ပဲမျိုးစုံ ဈေးကွက်သုံးသပ်ချက် (၁၉ -၂၃.၅.၂၀၂၅)
ပဲတီစိမ်းက စျေးဆက်တိုက်တက်လာပြီး ပဲကြီးလည်းတက်ရိပ်ပြလာပါတယ်။ မတ်ပဲနဲ့ ပဲစဥ်းငုံကတော့ စျေးထပ်ကျပါတယ်။
ပဲတီစိမ်း
အခုတစ်ပတ်မှာပါ စျေးတန်းဆက်တိုက်ထပ် တက်လာတာတွေ့ရပါတယ်။ ပဲတီစိမ်းကို တရုတ်အပြင် ပြည်ပဝယ်လက်အချို့က ဝယ်လိုအားရှိနေပြီး ပြည်တွင်းမှာလည်း ပြန်လည်စိုက်ပျိုးဖို့အတွက် မျိုးပဲအဖြစ် ဝယ်ယူမှုများလာတာကြောင့် စျေးကွက်မြင့်နေတာဖြစ်ပါတယ်။
ယခုတစ်ပတ်ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်းနဲ့ ပဲခူးရွှေဝါက တစ်ပိဿာကို ၇၁၆၅ ကျပ်ရှိပြီး ပဲတီစိမ်း အညာက ၆၆၆၅ ကျပ်မှ ၆၈၅၀ ကျပ် ရှိလာတာကြောင့် တစ်ပိဿာကို ၃၃၅ ကျပ်နှုန်းစီ အသီးသီးထပ်မံမြင့်တက်လာပါတယ်။ ပဲတီစိမ်း ဝါးခယ်မကလည်း ၆၀၀၀ မှ ၆၀၂၀ ကျပ်နဲ့ တစ်ပိဿာကို ၂၇၀ ကျပ်တက်လာပါတယ်။
ပဲကြီး
ပဲကြီးက အခုတစ်ပတ်မှာစျေးတက်လာတာတွေ့ရပါတယ်။ ပြည်တွင်းမှာ လက်ကျန်နည်းလာတာကြောင့်လည်း စျေးဆက်လာတာဖြစ်ပါတယ်။ ပဲကြီးက ပြည်တွင်း စားသုံးမှုများတဲ့ ပဲဖြစ်တာကြောင့် ပြည်တွင်းဝယ်လိုအားများပါကလည်း စျေးမြင့်တက်လာပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာပဲကြီး ၅၅.၂၅ ပိဿာကို ၂၆၅၀၀၀ မှ ၂၈၀၀၀၀ ကျပ်၊ ပဲကြီး (လ) က ၂၃၅၀၀၀ မှ ၂၅၀၀၀၀ ကျပ်နဲ့ ပဲကြီး (သ) က ၂၁၀၀၀၀ မှ ၂၂၅၀၀၀ ကျပ် ရှိပါတယ်။ အရင်အပတ်ကထက် ၅၀၀၀ မှ ၁၅၀၀၀ ကျပ်ဝန်းကျင်တက်လာပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲကြီး (ကုန်း) တစ်ပိဿာကို ၄၀၈၅ ကျပ်မှ ၄၄၃၅ ကျပ်ရှိပါတယ်။

မတ်ပဲ
မတ်ပဲကကတော့ အခုတစ်ပတ်မှာလည်း စျေးတန်းထပ်ကျလာတာတွေ့ရပါတယ်။ ဒါကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၉၇၅၀၀ ဝန်းကျင်နဲ့ ၁၀၀၀လောက် ကျလာပါတယ်။
မတ်ပဲကိုအဓိကဝယ်ယူတဲ့ အိန္ဒိယနိုင်ငံမှာ မတ်ပဲအဝယ်အေးနေသလို စျေးတန်းလည်းအေးနေတာကြောင့် မြန်မာမှာလည်းမတ်ပဲစျေးက အတက်အကျမငြိမ်ဘဲ ကျရိပ်ပြန်ပြလာတာဖြစ်ပါတယ်။
မတ်ပဲက အိန္ဒိယနိုင်ငံကိုသာ တင်ပို့ရတာဖြစ်ပြီး အိန္ဒိယ ဝယ်လိုအားပေါ်လိုက်ပြီး စျေးအတက်အကျဖြစ်ပေါ်တာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၃၀၃၅၀၀၀ မှ ၃၀၅၇၀၀၀ ကျပ် အတွင်းစျေးတန်းရှိခဲ့ပါတယ်။
အရင်အပတ်မှာတော့ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၃၀၅၂၀၀၀ မှ ၃၀၆၀၀၀၀ ကျပ်ရှိခဲ့တာကြောင့် ခုတစ်ပတ်အတွင်းမှာ တစ်တန်ကိုမှ ၃၀၀၀ မှ ၂၅၀၀၀ ကျပ်လောက် စျေးထပ်ကျပါတယ်။
ပဲစင်းငုံ
အလားတူ ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ စျေးတန်းထပ် ကျလာတာတွေ့ရ ပါတယ်။အခုတစ်ပတ်မှာ ပဲစဥ်းငုံ တစ်တန်ကိုအများဆုံး ၄၀၀၀၀ လောက်အထိထပ်ကျလာတာဖြစ်ပါတယ်။အိန္ဒိယဝယ်လိုအားရှိပေမယ့် စျေးလည်းအေးနေတာကြောင့် ဖြစ်ပါတယ်။
ပဲစင်းငုံနီကလည်း အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ မနှစ်ကဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်နဲ့ယှဥ်ရင် ပဲစင်းငုံက စျေးတန်းတော်တော်လေးကျဆင်းနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ်သိန်း ၂၉၀၀၀၀၀ မှ ၂၉၃၇၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။
အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ်သိန်း ကျပ်သိန်း ၂၉၄၀၀၀၀ မှ ၂၉၆၀၀၀၀ ကျပ်အတွင်းစျေးတန်းဖြစ်ပေါ်ခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်တန်ကို ကျပ် ၂၀၀၀၀ မှ ၄၀၀၀၀ လောက် ထပ် ကျလာပါ တယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026