အပင်ပြုစုမှု ညံ့ပါက ငှက်ပျောပင်သက်တမ်းပိုကြာကာ အဖူးနောက်ကျနိုင်
အပင်ပြုစုမှုညံ့ပါက ငှက်ပျောပင်၏ သက်တမ်းပိုကြာကာ အဖူးနောက်ကျနိုင်ကြောင်း ငှက်ပျောစိုက်ပျိုးရေးကျွမ်းကျင်သူများက ပြောသည်။
အချိန်ကာလ (၆)ရက်အတွင်း ငှက်ပျောလက်တံတစ်လက်ထွက်အောင် မြေပြင်စဉ်မှအစ အပင်ပြုစုမှုကောင်းဖို့ များစွာလိုအပ်သည်။
အပင်ပြုစုမှုညံ့ရင် အပင်သက်တမ်းက အရမ်းကြာပါမယ်။ ဥပမာ ကိုးရက်မှာမှ တစ်လက်ပဲထွက်တယ်ဆိုရင် ဆယ်လကျော်လောက်မှ အဖူးထွက်ပါမယ်။ ဒါကြောင့် စောစောအဖူးထွက်ချင်ရင် စိုက်ခင်းကို စနစ်တကျ ပြုစုစောင့်ရှောက်မှရပါမယ်။ အဖူးထွက်ပြီး ပျမ်းမျှသုံးလလောက်ဆိုရင် စျေးကွက်ကို တင်ပို့လို့ရပါပြီ။
ဟု မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှ ငှက်ပျောစီးပွားဖြစ်စိုက်ပျိုးသူ ကိုမောင်နိုင် က ဆိုသည်။
ငှက်ပျောဖူးထွက်ရမည့်သက်တမ်းကို စတင်စိုက်ပျိုးပြီးချိန်နောက်ပိုင်း ပထမဦးဆုံး မင်္ဂလာ အလက်ထွက်ပြီးနောက် ထွက်လာသည့်ပုံသဏ္ဌာန်မှန် (မူမှန်အရွက်)မှ စပြီး ရေတွက်ရသည်။
ငှက်ပျောတစ်ပင်ရဲ့ အဖူးထွက်ရမယ့်သက်တမ်းက ငှက်ပျောအလက် (မူမှန်အလက်) နဲ့သာဆိုင်ပါတယ်။ အဖူးထွက်မယ့် အလက်အရေအတွက်က ပျမ်းမျှ အလက် ၃၅ ကနေ ၄၅ လက်ကြားမှာပဲ အဖူးထွက်လေ့ရှိပါတယ်။ အဲ့ဒီတော့ ၃၅ လက်ကို အခြေခံပြီး တွက်ကြည့်ပါ။
ဟု ကိုမောင်နိုင် က ဆက်လက်ပြောသည်။
ငှက်ပျောပင်တွင် ခေါင်းပိုး(weevil)၊ လှေးပိုး (Thrip) တို့ အများဆုံးဖြစ်ပွားတတ်ပြီး၊ ငှက်ပျောပင်အတွက် အန္တရာယ်အပေးဆုံးရောဂါများမှာ ခေါင်းကွဲရောဂါ (panama wilt) or (fusarium wilt)၊ ခေါင်ပုပ်/ပင်စည်ပုပ်ရောဂါ (Moko diseases)၊ သံချေး/အသီပုပ် (or) ထိပ်ပုပ်ရောဂါတို့ဖြစ်ကြောင်း သိရသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Ko phyo
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022