အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြန်မာနိုင်ငံအနှံ့အပြား၌ စပျစ်စိုက်ပျိုးရေးကို စိတ်ပါဝင်စားမှုများပြားနေ

မြန်မာနိုင်ငံအနှံ့အပြား၌ စပျစ်စိုက်ပျိုးရေးကို စိတ်ပါဝင်စားမှုများပြားနေ

    ၂၀၂၀ ခုနှစ်အတွင်း စပျစ်စိုက်ပျိုးရေးကို မြန်မာနိုင်ငံအနှံ့အပြား ဒေသအသီးသီးမှ စိတ်ပါဝင်စားလာကြပြီး ခြံသစ်များလည်း တိုးပွားလာကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

စပျစ်ပျိုးပင်တွေကို မြို့နယ်တော်တော်များများက အော်ဒါမှာယူလာကြပါတယ်။ ခြံသစ်တွေလည်း များလာတယ်။ ကျွန်တော်တာဝန်ယူစိုက်ပျိုးပေးနေတဲ့ ခြံတွေဆိုရင် မြဝတီ၊ ပြင်ဦးလွင်၊ နေပြည်တော်၊ မုံရွာ၊ ချောင်းဦး၊ တန့်ဆည်၊ မြိုင်၊ ပခုက္ကူ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ မြင်းခြံ၊ နွားထိုးကြီး၊ ပြည်မြို့၊ မန္တလေး၊ ပဲခူး၊ တံတားဦး၊ ဗန်းမောက်၊ ရေနံချောင်းနဲ့ မတ္တရာ စတဲ့ နေရာအနှံ့အပြားမှာ ရှိနေပါပြီ။ လာမယ့် ဖေဖော်ဝါရီလထဲမှာဆိုရင် အပင်ရေတိုးချဲ့စိုက်ပျိုးပေးရမယ့်ခြံတွေလည်း ရှိနေပါတယ်။

ဟု မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းဒေသရှိ လပြည့်ဝန်းစပျစ်စိုက်ပျိုးရေးခြံ၊ စပျစ်ပျိုးအမျိုးမျိုးနှင့် ဝိုင်စပျစ်သီးရောင်းဝယ်ရေးမှ စီမံအုပ်ချုပ်သူ ကိုမင်းဆက်ပိုင်က ပြောသည်။

    ကနဦးစိုက်ပျိုးစဉ်အခါက အပင်ရေအနည်းငယ်သာ စမ်းသပ်စိုက်ပျိုးခဲ့ကြသူများမှာလည်း (သားစဉ်မြေးဆက် ရေရှည်အကျိုးဖြစ်ထွန်းမှုရှိသည့်) စပျစ်စိုက်ပျိုးရေး ဈေးကွက်အပေါ်  သဘောပေါက်နားလည်လာပြီး စိုက်ဧကတိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။

စစိုက်တုန်းကတော့ စပျစ်စိုက်ပျိုးရေးအပေါ် ယုံကြည်မှုအားနည်းသေးတော့ အပင်ရေနည်းနည်းပဲ စမ်းစိုက်ခဲ့ကြတာမျိုးပါ။ အခုနောက်ပိုင်းမှာတော့ ကိုယ်တိုင်စိုက်ပျိုးတဲ့ခြံတွေအပြင် အနီးပတ်ဝန်းကျင်တွေကပါ စပျစ်စိုက်ပျိုးရေးက အမှန်တကယ်ကောင်းမွန်တဲ့ စိုက်ပျိုးရေးဆိုတာကို လက်ခံလာကြတယ်။ ဈေးကွက်ကလည်း ကိုယ့်အပေါ်မူတည်နေတာ၊ ဝယ်လိုအားကောင်းတာထက် ကိုယ်စိုက်ရင်စိုက်သလောက် အောင်မြင်မှုရနိုင်တယ်ဆိုတာကို အများစု သိလာကြတာ။ ဒါ့ကြောင့် အရင်က နည်းနည်းစိုက်ထားတဲ့သူတွေလည်း တိုးချဲ့စိုက်ပျိုးလာကြတယ်။ အရင်တုန်းကဆိုရင် နှစ်တိုင်းလိုလို အပင်ရေ ငါးထောင်၊ ခြောက်ထောင်လောက်သာ သွားခဲ့တာပါ။ အခုဆိုရင် အပင်ရေ တစ်သောင်းကျော်၊ နှစ်သောင်းနီးပါးအထိ မှာယူမှုတွေရှိကြတယ်။

ဟု ကိုမင်းဆက်ပိုင်က ဆက်လက်ပြောသည်။

    ယခုကာလသည် စပျစ်စတင်စိုက်ပျိုးမည့် ခြံများအနေဖြင့် စတင်စိုက်ပျိုးမည့်မြေပေါ်တွင် မြေပြုပြင်ခြင်း၊ ထယ်ရေးပြုပြင်ခြင်းများ ပြုလုပ်သင့်သည့် ကာလအပိုင်းအခြားတစ်ခုလည်း ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

9
ဦးအောင်ကျော်

ဦးအောင်ကျော်

လွန်ခဲ့သော ၂ နှစ် က

အောက်ခံစပျစ်ရိုင်းအပင်ဘယ်မှာရနိုင်သလဲ

​ရောဘတ်

​ရောဘတ်

လွန်ခဲ့သော ၅ နှစ် က

Lashioမှာဆိုရင်​ကောစပျစ်လုပ်ရင်ရနိုင်မလား

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့စိုက် ရပါသလာ စျေးနုန်း သိခြင်ပါတယ်

လင်းရှိန်

လင်းရှိန်

လွန်ခဲ့သော ၅ နှစ် က

စပျစ်စိုက်ပျိုးရေးကိုစိတ်ဝင်စားတယ်၊တောင်ပေါ်ဒေသနဲ့ကိုက်ညီပါ့မလား၊သံတောင်မြှောက်ပိုင်း၊ကျောက်တံခါးကပါ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

ပခုက္ကူ. ကပါခဗျာ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။