ရာသီဥတုမမှန်သောကြောင့် ကြက်ဟင်းခါးစိုက်ပျိုးသူများ စိုက်ပျိုးရေအခက်အခဲကြုံတွေ့ကြရ
ယခုနှစ်တွင် ရာသီဥတု မိုး၊ လေ မမှန်သောကြောင့် ပဲခူးတိုင်းဒေသကြီးရှိ ကြက်ဟင်းခါးသီးစိုက်ပျိုးသူများ စိုက်ပျိုးရေ အခက်အခဲကြုံတွေ့ကြရကြောင်း သိရသည်။
ဒီနှစ် ကြက်ဟင်းခါးသီးပင်တွေစိုက်ပျိုးရာမှာ မိုးတွင်းသာ ဆိုတယ်။ ရာသီဥတုမမှန်၊ မိုးရွာသင့်တဲ့အချိန်မှာ မရွာတဲ့အတွက် မနက်ပြန် ညပြန်ကို ထမ်းပုံးနဲ့ လောင်းလောင်းပေးနေရတယ်။အထွက်နှုန်းလည်း အခုနှစ်မှာ ရာသီဥတုဒဏ် နေပူဒဏ်နဲ့ဆိုတော့ အသီးတွေနည်းနည်းခြောက်ချင်တယ်။ ဇူလိုင်လမှာ အသီးတွေစဆွတ်ရတယ်။ ရာသီဥတုကောင်းတဲ့နှစ်ဆိုရင်တော့ အနည်းဆုံး အောက်တိုဘာလ၊ နိုဝင်ဘာလတွေအထိ ဆက်ခူးဆွတ်လို့ ရမှာ။ ခုကတော့ ရာသီဥတုက ဘာမှမပြောသာဘူး။
ဟု ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မှုတ်ရှည်ကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာမှ ကြက်ဟင်းခါးသီးပင်စိုက်ပျိုးသူ ဦးကျော်အုန်းက ပြောသည်။
ကြက်ဟင်းခါးသီးပင်များကို မေလဆန်းမှာ စတင်စိုက်ပျိုးကြပြီး၊ စိုက်ပျိုးပြီး ရက်(၂၀) ဝန်းကျင်တွင် အပင်မှအညွှန့်ထွက်ကာ၊ စိုက်ပျိုးပြီး (၂)လအကြာတွင် အသီးများ စတင်ခူးဆွတ်ရကြောင်း သိရသည်။
တောင်သူလုပ်ရိုးလုပ်စဉ်အရတော့ စတင်စိုက်ပျိုးချိန်မှာ အဲ့ဒီအကွက်ကို သမန်းကိုင်ပြီးတော့ ပေါက်ပြားနဲ့ မြောင်းဆွဲပါတယ်။ မြောင်းဆွဲပြီးတော့ တစ်စေ့နဲ့တစ်စေ့ကို တစ်တောင့်ထွာလောက်ခြားပြီး တန်းဆွဲလိုက်တာပါ။ မြေဩဇာကိုတော့ နိုက်ထရိုဂျင်ပါတဲ့မြေဩဇာနဲ့ နွားချေးဆွေးနဲ့ ထည့်ပါတယ်။ မျိုးစေ့တိုက်ရိုက်ချစနစ်နဲ့ စိုက်ပျိုးတာပါ။ ကြက်ဟင်းခါးပင်ကနေ အရွက်ကလေး လေးရွက်၊ ငါးရွက်ထွက်လာတဲ့ အရွယ်ရောက်မှ စင်ထိုးရတာပါ။ ဒါမှလည်း ကြက်ဟင်းခါးပင်အတွက် စင်ထိုးပြီးတာနဲ့ အပင်ကနေ အညွှန့်လေးတွေ ထွက်လာမှာနဲ့က အချိန်ကွက်တိလောက် သွားကျပါတယ်။ စိုက်ပျိုးပြီး ရက်(၂၀)လောက်ဆို အညွှန့်ထွက်ပါတယ်။
ဟု ဦးကျော်အုန်းက ဆက်လက်ပြောသည်။
မိုးတွင်းကာလ ကြက်ဟင်းခါးပင်မှအရွက်များ စင်ပေါ်ပြည့်သွားသည့်အခါ အရွက်ထပ်များကြားထဲတွင် ပိုးအစိမ်း/အဝါကောင်လေးများ ဝင်ရောက်ခိုအောင်းတတ်ပြီး၊ အရွက်အထပ်များမှာ ဇကာပေါက်လေးများဖြစ်ပေါ်တတ်သည်။ ထိုကာလများတွင် တောင်သူများအနေဖြင့် ဒေသအလိုက် သင့်လျော်ရာပိုးသတ်ဆေးကို ဆယ်ရက်တစ်ပတ် (၂)ကြိမ်ခန့် ပက်ဖျန်းပေးကြရကြောင်း သိရသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022