တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၆ - ၁၀.၁၀.၂၀၂၅)
မတ်ပဲ
မတ်ပဲစျေးကွက်က သီတင်းကျွတ် ရုံးပိတ်ရက်အပြီးမှာ ပိုကျဆင်းသွားပြီး တစ်တန်ကို ၂၈ သိန်းအောက်ထိ ပြုတ်ကျသွားပါတယ်။ အိန္ဒိယက မတ်ပဲဝယ်လိုအား အလွန်နည်းလာတာကြောင့် ပြည်ပတင်ပို့မှု လျော့ကျပြီး စျေးကျလာတာဖြစ်တယ်လို့ သိရပါတယ်။
ပြည်တွင်းမှာ မတ်ပဲစျေးကျပေမဲ့ FOB စျေးကတော့ အမေရိကန်ဒေါ်လာ ၇၁၀ မှ ၇၂၀ မှာ ဆက်ရှိနေပြီး စျေးကျတာမျိုး မရှိပါဘူး။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့နဲ့ အင်္ဂါနေ့က ရုံးပိတ်ရက်ဖြစ်ပြီး စျေးမဖွင့်ပါဘူး။ ရုံးပြန်ဖွင့်တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ မတ်ပဲ တစ်တန်ကို ၂၈၂၀၀၀၀၊ ကြာသပတေးနေ့မှာ တစ်တန်ကို ၂၇၇၀၀၀၀၊ သောကြာနေ့မှာတော့ တစ်တန်ကို ၂၇၃၈၀၀၀ ကျပ်သာရှိပါတယ်။
အရင်အပတ်က မတ်ပဲ FAQ တစ်တန်ကို တနင်္လာနေ့မှ သောကြာနေ့အတွင်း ၂၈၂၀၀၀၀ မှ ၂၉၁၁၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်ပတ်အတွင်း တစ်တန်ကို အများဆုံး ၁၄၀၀၀၀ ကျပ်လောက်အထိ စျေးထပ်ကျသွားတာဖြစ်ပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ သီတင်းကျွတ်ကာလအပြီးမှာလည်း စျေးထပ်တက်လာပါတယ်။ FOB စျေးကလည်း အရင်တစ်ပတ်က အမေရိကန်ဒေါ်လာ ၆၀၀ မှ ၆၁၀ ရှိခဲ့ရာကနေ ယခုတစ်ပတ်မှာတော့ ၆၂၀ မှ ၆၃၀ အတွင်း ရှိလာပါတယ်။
လက်ကျန်ပမာဏနည်းတဲ့အပြင် ပြည်ပအဝယ်နဲ့ ပဲခွဲစက်တွေအဝယ် ပြန်လိုက်လာတာကြောင့် စျေးပြန်တက်လာတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ပေါက်ဈေးအရ ဗုဒ္ဓဟူးနေ့မှာ တစ်တန်ကို ၂၆၂၇၀၀၀၊ ကြာသပတေးနေ့မှာ တစ်တန်ကို ၂၅၉၀၀၀၀၊သောကြာနေ့မှာ တစ်တန်ကို ၂၅၇၀၀၀၀ စျေးရှိပါတယ်။
အရင်တစ်ပတ်က တနင်္လာနေ့ကနေ သောကြာနေ့အထိ ပဲစင်းငုံနီ တစ်တန်ကို ၂၅၁၀၀၀၀ မှ ၂၅၅၀၀၀၀ ကျပ်ရှိခဲ့ပါတယ်။ တစ်တန်ကို အများဆုံး သိန်းကျော်လောက် အတက်ပြခဲ့ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ပြည်တွင်းပဲစျေးကွက်မှာ အတက်အကျ အပြောင်းအလဲ မရှိဘဲ စျေးငြိမ်နေတာကြာပါပြီ။ မကြာမီမှာ ဆောင်းသီးနှံ ပဲတီစိမ်းတွေ စိုက်ပျိုးကြတော့မှာဖြစ်လို့ မျိုးပဲအရောင်းအဝယ်ချိန် ဖြစ်တဲ့အတွက် စျေးတန်း မကျဘဲငြိမ်နေတာဖြစ်ပါတယ်။
လက်ရှိမှာ ပြည်တွင်းပဲမျိုးစုံ စျေးကွက်ထဲကို ခရမ်းရွှေဝါနဲ့ ပဲခူးရွှေဝါ ပဲတီစိမ်းတွေ မဝင်ရောက်ဘဲ တခြားပဲတီ စိမ်းအမျိုးအစားတွေသာ ဝင်ရောက်မှုရှိနေပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာ ယခုတစ်ပတ် ပဲတီစိမ်း ၅၆.၂၅ ပိဿာကို ၃၂၀၀၀၀ မှ ၃၄၀၀၀၀ ကျပ်ရှိပါတယ်။
