ဘေးအန္တရာယ်ကင်းရှင်းသည့် သီးနှံများထုတ်လုပ်နိုင်ရန် ဂျီအေပီနည်းစနစ်ဖြင့် စိုက်ပျိုးသင့်
အစားအသောက်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်စေရန် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP-Good Agricultural Practices) စနစ်ဖြင့် စိုက်ပျိုးကြစေလိုကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဆိုသည်မှာ မစိုက်ပျိုးခင် မြေပြုပြင်ချိန်မှစ၍ စိုက်ပျိုးထုတ်လုပ်ပြီးနောက် စားသုံးသူလက်ဝယ် ရောက်ရှိသည့်အချိန်အထိ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် အဆိပ်အတောက်များကို အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်မှုများဖြစ်သည်။
GAP စနစ်သည် အစားအစာများစားသုံးရာတွင် ဘေးအန္တရာယ်များ ကင်းရှင်းပြီး စိတ်ချယုံကြည်မှုရရှိစေရန်၊ သီးနှံများ၏ အရည်အသွေး ထိခိုက်ပျက်စီးဆုံးရှုံးမှုအား ထိန်းသိမ်းကာကွယ်နိုင်စေရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးနည်းစနစ် ထူထောင်လာနိုင်စေရန်၊ လုပ်သားများ၏ ကျန်းမာရေး၊ လူမှုဘ၀ သာယာဝပြောရေး အလေးထားဆောင်ရွက်နိုင်စေရန် စသည့် အဓိကရည်ရွယ်ချက် (၄) ချက် ပါဝင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပိုးသတ်ဆေးအကြွင်းအကျန်တွေနဲ့ ဓာတ်မြေသြဇာတအားသုံးတာတွေကြောင့် ခူးဆွတ်ပြီးချိန်မှာ တာရှည်မခံတာတွေဖြစ်တတ်တယ်။ ဓာတ်မြေသြဇာသုံးတဲ့အခါ မှတ်ပုံတင်ထားတဲ့တံဆိပ်ကိုသာ သုံးပါ။ လိုအပ်တဲ့ပမာဏသာ စနစ်တကျသုံးပါ။ ရေသွင်းတဲ့အခါ၊ သီးနှံတွေခူးပြီး ဆေးကြောတဲ့အခါ သုံးတဲ့ရေနဲ့ အသုံးအဆောင်ပစ္စည်းတွေအားလုံး သန့်ရှင်းဖို့လိုတယ်။ GAP လျှောက်မယ်ဆိုရင် တောင်သူတွေအနေနဲ့ ကုန်ကျစရိတ်များများစားစားမရှိပါဘူး။ ဘာတွေကုန်ကျမလဲဆိုရင် စိုက်ပျိုးမယ့်မြေမှာပါဝင်တဲ့ မာကျူရီ၊ ခရိုမီယမ်၊ ခဲဓာတ်၊ အာဆင်းနစ်ဓာတ် စတဲ့ (Heavy Metal)တွေ ပါလားဆိုတာကို ဓာတ်ခွဲစစ်ရတယ်။ သီးနှံခူးဆွတ်ခါနီးရင် သီးနှံနမူနာယူပြီး ပိုးသတ်ဆေးအကြွင်းအကျန် ရှိမရှိ ဓာတ်ခွဲစစ်ရတယ်။ GAP စနစ်နဲ့ ဘာသီးနှံစိုက်စိုက် မြေနမူနာနဲ့ရေနမူနာ စစ်ဆေးခရယ်၊ သီးနှံထဲ ပိုးသတ်ဆေးအကြွင်းအကျန် ရှိမရှိ စစ်ဆေးခရယ်လောက်ပဲ ကုန်ကျတာပါ။
ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သည့်အတွက် အာဆီယံ GAP သတ်မှတ်ချက်များအရ ချမှတ်ထားသည့် မြန်မာ GAP ၌ အစားအစာအန္တရာယ်ကင်းရှင်းရေးကဏ္ဍ (Food Safety Module) ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ (Environmental Management Module) ၊ သီးနှံများ၏ အရည်အသွေးကဏ္ဍ (Produce Quality Module) ၊ လုပ်သားများကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုဘ၀ သာယာရေးကဏ္ဍ (Workers, Health, Safety and Welfare Module) စသည့် ကဏ္ဍများ ပါဝင်သည်။
အထက်ပါ အခြေခံကဏ္ဍ (၄) ခုကို ခွဲခြမ်းစိတ်ဖြာထုတ်ပြန်ထားသည့် အချက် ၂၂၆ ချက်အတိုင်း လိုက်နာဆောင်ရွက်မှု ရှိမရှိ စစ်ဆေး၍ GAP အသိအမှတ်ပြုလက်မှတ်များကို ထုတ်ပေးနေခြင်းဖြစ်ကြောင်း သက်ဆိုင်ရာပညာရှင်များထံမှ သိရသည်။
GAP စနစ်ဖြင့် စိုက်ပျိုးပါက စိုက်ပျိုးမည့်မြေနေရာ ရွေးချယ်ခြင်း၊ ခြေဖျက်ရန်ခက်ခဲသည့် ဓာတ်သတ္တုများ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ရေစစ်ဆေးခြင်း၊ မျိုးစေ့/ပျိုးပင်၊ မြေသြဇာနှင့် မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ဓာတုဆေးများနှင့် အခြားဓာတုပစ္စည်းများ ရွေးချယ်ခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ စိုက်ပျိုးရေးနှင့် အခြားဆက်စပ်ပစ္စည်းကိရိယာများ၊ ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း၊ အဆောက်အဦများ ဆောက်လုပ်ထားခြင်း၊ တိရစ္ဆာန်နှင့် ဖျက်ပိုးများ ထိန်းချုပ်ခြင်း၊ အထောက်အထားနှင့် မှတ်တမ်းများကို စနစ်တကျထားရှိခြင်း၊ နောက်ကြောင်းပြန် စစ်ဆေးခြင်းနှင့် ပြန်လည်သိမ်းဆည်းခြင်း၊ လိုအပ်သော GAP အသိပညာရရှိစေရန် ပို့ချပေးသည့် သင်တန်းတက်ခြင်း၊ ဆောင်ရွက်ကျင့်သုံးမှုများကို ပြန်လည်သုံးသပ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်သားများဘ၀ သာယာဝပြောရေး စသည့်အချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရှိ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း (ထုံးဘို) မှ သိရသည်။
GAP စနစ်ကို စိတ်ပါဝင်စား၍ စိုက်ပျိုးလိုသည့် တောင်သူများအနေဖြင့် မိမိတို့နေထိုင်ရာမြို့နယ်အလိုက် စိုက်ပျိုးရေးဦးစီးဌာနရုံးများ၌ GAP လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာများ အလွယ်တကူထုတ်ယူနိုင်ပြီး အခမဲ့ လျှောက်ထားနိုင်ကြောင်း သိရသည်။
ဦအောင်အောင်
လွန်ခဲ့သော ၅ နှစ် ကအပင်စိုက်တာဝါသနာပါတယ်.. အပင်တစ်ပင်ရဲ့တန်ဖိုးကိုသိတယ်...
ဦအောင်အောင်
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါ....မမ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022