ဟန်ဂေရီပြည်သူများက မျိုးရိုးဗီဇပြုပြင်ထားသော မျိုးစေ့များကိုသုံးသည့် နာမည်ကြီးမိုဆန်တိုစိုက်ပျိုးရေးကုမ္ပဏီ၏ ပြောင်းဖူးခင်းများကို ဖျက်ဆီးလိုက်ခြင်း
ဟန်ဂေရီပြည်သူတွေဟာ ဧကပေါင်း၁၀၀၀ရှိတဲ့ မျိုးရိုးဗီဇပြုပြင်ထားသော မျိုးစေ့များကို အသုံးပြုစိုက်ပျိုးထားသည့် ပြောင်းဖူးခင်းများစွာကို ဖျက်ဆီးလိုက်ကြခြင်းအားဖြင့် မျိုးရိုးဗီဇပြုပြင်ရေးနည်းပညာတွေကို အသုံးပြု စီးပွားဖြစ်ထွန်းနေသည့် မိုဆန်တိုစိုက်ပျိုးရေးကုမ္ပဏီနဲ့ မျိုးရိုးဗီဇပြုပြင်ခံမျိုးစေ့များ(GMO)ကို အသုံးမပြုဖို့အရေး ခိုင်ခိုင်မာမာရပ်တည်လိုက်ပြီဖြစ်ကြောင်း ဟန်ဂေရီနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အတွင်းရေးမှူး လာဂျော့စ်ဘိုဂနာက ပြောကြားခဲ့သည်။
ဟန်ဂေရီနိုင်ငံဟာ တခြားဥရောပသမ္မဂနိုင်ငံတွေနဲ့မတူဘဲ မျိုးရိုးဗီဇပြုပြင်ထားသည့် မျိုးစေ့များကို တားမြစ်ထားသော တစ်ခုတည်းသော ဥရောပသမ္မဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်။ အလားတူပင် ပီရုးနိုင်ငံသည်လည်း မျိုးရိုးဗီဇပြုပြင်ထားသည့် မျိုးစေ့များကို တားမြစ်လာခဲ့သည်မှာ ၁၀နှစ်ကျော်သွားပြီဖြစ်သည်။
“မျိုးရိုးဗီဇပြုပြင်ထားတဲ့ ပြောင်းဖူးစေ့တွေက မြေကြီးထဲမှာ ရောက်နှင့်နေပြီ။ ဒါပေမယ့် ဝတ်မှုန်တွေ မပျံ့နှံ့ခင်မှာပင် အကုန်လုံးကို ဖျက်ဆီးလိုက်နိုင်ခဲ့ကြတာပါ”ဟု ဘိုဂနာမှ ထပ်ပြောခဲ့သည်။
ဥရောပသမ္မဂနိုင်ငံတော်တော်များများမှာ မျိုးရိုးဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေကို စိုက်ပျိုးရောင်းချခွင့်ပေးထားသည့်အတွက် ဟန်ဂေရီကို ဆက်သွယ်ရောင်းချနေသော ဥရောပသမ္မဂအဖွဲ့ဝင်နိုင်ငံကုန်သည်များမှတဆင့် GMO(မျိုးရိုးဗီဇပြုပြင်ထားသည့် မျိုးစေ့များ) သယ်ဆောင်မလာနိုင်စေရန် စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ၎င်းမှ ပြောသည်။
ရှေးယခင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်စဉ်အတွင်း ဟန်ဂေရီရှိ စိုက်ပျိုးရေးမျိုးစေ့များတွင် မိုဆန်တိုစိုက်ပျိုးရေးကုမ္ပဏီမှ ထုတ်လုပ်ထားသည့် မျိုးရိုးဗီဇပြုပြင်ထားသော မျိုးစေ့များရောက်ရှိနေကြောင်း သက်ဆိုင်ရာအာဏာပိုင်များက တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

“ဥရောပသမ္မဂအဖွဲ့ဝင်နိုင်ငံများအကြား လွတ်လပ်စွာကုန်သွယ်ခွင့်ဆိုတာ ရှိနေသောကြောင့် ဟန်ဂေရီအာဏာပိုင်တွေက မျိုးစေ့တွေ ဘယ်လိုပုံစံနဲ့ နိုင်ငံထဲရောက်လာတာလဲ ဆိုတာကို စစ်ဆေးသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီမျိုးစေ့တွေကို ဟန်ဂေ
ရီနိုင်ငံထဲက ဘယ်နေရာမှာ ရနိုင်သလဲဆိုတာကိုတော့ စုံစမ်းဆေးစစ်ပြီး အရေးယူသွားမှာ ဖြစ်တယ်”လို့ ဘိုဂနာမှ ပြောသည်။ နိုင်ငံပိုင်ရေဒီယိုသတင်းဌာနတစ်ခုကတော့ ဒီမျိုးရိုးဗီဇပြုပြင်ထားသည့်မျိုးစေ့များ ပြည်တွင်းတွင် ပျံ့နှံ့နေသောကိစ္စတွင် စိုက်ပျိုးရေးမျိုးစေ့ထုတ်လုပ်ရောင်းချသည့် နိုင်ငံတကာကုမ္ပဏီကြီး၂ခု ပါဝင်ပတ်သတ်နေကြောင်းနဲ့ ထိုမျိုးရိုးဗီဇပြုပြင်ပြီးမျိုးစေ့များမှာ နိုင်ငံတစ်ဝန်းလုံးရှိ စိုက်ပျိုးဧကထောင်ပေါင်းများစွာတွင် ပျံ့နှံ့နေပြီးဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့လေသည်။
“တောင်သူလယ်သမားအများစုကတော့ သူတို့ရဲ့မြေမှာ ဒီမျိုးစေ့တွေစိုက်ပျိုးထားမိပြီဆိုတာ သိသိချင်းပဲ မကျေနပ်ကြောင်းပြောဆိုပြီး ဖျက်ဆီးလိုက်ကြတာပဲ”ဟု အဆိုပါသတင်းထုတ်ပြန်ချက်အရ သိရသည်။
လွန်ခဲ့သော ၂၀၁၅ခုနှစ်မေလတွင် ဥရောသမ္မဂနိုင်ငံများကြား မျိုးရိုးဗီဇပြုပြင်ထားသည့် မျိုးစေ့များကို တရားဝင်ကုန်သွယ်ခွင့်ဆုံးဖြတ်လိုက်ကြသည်ကို ဟန်ဂေရီနိုင်ငံအနေဖြင့် တစ်စုံတစ်ရာတုံ့ပြန်ထားခြင်းမရှိချေ။ ဂျာမနီနိုင်ငံကတော့ ထိုဆုံးဖြတ်ချက်တွင် မပါဝင်ကြောင်း ပြောဆိုထားသည်။ စကော့တလန်သည်လည်း UKထဲတွင် ထိုဆုံးဖြတ်ချက်ကို လက်မခံကြောင်း သီးသန့်ခွဲထွက်ပြောဆိုသည့် နိုင်ငံတစ်နိုင်ငံဖြစ်လေသည်။
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....