ရန်ကုန်ဘုရင့်နောင်မှာ ပဲတီစိမ်း ခရမ်းရွှေဝါနဲ့ ပဲခူးရွှေဝါက တစ်ပိဿာကို ၆၉၁၅၊ ပဲတီစိမ်းအညာ ၅၁၆၅ မှ ၅၁၈၅၊ ပဲတီစိမ်းဝါးခယ်မက ၆၂၅၀ မှ ၆၂၇၀ ကျပ်ရှိနေပါတယ်။

ပဲကြီး
ပြည်တွင်းစားသုံးမှုအများဆုံး ဖြစ်တဲ့ ပဲကြီးကတော့ ယခုတစ်ပတ်မှာ စျေးအကျပြလာတယ်လို့ သိရပါတယ်။ လက်ရှိမှာ ပဲကြီးကို ရန်ကုန်မှ ကုန်သည်ဝယ် လက်ရှိပြီး အကြော်လှော်လုပ်ငန်းသမားများ ဝယ်ယူမှုရှိပြီး ပေမဲ့လည်း ပဲအသစ်တွေ စျေးကွက်ထဲ ဝင်နေတာကြောင့် စျေးကျရိပ်ပြ လာတာဖြစ် ပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ပဲကြီး (ကြီး) က ၅၅.၂၅ ပိဿာကို ၄၂၀၀၀၀ ကျပ်မှ ၄၄၀၀၀၀ ကျပ်နဲ့ အရင်တစ်ပတ်ကထက် ၁၀၀၀၀ ကျပ်ကျပြီး၊ ပဲကြီး (လတ်) ကလည်း ၃၇၀၀၀၀ မှ ၃၉၀၀၀၀ ကျပ်ရှိလို့ ၁၀၀၀၀ ကျပ်စျေးကျပါတယ်။ ပဲကြီး (သေး) ကတော့ ၃၂၀၀၀၀ မှ ၃၃၀၀၀၀ ကျပ်နဲ့ ငြိမ်နေပါတယ်။
နှမ်း
ယခုတစ်ပတ်မှာ နှမ်းနက် (စမုံ) က စျေးငြိမ်နေပြီး နှမ်းဖြူဂျပန်နဲ့ နှမ်းဖြူဗမာ၊ နှမ်းညိုအမျိုးအစားတွေက စျေးကျတာတွေ့ရပါတယ်။
လက်ရှိမှာ စျေးကွက်ထဲကိုလည်း အညာဘက်က ထွက်တဲ့ နှမ်းနက်တွေ ဝင်ရောက်မှုရှိနေသလို ကျန်အမျိုးအစားတွေ လည်း စျေးကွက်ထဲ ဝင်ရောက်မှုရှိနေတာကြောင့် စျေးကွက်အေး နေတာဖြစ်ပါတယ်။
နှမ်းကို ပြည်ပဝယ်ယူမှုရှိသော်လည်း အရည်အသွေးကောင်းတာကိုသာ ရွေးချယ်ဝယ်ယူမှုရှိနေတယ်လို့ သိရပါတယ်။ နှမ်းကို တရုတ်က အဓိကဝယ်ယူတာဖြစ်လို့ ဝယ်လိုအားများရင် စျေးတက်လေ့ရှိပါတယ်။
နှမ်းညိုကတော့ ဆီကြိတ်လုပ်ငန်းနဲ့ ပြည်တွင်းစားသုံးမှုအပေါ် မူတည်ပြီး နှမ်းဖြူကတော့ မုန့်လုပ်ငန်း တွေမှာ သုံးတာများပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ နှမ်းစမုံနက် စျေးနှုန်းက ၄၅ ပိဿာ တစ်အိတ်ကို ၆၉၀၀၀၀ ကျပ်မှ ၇၂၅၀၀၀ ကျပ်ရှိပြီး နှမ်းညိုက ၂၆၈၀၀၀ မှ ၂၇၅၀၀၀ ကျပ်ရှိလို့ အရင်တစ်ပတ်ကထက် ၂၀၀၀ မှ ၁၀၀၀၀ ကျပ်အတွင်း စျေးကျပါတယ်။ နှမ်းဖြူဗမာက ၂၆၀၀၀၀ မှ ၂၆၅၀၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် ၅၀၀၀ ကျပ်ကျပါတယ်။ နှမ်းဖြူဂျပန်က ၂၉၅၀၀၀ မှ ၃၀၅၀၀၀ ကျပ်နဲ့ရှိလို့ အရင်အပတ်ကထက် ၁၀၀၀၀ ကျပ်အကျပြလာပါတယ်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Soe Soe
လွန်ခဲ့သော ၁၁ လ ကပဲပုတ်ဈေးသိချင်လို့ပါ
BhaiBhai
လွန်ခဲ့သော ၁၁ လ ကပဲစင်းငုံက အကြီးနဲ့အသေဈေးကွာတယ်နော် အသေးမျိုးကပိုဈေးကောင်းတယ်၊🤌
Soe Soe
လွန်ခဲ့သော ၁၁ လ ကပဲငါပိဈေပြောပါ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....