အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နှမ်းနက်အရည်အသွေးကောင်းမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးသွားမည်

နှမ်းနက်အရည်အသွေးကောင်းမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးသွားမည်

Green Way
Green Way • Greenovator • 23/09/2019

   တောင်သူများအတွက် နှမ်းနက်အရည်အသွေးကောင်းမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးသွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။

   နှမ်းနက်အရည်အသွေးကောင်းမျိုးတွေကို မျိုးသန့်ပြန်ပွားပြီး တောင်သူတွေလက်ထဲ ဖြန့်ဖြူးပေးသွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ လက်ထောက်သုနေသနအရာရှိ ဒေါ်ခင်မျိုးဝင်းက ပြောပါတယ်။

   “ဂျပန်(Jica)နဲ့ပူးပေါင်းပြီးတော့ ဂျပန်ဈေးကွက်မှာကြိုက်တဲ့မျိုးကို မော်လီကျူလာနည်းပညာနဲ့ပေါင်းပြီးတော့ သုတေသနလုပ်သွားမယ်။ မျိုးသန့်ပြန့်ပွားသွားမယ်။ တောင်သူတွေလက်ထဲကို ဖြန့်ပေးသွားမယ်”

   အဆိုပါ နှမ်းနက်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အဆိုပါဌာနမှ သိရပါတယ်။

   နှမ်းနက်(၁၈) မျိုးရဲ့ အရည်အချင်းလက္ခဏာများကို သိရှိစေနိုင်ရန်အတွက်လည်း မော်လီကျူလာနည်းပညာနဲ့ စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

နေမင်းဦး

နေမင်းဦး

လွန်ခဲ့သော ၅ နှစ် က

ဈေး ဘယ်လောက်လဲ ဘယ်မှာ ဝယ်လို့ရနိုင်မလဲ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။