ပဲတီစိမ်း စတင်စိုက်ပျိုးသူများအနေဖြင့် မြေအမျိုးအစားကို အဓိကကြည့်ရှုပြီးမှ စိုက်ပျိုးသင့်
ပဲတီစိမ်း စတင်စိုက်ပျိုးသူများအနေဖြင့် အထွက်နှုန်းကောင်းမွန်စေရန်၊ အရည်အသွေးပြည့်မီစေရန်အတွက် အပင်ပြုစုထိန်းသိမ်းမှုများ လုပ်ဆောင်ပေးနိုင်ရမည့်အပြင် မစိုက်ပျိုးမီ မြေအမျိုးအစားကိုလည်း စနစ်တကျ ရွေးချယ်ကြည့်ရှုပြီးမှသာ စိုက်ပျိုးသင့်ကြောင်း စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူများက ပြောသည်။
ကျွန်တော်က ပဲတီစိမ်းပင်တစ်မျိုးတည်းကို ၅၅ ဧက စိုက်ပျိုးထားပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်တဲ့အတွက် မိရိုးဖလာစိုက်ပျိုးခဲ့တာပါ။ ပဲတီစိမ်းပင်ကို စတင်စိုက်ပျိုးမယ့်သူတွေအနေနဲ့ မြေအမျိုးအစားကို အဓိကထား ကြည့်ရှုလေ့လာပြီးမှ စိုက်ပျိုးသင့်ပါတယ်။ ပဲတီစိမ်းက ဘယ်လိုမြေအမျိုးအစားကို ကြိုက်သလဲဆိုတော့ မြေစေးလည်း မဟုတ်ရဘူး။ သဲမြေအမျိုးအစားလည်း မဟုတ်ရဘူး။ နည်းနည်း နှုန်းဆန်တဲ့မြေပေါ့။ စိမ့်စမ်းမြေမျိုးဖြစ်ပြီး၊ မြေက တအားလည်းမစေးရဘူးပေါ့။ အဲ့ဒီလိုမြေအမျိုးအစားမျိုးဆိုရင် ကောင်းကောင်း ဖြစ်ထွန်းပါတယ်။
ဟု ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ မကျီးပေါက်ကန်ကျေးရွာမှ ပဲတီစိမ်းပင် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေသူ ဦးသူရထွန်းက ပြောသည်။
ပဲအမျိုးမျိုးအနက် ပဲတီစိမ်းဈေးကွက်မှာ နှစ်စဉ်ပုံမှန်မပြတ် လည်ပတ်နေပြီး၊ ၂၀၂၀ ခုနှစ်ပေါက်ဈေးများအရ ပဲတီစိမ်း ပိဿာချိန် ၂၀ (တစ်တင်း) လျှင် ၄၂၀၀၀ ကျပ် ရရှိခဲ့ကြောင်း သိရသည်။
ဈေးကွက်တင်ပို့ရာမှာတော့ အရည်အသွေးပိုင်းက အဓိကပါပဲ။ မိုးမိသွားတာမျိုးကြုံရင်တော့ ပဲတီစိမ်းအစေ့တွေထဲ အဝါဖက်သန်းတာလေးတွေ ရောပါသွားနိုင်ပါတယ်။ အဲ့ဒီလိုဆိုရင် ဈေးအနည်းငယ် လျော့ကျတတ်ပါတယ်။ ရိတ်သိမ်းခါနီး မရိတ်သိမ်းခင် အပင်ပေါ်မှာမိုးမိတာမျိုးကို သတိထားရတာပါ။ ပဲအားလုံး ဝါသွားတာတော့မဟုတ်ပေမယ့်၊ ပဲတီစိမ်းတွေထဲမှာမှ တစ်စေ့တစ်လေက ဝါနေတာမျိုးဆိုရင်ကို အရည်အသွေးကြောင့် ဈေးလျှော့ခံရတတ်ပါတယ်။ ပုံမှန်ရမယ့်ဈေးထက် ၂၀၀၀ ကျပ်လောက် ဈေးကွာသွားတတ်ပါတယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
ပဲတီစိမ်းပင်စိုက်ပျိုးရာတွင် အများအားဖြင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးလေ့ရှိပြီး ဖေဖော်ဝါရီလတွင် ခူးဆွတ်ရိတ်သိမ်းလေ့ရှိကြောင်းသိရသည်။
kyawsoe
လွန်ခဲ့သော ၄ နှစ် ကအင်တိုင်းသဲမြေနက်တွေဆိုမရဘူးလားဗျ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022