အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၁၆ - ၂၀.၆.၂၀၂၅)

တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၁၆ - ၂၀.၆.၂၀၂၅)

AMIA
AMIA • 23/06/2025

မတ်ပဲနဲ့ ပဲစဥ်းငုံ စျေးပြန်တက်လာသလို ပြောင်း၊ ပဲကြီး ၊ အာလူးလည်း စျေးတက်ပါတယ်။

မတ်ပဲ

မတ်ပဲကတော့   ခုတစ်ပတ်မှာ စျေးပြန်တက်လာပြီး တစ်တန်ကို သိန်း ၃၀ ကျော်အထိ ပြန်ဖြစ်လာပါတယ်။ အရင်အပတ်ကနဲ့ နှိုင်းယှဉ်ရင်  တစ်တန်ကို ၉၀၀၀၀ လောက်အထိ တက်လာတာပါ။  နယ်စျေးကွက်မှာလည်း  မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၉၈၀၀၀ ရှိလာပါတယ်။

အိန္ဒိယမှာ ပဲအဝင်နည်းတဲ့ အခြေအနေကြောင့် ပြည်တွင်းမတ်ပဲစျေးလည်း ပြန်တက်လာတာဖြစ်တယ်လို့ ကုန်သည်တွေက သုံးသပ်နေကြပါတယ်။ နှစ်စဥ် မတ်ပဲစျေးကွက် အတက်ပြတဲ့ အချိန်တွေ က ဇူလိုင်ကနေ ဩဂုတ်လ တွေဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၂၉၅၈၀၀၀ မှ ၃၀၃၀၀၀၀ ကျပ်အတွင်းစျေးတန်း ရှိခဲ့ပါတယ်။

အရင်အပတ်မှာတော့ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၂၉၄၀၀၀၀ မှ၂၉၈၁၀၀၀ ကျပ်အတွင်းစျေးတန်းရှိခဲ့တာကြောင့် အခုတစ်ပတ်အတွင်းမှာ တစ်တန်ကိုမှ  ၅၀၀၀၀လောက် စျေးတက်ပါတယ်။

ပဲစင်းငုံ

စျေးဆက်တိုက်ကျဆင်းခဲ့တဲ့  ပဲစင်းငုံကလည်း မတ်ပဲနဲ့အတူ  အခုတစ်ပတ်မှာ စျေးပြန်တက်လာပါတယ်။ တစ်တန်ကို ၇၀၀၀၀ လောက်တက်လာတာ ဖြစ်ပါတယ်။ 

မတ်ပဲနည်းတူ အိန္ဒိယမှာ ပဲစဥ်းငုံအဝင်နည်းတာကြောင့် စျေးတက်လာတာဖြစ် တယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ်  ၂၇၁၅၀၀၀ မှ ၂၈၃၅၀၀၀ ကျပ်အတွင်း စျေးတန်းရှိခဲ့ပါတယ်။

အရင်အပတ်တုန်းက တနင်္လာကနေသောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာတော့  ပဲစင်းငုံနီတစ်တန်ကို  ကျပ်  ၂၆၈၇၀၀၀ မှ ၂၇၆၀၀၀၀ ကျပ်အတွင်း စျေးတန်းရှိခဲ့တာကြောင့်  အခုတစ်ပတ်မှာတော့  တစ်တန်ကို ၇၀၀၀၀ လောက် စျေးတက်လာပါတယ်။

ပြောင်းဆံ

ပြောင်းဆံကလည်း မန္တလေးစျေးကွက်မှာ ထပ်တက်လာပြီး ရန်ကုန်မှာက  စျေးထပ်တက်မလာပေမယ့် အရင်တပတ်ကဖြစ်ပေါ်ခဲ့တဲ့အတက်စျေးတန်းမှာပဲ ငြိမ်နေတာ တွေ့ရပါတယ်။

ပြောင်းက လက်ကျန်နည်းနေပြီး ပြည်ပ ပြောင်းတင်ပို့ဖို့အတွက် လိုအပ်ချက်ရှိနေတဲ့အတွက် ကုန်သည်တွေက စျေးပေးပြီးဝယ်ယူနေတာကြောင့် စျေးတန်းက အတက်မှာပဲ ရှိနေတာဖြစ် ပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၇၅၀ မှ ၁၇၇၀ ကျပ်ရှိပါတယ်။

