အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် (၃ - ၇.၃ ၂၀၂၅)

တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် (၃ - ၇.၃ ၂၀၂၅)

AMIA
AMIA • 10/03/2025

ဆန်စပါး

ဆန် စပါးစျေးကွက်ကတော့ စျေးကျနေဆဲဖြစ်ပါတယ်။ ပြည်ပတင်ပို့နေတဲ့ ဧည့်မထ၊ ငစိန်ဆန်ကြမ်းအုပ်စုဝင်ဆန်တွေနဲ့  ပြည်တွင်းစားသုံးတဲ့ဆန်အမျိုးအစားတွေ စျေးကျလာတာဖြစ်ပါတယ်။ ဆန် ၂၄ ပြည်တစ်အိတ်ကို ၅၀၀၀ ကနေ ၁၀၀၀၀ အကြားစျေးကျလာတာဖြစ်ပါတယ်။

ကျန်တဲ့ မကွေးတိုင်းကထွက်တဲ့ ဧရာပဒေသာ၊ ဧရာမင်းနဲ့ စစ်ကိုင်းထွက်ရွှေဘိုပေါ်ဆန်းဆန် အမျိုးအစားတွေကတော့စျေးကျတာမရှိပါဘူး။

စပါးစျေးကလည်း ယခုနှစ်မိုးစပါးအသစ်က တင်း ၁၀၀ ကို သိန်း ၂၀ ကျပ်အောက်အထိစျေးကျနေပါတယ်။ နွေစပါးစျေးကွက်ကလည်း တင်း ၁၀၀ ကို ၁၃ သိန်းခွဲကနေ ၁၅ သိန်းခွဲလောက်အထိသာ ရှိနေတယ်လို့သိရပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ယခုတစ်ပတ်မှာ တစ်တန်ကိုကျပ် သိန်း ၃၀ ကျော်အထိ ဈေးတန်းတက်လာပါတယ်။

အိန္ဒိယကို အခွန်ကင်းလွတ်ခွင့်နဲ့ မတ်ပဲ တင်သွင်းခွင့်က မတ်လကုန်ရင် သက်တမ်းကုန်မှာဖြစ်လို့ ကုန်သည်တွေကအခြေအနေကိုစောင့်ကြည့်ပြီး မတ်ပဲဝယ်ယူနေကြ ပါတယ်။

မတ်ပဲအသစ်တွေလည်း စျေးကွက်ထဲဝင်ရောက်မှုများနေလို့ စျေးကွက်အေးနေတာဖြစ်ပါတယ်။ 

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၀၀၅၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၁၀၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၄၇၀၀၀ ကျပ်၊ ကြာသပတေးနေ့မှာ ၃၀၅၇၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၄၈၀၀၀ ကျပ်ရှိပါတယ်။ တစ်တန်ကို  ၄၀၀၀၀ ကျော်လောက်ထပ်အတက်ပြလာပါတယ်။

မန္တလေးဈေးကွက်မှာ မတ်ပဲ ပိဿာ ၆၀ကို ၂၇၀၀၀၀ မှ ၂၇၈၀၀၀ ကျပ်ရှိပါတယ်။

ပဲစဉ်းငုံ

ပဲစဉ်းငုံကလည်း အခုအပတ်မှာ ဈေးတန်းပြန်တက်လာတာတွေ့ရပါတယ်။ တစ်တန်ကို အမြင့်ဆုံး ၃၀၅၅၀၀၀ ကျပ်အထိရှိခဲ့တာဖြစ်ပါတယ်။

​ပဲစဉ်းငုံကို အိန္ဒိယက အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုထားတဲ့အတွက် စျေးတန်းက ဒီထက်အများကြီးကျဆင်းနိုင်မယ့်အခြေအနေတော့မရှိနိုင်ဘူးလို့ ခန့်မှန်းထားကြပါတယ်။ 

ပြည်တွင်းမှာတော့ လှောင်လက်သမားတွေအဝယ်ရှိလို့ အရောင်းအဝယ်သွက်နေပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ပဲစဉ်းငုံနီ တစ်တန်ကို ၃၀၂၅၀၀၀  ကျပ်၊ အင်္ဂါနေ့မှာ ၃၀၅၀၀၀၀ ကျပ်  ၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၅၅၀၀၀  ကျပ်၊ ကြာသပတေးနေ့က ၃၀၅၅၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၃၃၀၀၀ ကျပ်ရှိတာကြောင့် တစ်ပတ်အတွင်း ၅၀၀၀၀ ကျပ်လောက် အတက်အကျရှိခဲ့ပါတယ်။

အရင်အပတ်သောကြာဈေးနဲ့ အခုအပတ်သောကြာနေ့ဈေးကွက်ယှဉ်ရင် ၄၀၀၀၀ လောက် တက်လာပါတယ်။ 

မန္တလေးဈေးကွက်မှာ  ပဲစဉ်းငုံနီက ပိဿာ ၆၀ ကို၂၈၅၀၀၀ မှ၂၈၆၀၀၀ ကျပ်ရှိပြီး ၃၀၀၀ ကျပ်တက်လာပါတယ်။

ခရမ်းချဥ်

ခရမ်းချဥ်သီးကတော့စျေးဆက်တိုက် ကျလာပြီး လက်ကားစျေးကွက်မှာတင် တစ်ပိဿာကို ၁၀၀၀ ကျပ်သာရှိပါတယ်။

ရှမ်းပြည်နယ်အပြင် အခြားဒေသတွေမှာပါ ခရမ်းချဥ်သီးတွေ အထွက်များပြီးစျေးကွက်ထဲဝင်ရောက်မှုများနေတာကြောင့် စျေးကျဆင်းနေတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းစျေးကွက်မှာ ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၁၀၀၀ ကျပ်၊ ခရမ်းချဥ်သီး ရှယ်သီးကတစ်ပိဿာကို ၈၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးအသေး တစ်ပိဿာကို  ၆၀၀ ကျပ်သာရှိပါတယ်။

ဂျင်း

ဂျင်းတက်ကတော့ ပြည်ပတင်ပို့မှုမရှိတဲ့အတွက်ကြောင့်  စျေးမတက်ဘဲ အကျစျေးမှာ ငြိမ်နေပါတယ်။

လက်ရှိမှာ ဂျင်းတက်က ပြည်တွင်း စားသုံးမှုသာရှိပါတယ်။ ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းတက်စျေးက မြေနီဂျင်း အကြီး တစ်ပိဿာကိုမှ ၃၀၀၀ ကျပ်၊ ဂျင်းမြေနီအခက်အလတ် တစ်ပိဿာကို ၂၅၀၀ ကျပ် စျေးရှိပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။