တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
ကြက်သွန်ဖြူ
ကြက်သွန်ဖြူက တရုတ်ကနေ ကြက်သွန်ဖြူ(ကြူကုတ်) ဝင်ရောက်မှု နည်းတာအပြင် သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် စျေးပြန်တက်လာပြီး ရှမ်းကြက်သွန်တွေကတော့ လက်ရှိ အမြင့်ဈေး နဲ့ ငြိမ်နေပါတယ်။ နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် ၁ သောင်းနီးပါး အဝင်ရှိပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ် တစ်ပိဿာကို ၁၉၀၀၀ နဲ့ ၂၀၀၀၀ ကျပ်ကြားရှိနေပြီး တစ်ပိဿာကို ၁၅၀၀ လောက်ဈေးပြန်တက်လာပါတယ်။
ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂ က ၁၂၀၀၀၊ ထူး၃က၁၃၅၀၀၊ ထူး၄က၁၄၅၀၀၊ ထူး၅က ၁၅၅၀၀ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။
ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးကွက်မှာတော့အရင်အပတ်ကစျေးတန်းဖြစ်တဲ့အောင်ပန်းထူး၂ တစ်ပိဿာ ကို ၁၂၅၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၁၃၅၀၀ ကျပ်၊အောင်ပန်းထူး ၄က ၁၄၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၅၅၀၀ ကျပ်၊ ကြူကုတ်က ၂၀၀၀၀ ကျပ်မှာပဲငြိမ် နေပါ တယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီတစ်ပတ် ဈေးကျဆင်းပါတယ်။ မိုးကြက်သွန်တွေစတင်ဝင်ရောက်လာခြင်း ၊ နွေကြက်သွန်ရောင်းတဲ့ တောင်သူတွေများပြီး ရန်ကုန်ကို ကြက်သွန်ဝင်ရောက်မှုများနေတာကြောင့် စျေးအေးနေတာဖြစ်ပါတယ်။
စျေးတန်းအေးပြီး အရောင်းအဝယ်ခပ်မှန်မှန်ရှိနေပါတယ်။ ဈေးကွက်ထဲကို ပိဿာချိန် ၂ သိန်းနီးပါး အဝင်ရှိနေတာ ဖြစ်ပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ဆိပ်ဖြူ ကြက်သွန်နီက ၂၂၀၀ မှ ၄၀၀၀ ကျပ်၊မြင်းခြံ ကြက်သွန်နီက ၂၀၀၀ မှ ၃၈၀၀ ကျပ်၊ ပခုက္ကူကြက်သွန်က ၂၁၀၀ မှ ၄၀၀၀ ကျပ်သာရှိပါတယ်။ တစ်ပိဿာကို ၄၀၀ ကနေ ၈၀၀ လောက်ကျလာတာဖြစ်ပါတယ်။
အောက်တိုဘာလတုန်းက ကြက်သွန်နီ တစ်ပိဿာကို ၅၀၀၀ ကျပ်ကျော် အထိပင်မြင့်တက်ခဲ့ပါတယ်။

အာလူး
အာလူးကတော့ တရုတ်နယ်စပ်ဂိတ်တွေပိတ်လိုက်တာကြောင့် ကားအဝင်နည်းသွားပြီး သယ်ယူပို့ဆောင်ရေးတွေ ခက်ခဲကုန်တဲ့အတွက် စျေးတွေဆက်တိုက် တက်လာပါတယ်။ဈေးကွက်ထဲကို ကား ၄ စီး ပိဿာချိန် ၂ သောင်းကျော်လောက်သာ အဝင်ရှိနေတာ ဖြစ်ပါတယ်။
တရုတ်အာလူးက တစ်ပိဿာကို ၉၅၀၀ ထိ မြင့်တက်သွားခဲ့ပြီး ရှမ်းအာလူးတွေ အဝင်ပြန်ရှိလာချိန်မှာတော့ တစ်ပိဿာကို ၈၈၀၀ ထိ ဈေးပြန်ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်ပိဿာကို ၁၅၀၀ မှ ၂၀၀၀ ကြား ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။
အောင်ပန်းအာလူးတွေကတော့ အဝင်ပြန်ရှိနေပြီး တစ်ပိဿာကို ၆၅၀၀ မှ ၉၂၀၀ ကြား ရှိပါတယ်။ ဈေးမြင့်တက်တဲ့အတွက် အရောင်းအဝယ်ကတော့ အေးတယ်လို့ သိရပါတယ်။
ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာတော့ အာလူးစျေးကငြိမ်နေပါတယ်။ မျက်နီ S1/ OK က ၇၀၀၀ ကျပ်၊၊ မျက်နီ OK က ၆၈၀၀ ကျပ်၊မျက်နီ A1 က ၅၅၀၀ ကျပ်၊ A1ဆွဲမျက်နီက ၅၂၀၀ ကျပ် ရှိလာပြီးလုပ်ငန်းသုံးအကြော်သီးတွေဖြစ်တဲ့ မားကစ် S2/ S-1 နဲ့ မျက်နီ S-2 /S1 က ၈၂၀၀ မှ ၈၅၀၀ ကျပ်စျေးပေါက်ပေမယ့်ပစ္စည်းအဝင်မရှိဘဲဖြစ်နေပါတယ်။
မန်ကျည်းသီး
မန်ကျည်းသီးဈေးကလည်း နေ့စဉ်နဲ့အမျှ ဈေးမြင့်တက်နေပါတယ်။ အသားဈေးက မြင့်တက်နေပြီး ဈေးကွက်ထဲ အသစ်တွေ လည်း အနည်းငယ်အဝင်ရှိနေပါတယ်။ အဟောင်းဈေးကတော့ ငြိမ်နေပြီး အသစ်ဈေးက မြင့်တက်နေတာလို့ ရောင်းဝယ်သူတွေက ဆိုပါတယ်။
မန်ကျည်းသီး အသား တစ်ပိဿာကို ဘုရင့်နောင် ဈေးကွက်မှာ ၉၅၀၀ မှ ၁၃၀၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ ပွင့်ကပ်ကတော့ တစ်ပိဿာကို ၃၃၀၀ မှ ၃၆၀၀ ကြား ရှိပါတယ်။
အပြင် လက်လီ ပေါက်ဈေးက အစေ့ပါ အဟောင်း တစ်ပိဿာကို ၈၀၀၀ ကျပ်ရှိနေပြီး အသစ် တစ်ပိဿာကို ၁၀၀၀၀ မှ ၁၁၀၀၀ ကြားရှိနေတယ်လို့ သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026