မန္တလေးမှာ ပြောင်း (ဗမာ)  ၈၆၀၀၀ မှ ၈၇၀၀၀ ကျပ်၊ ပြောင်း ( ရှမ်း) က ၈၉၀၀၀ မှ ၉၀၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၈၉၀၀၀ မှ ၉၀၀၀၀ ကျပ်ရှိလာပါတယ်။

ပဲကြီး

ပဲကြီးက မန္တလေးစျေးကွက်မှာ တက်လာပြီး ရန်ကုန်စျေးကွက်မှာ   အတက်စျေးနဲ့ ငြိမ်နေပါတယ်။ လက်ရှိမှာ ပဲကြီးက လက်ကျန်နည်းခြင်း၊ ပြည်တွင်းစားသုံးမှုများပြီး ပဲခွဲစက်တွေက အဝယ်ရှိနေတာကြောင့် မန္တလေးမှာ ပဲကြီးကစျေးထပ်တက်လာတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲကြီး (ကုန်း) တစ်ပိဿာကို ၄၀၈၅ ကျပ်မှ ၄၆၁၀ ကျပ်ရှိပြီး  ပဲကြီး (ရွှေကျွန်း)တစ်ပိဿာကို ၅၁၃၀ မှ ၆၅၅၀ ကျပ်နဲ့ ငြိမ်နေတာပါ။

မန္တလေးစျေးကွက်မှာ ပဲကြီး (ကြီး) က ၅၅.၂၅ ပိဿာကို ၃၃၀၀၀၀ ကျပ်မှ ၃၃၅၀၀၀ ကျပ်၊ ပဲကြီး (လတ်) ၃၀၀၀၀၀ မှ ၃၁၀၀၀၀ ကျပ်၊ ပဲကြီး (သေး)က ၂၇၀၀၀၀ မှ ၂၈၀၀၀၀ ကျပ်စျေးရှိလာပါတယ်။

အာလူး

အာလူးက အဝယ်လိုက်လာတာကြောင့် အခုလထဲမှာ စျေးအနည်းငယ် တက်လာတယ်လို့ သိရပါတယ်။ ဒေသထွက်ရှမ်းအာလူးရော တရုတ် အာလူးတွေပါ စျေးတက်လာတာပါ။ လက်လီစျေးကွက်မှာဆိုရင် အာလူး အသေးအကြီး အရော တစ်ပိဿာကို ၇၀၀၀ ကျပ်အထိ ပင်ရှိနေပါတယ်။

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ တရုတ်အာလူး တစ်ပိဿာကို ၃၃၀၀ မှ ၃၅၀၀ ကျပ်ရှိပြီး ဟဲဟိုး A1 က ၂၆၀၀ ကျပ်၊ ဟဲဟိုး S1 နဲ့ Ok က ၃၀၀၀ ကျပ်၊ ဟဲဟိုး S2 က ၂၆၀၀ မှ ၂၈၀၀ ကျပ်ရှိပါတယ်။

ရှမ်းပြည်နယ် ‌အောင်ပန်းကုန်စိမ်းစျေးကွက်မှာ လက်ရှိဇွန် ၁၈ ရက်မှာ  မားကစ် S2 / S1 က ၅၀၀၀ ကျပ်၊ မျက်နီ S2 / S1 က ၄၅၀၀ ကျပ် ၊ မျက်နီ S1/ OK က ၄၀၀၀  ကျပ်၊ မျက်နီ OK က  ၃၈၀၀ ကျပ်၊ ဒေသ A1 က  ၃၀၀၀ ကျပ်၊ ဒေသ A1ဆွဲ ၃၀၀၀ ကျပ် ရှိပြီး ဂေါ်လီဆိုဒ် ၂၈၀၀ ကျပ် ရှိတယ်လို့ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

1
မောင်နိုင်လင်းထွန်း

မောင်နိုင်လင်းထွန်း

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးအရမ်းတင်ပါတယ်ဗျာ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။