အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆောင်းနှမ်းရိတ်သိမ်းသည့်ကာလဖြစ်ပြီး အရည်အသွေးမညံ့စေရန် ဂရုတစိုက်ရိတ်သိမ်းနေရ

ဆောင်းနှမ်းရိတ်သိမ်းသည့်ကာလဖြစ်ပြီး အရည်အသွေးမညံ့စေရန် ဂရုတစိုက်ရိတ်သိမ်းနေရ

    ဆောင်းနှမ်းရိတ်သိမ်းသည့်ကာလဖြစ်ပြီး အရည်အသွေးမညံ့စေရန် ဂရုတစိုက် အချိန်ပေးရိတ်သိမ်းနေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ နှမ်းနက်စိုက်တောင်သူများထံမှ သိရသည်။

အခုမှရိတ်နေကြတုန်းပါ။ နှမ်းအစေ့အဆံ မဖြစ်သေးဘူး။ ရိတ်ပြီး ခုနှစ်ရက်လောက်နေမှ နှမ်းစေ့ရတာ။ နှမ်းစေ့က နေပူမှကွဲထွက်လာတာ။ လက်ရှိမှာတော့ ရာသီဥတုက နေသာတယ်။ နှင်းနည်းနည်းကျတယ်။ နှမ်းစေ့နဲ့အတူ ဖုန်၊ သဲ၊ ခဲ တွေမရောပါစေရအောင် ဂရုစိုက်ရိတ်သိမ်းနေကြပါတယ်။ နှမ်းပင်‌ခြောက်မှ ခါယူရတာမို့ နေအခြောက်လှမ်းရ၊ ခါရမှာနဲ့ တစ်လနီးပါးလောက်တော့ အချိန်ယူရဦးမယ်။ ထွက်နှုန်းနည်းတာ များတာထက် အရည်အသွေးညံ့လို့မဖြစ်ဘူး။

ဟု စစ်ကိုင်းတိုင်းမှ နှမ်းစီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူ ဦးကျော်ကျော်ထွန်းက ပြောသည်။

    စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အတော်များများ၌ ဆောင်းနှမ်းစိုက်ပျိုးကြပြီး၊ ဩဂုတ်လတွင်စတင်စိုက်ပျိုးပြီး အောက်တိုဘာလသည် ဆောင်းနှမ်း စတင်ရိတ်သိမ်းသည့် ကာလဖြစ်သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အောက်ပိုင်းမှာ ရှိတဲ့ ယာမြေ၊ တောင်ယာမြေတွေမှာ‌ပါ နှမ်းစိုက်ပျိုးကြပါတယ်။ အခုရိတ်နေတာ ဆောင်းနှမ်းပါ။ သက်တမ်းက ငယ်တယ်။ နှစ်လခွဲနဲ့ ရိတ်သိမ်းရတဲ့ သီးနှံပါ။ မိုးနှမ်းက မိုးဦးကျချိန် စိုက်ကြပါတယ်။ နှမ်းက အသက်ငယ်တော့ တောင်သူတွေအတွက် ပြုစုရတာ အချိန်တိုအတွင်း ငွေပေါ်လည်းမြန်ပါတယ်။ ကုန်ကျစရိတ်ကလည်း အချိန်တိုအတွင်း အပြေးအလွှား အရင်းအနှီး ထည့်ကြရတာပဲ။ ရှုံးတာမြတ်တာတော့ ကံတရားအတိုင်းပေါ့။ နှစ်တိုင်းဒီလိုပဲ မိရိုးဖလာတောင်သူအလုပ် လုပ်နေကြတာဆိုတော့ သိပ်အဆန်းကြီး မဟုတ်ကြတော့ဘူး။

ဟု စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အင်ကြင်းပင်ကျေးရွာမှ နှမ်းစိုက်တောင်သူဦးဟန်ထွန်းက ပြောသည်။

    နှမ်းစိုက်ပျိုးရာတွင် ရာသီဥတုအပေါ်မူတည်၍ နေရာဒေသအလိုက် ထွက်နှုန်းနှင့် ဈေးကွက်ကွာခြားချက်ရှိနိုင်ပြီး စစ်ကိုင်းတိုင်းအတွင်း နှမ်းနက်စမုံ (၃) တင်းတစ်အိတ်လျှင် ကျပ် (၂၀၀,၀၀၀) ဝန်းကျင်ပေါက်ဈေးရှိနေသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
သူဇာလင်း

သူဇာလင်း

လွန်ခဲ့သော ၅ နှစ် က

နှမ်းဘယ်စျးရှိလဲဗျ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။