အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၂၅၀ ကျပ်ဈေးတက်လာတဲ့ ပဲတီစိမ်းအပါအဝင် တစ်ပတ်စာဈေးကွက်သုံးသပ်ချက်

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၂၅၀ ကျပ်ဈေးတက်လာတဲ့ ပဲတီစိမ်းအပါအဝင် တစ်ပတ်စာဈေးကွက်သုံးသပ်ချက်

AMIA
AMIA • 20/09/2024

 

ပဲစင်းငုံနီ

ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးအနည်းငယ်ပြန်မြင့်တက်လာပါတယ်။ ဒေါ်လာဈေးအနည်းငယ်ပြန်မြင့်တက်လာတဲ့အတွက် ဈေးပြန်မြင့်လာတာဖြစ်ပြီး အရောင်းအဝယ်ကတော့ အေးတယ်လို့သိရပါတယ်။ ရေကြီးမှုတွေကကြောင့် ဈေးကွက်ထဲ အဝင်လည်း မရှိသလောက် ရှားနေပြီး ဈေးကွက်ဖွင့် ထားတဲ့ အခြေအနေသာရှိတယ်လို့ နယ်ကုန်သည်အချို့ကတော့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံတွင်းမှဦတော့ ပဲစင်းငုံနီကတော့ဆက်ပြီး မြင့်တက်နိုင်ဖို့ ရှိတယ်လို့ ခန့်မှန်းထားပြီး လက်ရှိပြည်တွင်း မှာလည်း လက်ကျန်မရှိသလောက် ဖြစ်နေတဲ့အတွက် ပဲစင်းငုံနီဈေးကတော့  ဆက်ပြီးမာနိုင်ဦးမယ်လို့သုံးသပ်မှုတွေရှိပါတယ်။ ဒါပေမယ့် FOB ဈေးနှုန်းက ဆက်ပြီး ကျဆင်းနေဆဲ အခြေအနေလည်း ဖြစ်ပါတယ်။

ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့ အပတ်သောကြာနေ့က ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၈၀၀၀၀၀  ကျပ်၊ တနင်္လာနေ့မှာ တစ်တန်ကို ၄၇၅၀၀၀၀ ကျပ် ၊ အင်္ဂါနေ့မှာ တစ်တန်ကို ၄၇၃၇၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ တစ်တန်ကို ၄၇၅၀၀၀၀၊ ကြာသပတေးနေ့မှာ တစ်တန်ကို ၄၈၀၀၀၀၀ နဲ့ သောကြာနေမှာတော့ ၄၈၇၅၀၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့ အပတ် သောကြာနေ့နဲ့  ယှဉ်ရင် တစ်တန်ကို ၇၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ပြည်တွင်း FOB ဈေးနှုန်းကတော့  တစ်တန်ကို ၁၀၇၀ မှ ၁၀၈၀ ဒေါ်လာ ရှိပြီး တ ဒေါ်လာ ၅၀ ဈေးကျဆင်းသွားပါတယ်။  

ပဲတီစိမ်း

ပဲတီစိမ်းကတော့ နေ့စဉ် ဈေးကွက်ထဲ အဝင်ပေါ် မူတည်ပြီး အတက်အကျ အနည်းငယ်သာ ရှိနေပါတယ်။ နေရာအနှံ့မိုးရွာတာတွေကြောင့် အရောင်းအဝယ်ကတော့ အေးပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ (ပဲခူးရွှေဝါ)၊ ဝါးခယ်မ၊ အညာတို့က တစ် ပိဿာ ကို ၄၃၃၀ ကနေ ၅၈၅၀  ကြားပေါက်ဈေးရှိနေပြီး  တစ်ပိဿာကို ၂၅၀ ကျပ်ဈေးတက်ပါတယ်။ 

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) အသစ်က က သုံးတင်းဝင်တစ်အိတ်ကို ၁၈၅၀၀၀  မှ ၂၅၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

နယ်ဈေးကွက်တွေမှာတော့ ပဲတီစိမ်း တစ်တင်းကို ၄၀၀၀၀ မှ ၆၀၀၀၀ ကြားရှိနေပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပြောင်း 

ပြောင်းကတော့ ဈေးကွက်ထဲ အသစ်တွေ အဝင်ရှိနေပေမယ့် ရှမ်းပြည်နယ်ဘက် ရေကြီမှုများကြောင့် ပျက်စီးတာတွေ ရှိခဲ့တဲ့အတွက် အဝင်မရှိသလောက် ဖြစ်ကာ အတက်ဈေးနဲ့ ရှိနေပါတယ်။  ပြည်ပတင်ပို့ရာမှာလည်း လမ်းပန်းဆက်သွယ်‌ရေး အခြေအနေများကြောင့် ဝယ်ယူမှုကတော့ လျော့နည်းသွားပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁၇၃၀ မှ ၁၇၅၀ ကြား ရှိပြီး ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ၃ ရက်နီးပါး ဈေးဖွင့် ခြင်းမရှိပါဘူး။မုံရွာ ဈေးကွက်မှာတော့ စီပီပြောင်း တစ်တင်း ကို ၃၂၀၀၀ ကြားရှိပြီး တစ်အိတ်ကို ၂၀၀၀လောက်ဈေးတက်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ကြူကုတ်)ရော ရှမ်းရော အဝင်များလာပေမယ့် အဝယ်သွက်နေတဲ့အတွက်ကြောင့် ဈေးက ပြန်မြင့်တက်လာပါတယ်။ နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် တစ်သောင်း နဲ့ အထက် အဝင်ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၁၈၃၀၀ မှ ၁၈၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်ဖြူ(ရှမ်း)ကတော့ တစ်ပိဿာကို ၁၀၀၀၀ မှ ၁၃၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ် ဈေးတက်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

1
u

u

လွန်ခဲ့သော ၂ နှစ် က

တနှင်းဂနွေနေ့

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။