“စိုက်နည်းစနစ်ကျွမ်းကျင်ပါက သခွားထွက်နှုန်းပန်းတိုင် သေချာမည်”
စိုက်ပျိုးနည်းစနစ်ပိုင်း ကျွမ်းကျင်ပါက သခွားပင်၏ ထွက်နှုန်းပန်းတိုင် သေချာမည်ဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင်များက ပြောသည်။
သခွားပင် စိုက်ပျိုးရာတွင် စိုက်ဘောင်ဖြင့် စနစ်တကျစိုက်ပျိုးပါက ရေငတ်ခြင်းနှင့် ရေဝပ်ခြင်းတို့ကို ပိုမိုသက်သာစေပြီး စိုက်ဘောင်ကို ကောက်ရိုး၊ သစ်ရွက် (သို့မဟုတ်) ပလတ်စတစ်စနှင့် ဖုံးအုပ်သင့်ကြောင်း သိရသည်။
မြေဩဇာကတော့ ကိုယ်ကြိုက်နှစ်သက်ရာ သုံးပါ။ အပင် လေဝင်လေထွက်ကောင်းကောင်းရစေဖို့ လုံလောက်တဲ့ ပင်ကြားတန်းကြားအကွာအဝေးနဲ့ ချိန်ဆစိုက်ပျိုးရပါမယ်။ သခွားပင်နွယ်တက်စေဖို့ တန်းထိုးပြီး စင်ဆောက်ပေးပါ။
ဟု စိုက်ပျိုးရေးပညာရှင် ဦးအောင်ကိုလတ် က ပြောသည်။
သခွားပင်သည် အခါးဓာတ်တစ်ကြိမ် ထုတ်မိပါက ဆက်တိုက်ထုတ်လွှတ်တတ်သော သဘာဝရှိသဖြင့် အပင်ငယ်စဉ်မှစ၍ ရေလောင်းခြင်း၊ ရေသွင်းပေးခြင်းတို့ကို ပုံမှန်ပြုလုပ်ပေးသင့်ပြီး၊ သခွားသီးမခါးစေရန် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးသင့်ကြောင်း သိရသည်။
အပင်ခြေကို ရေမဝပ်စေဖို့အတွက် အထူးဂရုစိုက်ပါ။ ရွက်ဖြန်းဆေးအနေနဲ့ ရေတစ်ဂါလံကို ဆားခါး ဟင်းစားဇွန်း (၁) ဇွန်းနှုန်းနဲ့ (၅) ရက်တစ်ကြိမ် ဖျန်းပေးနိုင်ပါတယ်။ မနက်ပိုင်းမှာ ဖျန်းပေးပါ။ တချို့သခွားမျိုးတွေဟာ မိုးရာသီမှာ မခါးပေမယ့်လည်း ကျန်တဲ့ရာသီမှာ ခါးတတ်ပါတယ်။ အခု နောက်ပိုင်းမှာတော့ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး မခါးတဲ့မျိုးတွေလည်း ပေါ်ထွက်နေပါပြီ။
ဟု ဦးအောင်ကိုလတ် က ဆက်လက်ပြောသည်။
သခွားပင်ကို မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးသင့်ပြီး၊ နွေရာသီတွင် စိုက်ပျိုးမည်ဆိုပါကကွမ်းခြံ ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိသည့် ဇကာစိမ်း (50% horti net) များဖြင့် အမိုးပြုလုပ်၍ စိုက်ပျိုးနိုင်ကြောင်း သိရသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Myo Thet
လွန်ခဲ့သော ၁ နှစ် ကနွေရာသီစိုက် သခွါးမျိုးလေးသိလို့ရမလားဆရာ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022