ကျန်းမာရေးဆေးဝါးနှင့် စားသောက်ကုန်အဖြစ် ပြည်တွင်းပြည်ပ ဝဥဈေးကွက်ခိုင်မာနေ
နိုင်ငံတကာတွင် ကျန်းမာရေးဆေးဝါးနှင့် စားသောက်ကုန်အဖြစ် တွင်ကျယ်စွာအသုံးပြုနေသည့်အတွက် ပြည်တွင်းပြည်ပဝဥဈေးကွက်မှာ ခိုင်မာနေဆဲဖြစ်ကြောင်း ဝဥပင် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချနေသူများထံမှ သိရသည်။
ဈေးကွက်ကတော့ အဓိကအားဖြင့် မန္တလေးကိုတင်ပို့တယ်။ မန္တလေးမှာ စက်ရုံတွေ ပွဲရုံတွေရှိတယ်။ ဝဥနဲ့ပြုလုပ်တဲ့ အစားအစာပေါင်းက အမျိုး ၂၀၀ ကျော်လောက်ရှိတယ်။ မြန်မာပြည်က သိကြတာတော့ ဝတုံထုပ်ပေါ့။ အခုနောက်ပိုင်းမှာ ခေတ်စားလာတာက ဝဥကြာဇံလိုမျိုး စားသောက်ကုန်ပေါ့။ ပြည်ပဈေးကွက်က တရုတ်အပြင် ဂျပန်ရှိတယ်၊ ထိုင်ဝမ်ရှိတယ်၊ ကိုရီးယား ရှိတယ်။ ထိုင်းနိုင်ငံကိုလည်းပို့တယ်။ ပုံမှန်ကတော့ တရုတ်လမ်းကြောင်း အဆက်အသွယ်ရှိတယ်။ ထိုင်းနိုင်ငံဘက်က လိုချင်တယ်ဆိုပြီးတော့ ဆက်သွယ်ထားတာရှိတယ်။
ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှ စီးပွားဖြစ်ဝဥစိုက်ခင်းတည်ထောင်ထားသူ ဦးလင်းဦးက ပြောသည်။
တောင်သူများအနေဖြင့် ဝဥများကို ရောင်းချသည့်အခါ ကုန်ကြမ်းအတိုင်း ရောင်းချနိုင်သည့်အပြင် မီးကင်ခြောက်/ နေလှမ်းခြောက် ပြုလုပ်၍လည်း ရောင်းချနေကြောင်း သိရသည်။
တကယ်တမ်းပြောရင်တော့ ကမ္ဘာပေါ်မှာ ဆီးချိုသမားတွေနဲ့ အဝလွန်သမားတွေရှိနေသရွေ့ ဝဥကတော့ လိုအပ်ချက်မြင့်မားနေမှာပါ။ နောက်တစ်ခုက ဝဥကို လူသားတွေအတွက် စားသောက်ကုန်အပြင်၊ တိရစ္ဆာန်အစာတောင့်တွေလည်း ပြုလုပ်ကြတယ်။ စက်မှုကုန်ကြမ်း “ကော်”အဖြစ်လည်း ထုတ်လုပ်တယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းဆေးဝါးတွေလည်း ဝဥကနေ ထုတ်လုပ်တာမျိုးရှိတယ်။ ဒါ့ကြောင့် ဈေးကွက်ကရှိနေတယ်။ စားသုံးမှုစစ်တမ်းတွေအရ ဂျပန်လူမျိုး၊ တရုတ်လူမျိုးတွေဆိုရင် လူတစ်ဦးကို နှစ်ကီလိုနှုန်းလောက် စားတယ်လို့ တွေ့ရတယ်။
ဟု ဦးလင်းဦးက ဆက်လက်ပြောသည်။
ဝဥပင်စိုက်ပျိုးရာတွင် အများအားဖြင့် ပန်းရောင်မျိုး/ အဖြူရောင်မျိုး/ အဝါရောင်မျိုး စသည်ဖြင့် ဝဥအရောင်နှင့် မျိုးများ ကွဲပြားစွာရှိပြီး၊ မိမိတို့ဒေသအလိုက် ဈေးကွက်ဝယ်လိုအားရှိသည့် ဝဥမျိုးကို ရွေးချယ်စိုက်ပျိုးလေ့ရှိကြသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022