အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တရုတ်ကြောင့် ခရမ်းရွှေဝါပဲတီစိမ်း ဈေးဆက်တိုက် တက်လာ

တရုတ်ကြောင့် ခရမ်းရွှေဝါပဲတီစိမ်း ဈေးဆက်တိုက် တက်လာ

AMIA
AMIA • 05/03/2026

 

ပြည်တွင်း ပဲတီစိမ်းဈေးကွက်မှာ ဈေးနှုန်းဆက်တိုက်အကျပြခဲ့တဲ့ ရန်ကုန်တိုင်း ခရမ်းဒေသထွက် ပဲတီစိမ်း (ခရမ်းရွှေဝါ) နဲ့ ရေဆင်းတို့ဟာ ယခုရက်ပိုင်းမှာ ဈေးနှုန်း ဆက်တိုက် မြင့်တက်လာနေတယ်လို့ ခရမ်းတောင် သူတွေဆီက သိရပါတယ်။

လက်ရှိမှာ ခရမ်းပဲတီစိမ်းကို ကြိုပွင့်စနစ်နဲ့ ရောင်းချထားတဲ့ ပွဲစားတွေအနေနဲ့ ပဲအပ်ရမယ့်ကာလ နီးလာပြီဖြစ်တာကြောင့် ဝယ်လိုအားကောင်းပြီး ဈေးကွက်အတက်ဘက် ပြန်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

"သူတို့ ပဲအပ်ရရင် နှစ်တိုင်းပဲ ဈေးတက်တယ်။ ကြိုတင်ပဲတွေကို ပဲမပေါ်ခင် တစ်လအလိုက တစ်တင်းကို ၁၁၀,၀၀၀ ကျပ်နဲ့ ပွဲစားတွေ ကြိုရောင်းထားကြတယ်။ လယ်သမားတွေ ဒီနှစ် ပဲထွက်ဆုတ်ကြတော့ ပဲက ထင်သလောက် မြို့ပေါ် တက်မလာဘူး။ အပ်ချိန်က နီးလာပြီဆိုတော့ ကြိုရောင်းသမားတွေ အပြိုင်အဆိုင် ဝယ်ကုန်လို့ ဖြစ်တာပါ" လို့ ခရမ်းပဲတီစိမ်း စိုက်တောင်သူကြီး ဦးဌေးက ပြောပါတယ်။

တရုတ်ကလည်း ခရမ်းပဲတီစိမ်းကို ဝယ်လိုအား ကောင်းလာတဲ့အတွက်ကြောင့်လည်း ခရမ်းပဲတီစိမ်း ဈေးကွက် တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ 

"တရုတ်တွေက အခု ကိုယ်တိုင် ခရမ်းကို အဝယ်ဆင်းလာတယ်။ တောင်သူတွေကလည်း ပဲကို ထိန်းရောင်းတော့ ဈေးကမတက်ဘဲ ရှိမလဲ" လို့ တောင်သူတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ ပွဲရုံတွေ၊ ပွဲစားနဲ့ ကုန်သည်တွေဆီမှာ ခရမ်းရွှေဝါ ပဲတီစိမ်းဟာ ပိဿာ ၂၀ တစ်တင်းကို ၁၂၂,၀၀၀ ကျပ်အထိ ရှိလာပြီး ရေဆင်းပဲတီစိမ်းက ၁၁၃,၀၀၀ ကျပ်မှ ၁၁၇,၀၀၀ ကျပ်အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။ ယခင် ဖေဖော်ဝါရီ ဒုတိယပတ် က ခရမ်းပဲတီစိမ်း ဈေးကွက်မှာ ခရမ်းရွှေဝါ  ၉၈,၀၀၀ ကျပ်မှ ၉၉,၀၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် ဆောင်းပဲတီစိမ်းရာသီမှာ အပင်တွေသေခြင်း၊ ကြွက်ကိုက်ခြင်းစတဲ့ အခြေအနေတွေကြောင့် ပဲတီစိမ်း အထွက်နှုန်း သိသိသာသာ လျော့ကျခဲ့ပါတယ်။ ဒါကြောင့် တောင်သူအချို့က လယ်က ထွက်သမျှ ပဲကို ပွဲရုံတွေဆီ အကုန်ထုတ်ရောင်းမယ့်အစား ငွေကြေးလိုအပ်သလောက်သာ ရောင်းချပြီး ဈေးအတက် ကို စောင့်နေကြတယ်လို့ သိရပါတယ်။

ခရမ်းရွှေဝါနဲ့ ရေဆင်းဟာ ခရမ်းဒေသမှာသာ ဈေးတက်နေတာဖြစ်ပြီး ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင် ဈေးကွက်မှာတော့ ခရမ်းရွှေဝါ တစ်ပိဿာကို ၅,၄၁၅ ကျပ် (အကျဈေး) မှာပဲ ဆက်ရှိနေပါသေးတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။