တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၁၃ - ၁၇.၁၀.၂၀၂၅)
မတ်ပဲ
မတ်ပဲဈေးက ခုတစ်ပတ်အတွင်းလည်း ထပ်မံကျဆင်းခဲ့ပြီး တစ်တန်လျှင် အမြင့်ဆုံး ၁ သိန်းကျော်အထိ ကျဆင်းခဲ့သည်။ မြန်မာ့ မတ်ပဲဝယ်လိုအား နည်းလာခြင်းကြောင့် ပြည်ပတင်ပို့မှုလျော့နည်းသွားပြီး အရောင်းအဝယ်အေး လာတာကြောင့် စျေးကျခြင်း ဖြစ်သည်။
FOB စျေးလည်း ပြန်ကျလာပြီး အမေရိကန်ဒေါ်လာ ၇၀၅ မှ ၇၁၅ အတွင်းရှိနေသည်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် တနင်္လာနေ့မှာ ၂,၆၉၁,၀၀၀ ကျပ် ၊အင်္ဂါနေ့မှာ ၂,၆၇၉,၀၀၀ ကျပ်၊ ဗုဒ္ဓဟူးနေ့မှာ ၂,၇၀၈,၀၀၀ ကျပ်၊ကြာသပတေးနေ့မှာ ၂,၇၂၆,၀၀၀ ကျပ်၊ သောကြာနေ့မှာ ၂,၇၀၇,၀၀၀ ကျပ်ရှိပါတယ်၊ အရင်အပတ်က မတ်ပဲ FAQ တစ်တန်ကို ၂,၇၃၈,၀၀၀ မှ ၂,၈၂၀,၀၀၀ ကျပ် ရှိခဲ့သည်။
ပဲစင်းငုံ
ပဲစင်းငုံဈေးက ယခုအပတ်အတွင်း တည်ငြိမ်မှုမရှိခဲ့ပေမဲ့ တစ်တန်လျှင် ၂၆ သန်းကျော်ဝန်းကျင် ရှိနေသည်။ FOB စျေးကတော့ အရင်တပတ်ထက် အမေရိကန်ဒေါ်လာ ၁၀ တက်လာပြီး ဒေါ်လာ ၆၃၀ မှ ၆၄၀ အတွင်းရှိနေသည်။
ပြည်တွင်းမှာ ပဲစင်းငုံလက်ကျန်နည်းပြီး ပြည်ပအဝယ်နဲ့ ပဲခွဲစက်တွေကလည်း ဝယ်ယူမှုရှိနေသည်ဟု သိရသည်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်တွင် တနင်္လာနေ့က ၂,၄၉၂,၀၀၀ ကျပ်၊ အင်္ဂါနေ့ က၂,၅၀၂,၀၀၀ ကျပ်၊ ဗုဒ္ဓဟူးနေ့က ၂,၆၀၀,၀၀၀ ကျပ်၊ ကြာသပတေးနေ့ ၂,၆၂၅,၀၀၀ ကျပ်၊ သောကြာနေ့က ၂,၅၉၅,၀၀၀ ကျပ်ရှိပြီး အရင်အပတ်ကတော့ ၂,၅၇၀,၀၀၀ မှ ၂,၆၂၇,၀၀၀ ကျပ် ရှိခဲ့သည်။

ကြက်သွန်နီ
ကြက်သွန်နီဈေးက ရန်ကုန်စျေးကွက်မှာ အရောင်းအဝယ်သွက်လာပြီး စျေးအတက်ပြလာသည်။
နယ်စျေးကွက်တွင်တော့ ကြက်သွန်ကုန်ချိန်အဝင်များလာတာကြောင့် စျေးကွက်အေးနေသည်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် နယ်ကုန်စည်ဒိုင်များသို့ ကြက်သွန်ကားအဝင်နည်းပါက အရောင်းအဝယ်သွက်လာပြီး စျေးတက်လေ့ရှိသည်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် ဆိပ်ဖြူကြက်သွန် တစ်ပိဿာ ၆၀၀ မှ ၁,၉၀၀ ကျပ်၊ မုံရွာကြက်သွန် ၆၅၀ မှ ၁,၉၅၀ ကျပ်၊ မြင်းခြံကြက်သွန် ၅၀၀ မှ ၂,၀၀၀ ကျပ်၊ ပခုက္ကူကြက်သွန် ၆၅၀ မှ ၁,၉၅၀ ကျပ် ရှိသည်။ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်ပိဿာကို ၅၀ မှ ၁၀၀ ကြားဈေးမြင့်တက်လာခြင်းဖြစ်သည်။
ပြောင်း
ပြောင်းဆံဈေးက ယခင်ကအတူအကျစျေးတန်းတွင် ငြိမ်နေဆဲဖြစ်သည်။ လက်ရှိကမ္ဘာ့ ပြောင်းစျေး ကျခြင်းနှင့် ပြည်ပတင်ပို့မှုလျော့နည်းလာခြင်းကြောင့် နိုဝင်ဘာလအထိ စျေးတက်နိုင်မယ့်အလားအလာ မတွေ့ရသေးဟု သိရသည်။
ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ခွင့် ကုန်ဆုံးသွားပြီးနောက် စျေးကွက်ကျလာခဲ့သည်။
သို့သော် ပြောင်းကို ပြည်တွင်းကုန်သည်များ၊ ပို့ကုန်သမားများနှင့် အစာစပ်စက်ရုံများက ဝယ်ယူမှုရှိနေသည်။
မန္တလေးကုန်စည်ဈေးကွက်တွင် ပြောင်း (ရှမ်း) နှင့် ပြောင်း (CP) တစ်အိတ် ၇၃,၀၀၀ မှ ၇၄,၀၀၀ ကျပ် ရှိပြီး ပြောင်း (ဗမာ) သည် စျေးတန်းဖွင့်ခြင်းမရှိသေးပါ။ ရန်ကုန်ဘုရင့်နောင်စျေးကွက်တွင် ပြောင်းတစ် ပိဿာ ၁,၄၅၀ မှ ၁,၄၇၀ ကျပ် ရှိနေသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
Win Ko Thu
လွန်ခဲ့သော ၁၁ လ ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....