အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Export လမ်းကြောင်းများမပွင့်သေးသော်လည်း ယခုရက်ပိုင်း ကွမ်းသီးဈေးအနည်းငယ်ပြန်တက်

Export လမ်းကြောင်းများမပွင့်သေးသော်လည်း ယခုရက်ပိုင်း ကွမ်းသီးဈေးအနည်းငယ်ပြန်တက်

    အိန္ဒိယနိုင်ငံသို့တင်ပို့သည့် Export လမ်းကြောင်းများမပွင့်သေးသော်လည်း ယခုရက်ပိုင်းတွင် ကွမ်းသီးဈေး အနည်းငယ်ပြန်တက်ကြောင်း ကွမ်းသီးဒိုင်များမှ သိရသည်။

ပြီးခဲ့တဲ့ရှေ့တစ်ပတ် နှစ်ပတ်က ကွမ်းသီးအသစ် တစ်ပိဿာကို ၂,၀၀၀ ကျပ်လောက် ဈေးရှိခဲ့တယ်။ အခုတစ်ပတ်မှာ ဈေးနည်းနည်းတက်လာတယ်။ ကွမ်းသီးအဟောင်းဈေးကလည်း ပထမ COVID-19 ကာလတုန်းက တစ်ပိဿာကို ၄,၀၀၀ ကျပ်လောက် ရှိခဲ့တယ်။ အခုရက်မှာ နည်းနည်းပြန်တက်နေတယ်။ COVID-19 ရောဂါမပေါ်ခင် အရင်နှစ်တွေတုန်းကနဲ့ယှဉ်ရင်တော့ အခုတက်တဲ့ဈေးတွေက နည်းနေသေးတယ် ဆိုပေမယ့်လည်း ပြည်ပပို့တဲ့ဈေးကွက်လမ်းတွေ သိပ်မပွင့်သေးတဲ့ ခုလိုကာလထဲမှာတော့ ဒီလောက်ဈေးက တက်တယ်လို့ ဆိုရမှာပါ။ အရင်နှစ်တွေကတော့ ဒီအချိန်ဆို ကွမ်းသီးဈေးက ၄,၀၀၀ ကျပ်နဲ့အထက် ဈေးရှိခဲ့တာပေါ့။

ဟု ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံရှိ ကွမ်းသီးဒိုင်မှ ကိုမျိုးမြင့်လတ် က ပြောသည်။

    ကွမ်းသီးအသစ်များ စတင်ထွက်ရှိသည့် ကာလဖြစ်သဖြင့် ဈေးအနည်းငယ် တက်လာခြင်းဖြစ်ပြီး၊ ကွမ်းသီးအထွက်များတတ်သည့် ဒီဇင်ဘာလဝန်းကျင်တွင် ကွမ်းသီးဈေးပြန်လည်ကျဆင်းတတ်ကြောင်း သိရသည်။

အခုရက်ပိုင်းတွေမှာ ကွမ်းသီးအဝယ်လိုက်လာတာကြောင့် ဈေးနည်းနည်းတက်လာတာပါ။ ဒီဇင်ဘာလလောက် ဆိုရင်တော့ ကွမ်းသီးအထွက်များမယ့်အချိန်ဆိုတော့ ဈေးပြန်ကျလောက်ပါမယ်။

ဟု ကိုမျိုးမြင့်လတ်က ဆက်လက်ပြောသည်။

    လက်ရှိဈေးကွက်တွင်း ကွမ်းသီးအသစ် တစ်ပိဿာလျှင် (၂,၇၀၀) ကျပ် ဝန်းကျင်၊ ကွမ်းသီးအဟောင်း တစ်ပိဿာလျှင် (၄,၆၀၀) ကျပ်ဝန်းကျင် ဈေးနှုန်းများဖြင့် လက်ကားရောင်းဝယ်ဖောက်ကားနေကြသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။