အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကဆွေးနွေး

ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကဆွေးနွေး

Green Way
Green Way • Greenovator • 14/06/2019

စပါးဈေးနှုန်းကျဆင်းခြင်းနဲ့ တောင်သူလယ်သမားများ အခက်အခဲဖြစ်နေခြင်းအပေါ် အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းကာ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည် မြောင်းဝန်ကြီးဌာနမှသိရပါတယ်။

ဆန်စပါးဈေးနှုန်း သတ်မှတ်ရေးကိစ္စနဲ့ သက်ဆိုင်ရာ ပုဂ္ဂလိကဘက်များကနေ အခုလက်ရှိ လုပ်ဆောင်နေမှုများကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်း ကပြောပါတယ်။

“ဈေးနှုန်းသတ်မှတ်ရေးကိစ္စပါတယ်။ ဆန်စပါးအသင်းချုပ်တို့ ကုန်သည်တို့ စက်ပိုင်တို့က အခက်အခဲလေးတွေ တင်ပြတာတွေရှိတယ်။ အတိအကျဆုံးဖြတ်ချက်တော့ မရသေးပါဘူး။ ပုဂ္ဂလိကကဏ္ဍဘက်ကလည်း သူတို့လုပ်နေတာလေးတွေ ဆွေးနွေးတင်ပြတာတွေရှိတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပါဝင်ပူးပေါင်း လုပ်ဆောင်သွားမှာပါ”

စပါးဈေးနှုန်း မတည်မငြိမ်ဖြစ်နေတဲ့အပေါ် တောင်သူများထံမှ စပါးများ ဝယ်ယူနိုင်ရန်အတွက် ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးအောင်မြင့် ကပြောပါတယ်။

“အခုလက်ရှိကတော့ ဒေသကထွက်တဲ့ စပါးပေါက်ဈေးနဲ့ညှိနှိုင်းပြီး တောင်သူတွေကို ဝယ်ပေးတယ်။ စပါးဝယ်ဖို့အတွက်လည်း ချေးငွေကိစ္စ ဆွေးနွေးခဲ့ပါတယ်။ စပါးအရည်အသွေး ပြည့်မှီအောင်လို့လည်း အခြောက်ခံစက်နဲ့ပတ်သက်တဲ့ အခက်အခဲတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်”

ဆန်စပါးအခြေခံဈေးနှုန်း သတ်မှတ်ချက်အရ အကောင်အထည်ဖော်ဆောင်ရွက်နေမှုမျာ ၊ ကွင်းဆင်းဝယ်ယူမှုမျာ ၊ အခြောက်ခံစက် အခက်အခဲဖြစ်ပေါ်နေမှုများနဲ့ ရက်တိုချေးငွေ ရရှိရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။