ္စည်းလက်ကျန်အနည်း အများပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲကြီး (ကုန်း) တစ်ပိဿာကို ၄၀၈၅ ကျပ်မှ ၄၄၃၅ ကျပ်ရှိပြီး ပဲကြီး (ရွှေကျွန်း)တစ်ပိဿာကို ၅၁၃၀ မှ ၆၅၅၀ ကျပ် ရှိပါတယ်။
မန္တလေးစျေးကွက်မှာ ပဲကြီး (ကြီး ) က ၅၅.၂၅ ပိဿာကို ၃၂၀၀၀၀ ကျပ်မှ ၃၂၅၀၀၀ ကျပ်၊ ပဲကြီး (လတ်) ၃၀၀၀၀၀ မှ ၃၁၅၀၀၀ ကျပ်၊ပဲကြီး (သေး)က ၂၆၀၀၀၀ မှ ၂၇၀၀၀၀ ကျပ်စျေးရှိပါတယ်။ တစ်အိတ်ကို ၂၀၀၀၀ မှ ၄၅၀၀၀ ကျပ်အထိ မြင့်တက်လာတာပါ။
ပဲတီစိမ်း
ပဲတီစိမ်းက ဒီတစ်ပတ်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါ၊ ဝါးခယ်မက စျေးပြန်တက်လာပြီး ပဲတီစိမ်း အညာကတော့ စျေးငြိမ်နေ ပါတယ်။ ပဲတီစိမ်းကတော့ ဆက်တိုက်တက်လာပြီး အတက်စျေးတန်းမှာပဲ စျေးကျလိုက် ပြန်တက်လိုက်နဲ့ စျေးကွက်ကစားနေတာတွေ့ရပါတယ်။
ပဲတီစိမ်းက ပြည်တွင်းမှာလက်ကျန်နည်းနေပြီး ဝယ်လိုအားကောင်းနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်းနဲ့ ပဲခူးရွှေဝါက တစ်ပိဿာကို ၇၃၃၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်တက်လာပါတယ်။
ပဲတီစိမ်း ဝါးခယ်မကလည်း ၆၂၅၀ မှ ၆၂၇၀ ကျပ်ရှိပြီး တစ်ပိဿာကို ၈၅ ကျပ်တက်လာပါတယ်။ပဲတီစိမ်း အညာကတော့ အရင်တပတ်ကအတိုင်း တစ်ပိဿာကို ၆၅၀၀ မှ ၆၅၂၀ ကျပ်ရှိပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း တစ်တန်ကို ၃၀၀၀၀ လောက်ထပ်ကျလာတာတွေ့ရ ပါတယ်။ နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၉၄၅၀၀ ဝန်းကျင်သာရှိပြီး ၁၀၀၀ ကျပ်လောက်ထပ် ကျလာပါတယ်။
မတ်ပဲကို ပြည်ပဝယ်လိုအားနည်း တဲ့အပြင် စျေးကွက်လည်းအေးနေတာကြောင့် စျေးက အကျဘက်ရောက်နေတာဖြစ်တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံကသာ မတ်ပဲလိုအပ်ချက်များပြီး မြန်မာကနေဝယ်ယူမှုအားကောင်းမှသာ စျေးကွက်မြင့်တက်လာနိုင်တယ်လို့သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာ ကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၂၉၄၀၀၀၀ မှ ၂၉၈၁၀၀၀ ကျပ်အတွင်းသာစျေးတန်းရှိခဲ့ပါတယ်။
အရင်အပတ်မှာတော့ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၉၇၅၀၀၀ မှ ၃၀၁၀၀၀၀ ကျပ်အတွင်းစျေးတန်းရှိခဲ့တာကြောင့် ခုတစ်ပတ်အတွင်းမှာ တစ်တန်ကိုမှ ၃၀၀၀၀ လောက်စျေးထပ်ကျပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ ထပ်ပြီး စျေးကျရိပ်ပြတာတွေ့ရပါတယ်။ တစ်တန်ကို ၆၀၀၀ ကနေ ၃၀၀၀၀ လောက်ကျလာတာ ဖြစ်ပါတယ်။ ပဲစင်းငုံ စျေးကျသလို ပြည်တွင်းစျေးကွက်မှာလည်း ပဲဝယ်လိုအားနည်းနေပါတယ်။ ပြည်ပဝယ်လက်အိန္ဒိယက ဝယ်လိုအားနည်းနေတယ်လို့သိရပါတယ်။ ဒါကြောင့် ပဲစင်းငုံစျေးကွက်ပျက်ပြီး ဆက်တိုက်ကျနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ် ၂၆၈၇၀၀၀ မှ ၂၇၆၀၀၀၀ ကျပ်အတွင်းသာ စျေးတန်းရှိခဲ့ပါတယ်။
အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာတော့ ပဲစင်းငုံနီတစ်တန်ကို ၂၇၁၅၀၀၀ မှ ၂၇၆၆၀၀၀ ကျပ်အတွင်းသာ စျေးတန်းရှိခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်တန်ကို ၆၀၀၀ ကနေ ၂၀၀၀၀ လောက်အထိ စျေးကျပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026