အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ထောပတ် Hass မျိုးစိုက်ပျိုးရာတွင် အအေးဓာတ်ပိုမိုများပြားသည့် ဒေသများတွင်စိုက်ပျိုးသင့်

ထောပတ် Hass မျိုးစိုက်ပျိုးရာတွင် အအေးဓာတ်ပိုမိုများပြားသည့် ဒေသများတွင်စိုက်ပျိုးသင့်

    ကမ္ဘာတွင် အကြီးဆုံးစျေးကွက်ဝေစု ရရှိထားသည့် ထောပတ်မျိုး Hass မျိုးကို စိုက်ပျိုးရာတွင် အအေးဓာတ်ပိုမိုများပြားသည့် ဒေသများတွင် စိုက်ပျိုးသင့်ကြောင်း ထောပတ်စိုက်ပျိုးရေးကျွမ်းကျင်သူများထံမှ သိရသည်။

Hassကို စိုက်သင့်သလားလို့မေးရင် စိုက်သင့်ပါတယ်လို့ ပြောရမှာပါ။ Hass က နေရာတိုင်းတော့စိုက်မရဘူးဗျ။ ထောပတ်မျိုးထဲမှာ အအေးပိုကြိုက်လို့ပါ။ အသီး,သီးချိန်နဲ့ ပန်းပွင့်ချိန်မှာ အအေးချိန် 20C °ပတ်ဝန်းကျင်ကို အကြိုက်တွေ့ ပါတယ်။ 25C° ကနေ 30C° အတွင်းမှာဆို အသီးနည်းပြီး၊ အသီးအရည်အသွေးကျဆင်းသွားနိုင်ပါတယ်။ 37C° လောက် ရောက်ရင်တော့ ပန်းပွင့်တွေ ပျက်စီးနိုင်ခြေများပြီး ဝတ်မှုန်ကူးနိုင်ရင်တောင် အသီးက တစ်ပင်ကို ဆယ်ဂဏန်းလောက်ပဲသီးမှာပါ။

ဟု မြန်မာနိုင်ငံ ထောပတ်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောသည်။

    တချို့မြန်မာတောင်သူများအကြား Hass မျိုးသည် အပင်အသေအပျောက်များပြားသည်၊ မြန်မာနိုင်ငံ ရေ၊ မြေ၊ အနေအထားနှင့် မကိုက်ညီဟု ဆိုနေကြသည်များလည်း ရှိပြီး၊ အဓိကအကြောင်းအရင်းမှန်မှာ ထောပတ်ပျိုးခြံနှင့် ကိုင်းဆက်ပင်၏ အရည်အသွေးများအပေါ်တွင်သာ များစွာမူတည်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံက ထောပတ်ခြံတစ်ခြံဆိုရင် နည်းနည်းပိုပူတဲ့နေရာမှာစိုက်မိလို့ ကိုင်းဆက်ပင် ရှစ်နှစ်သားကို အလုံးတစ်ရာပိုပိုပဲသီးပြီး ထွက်ရှိချိန်ကလည်း တစ်လလောက် စောပါတယ်။ မသီးတာတော့ မဟုတ်ပါဘူး။ စီးပွားမဖြစ်ဘူးလို့ ပြောချင်တာပါ။ ကျွန်တော်တို့ရှမ်းပြည်မှာတောင် နည်းနည်းပူတဲ့ နေရာတွေမှာစိုက်ရင် အဲ့ဒီပြဿနာ တွေရှိနိုင်လို့ အပူနည်းနည်း ပိုကြိုက်တဲမျိုး (eg.Buccanear, pinkerton, Boot7, peterson, 034)မျိုးတွေကို အကြံပေး ဖြစ်ပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။ 

    အခြား ထောပတ်မျိုးများနှင့် နှိုင်းယှဉ် စိုက်ပျိုးပါက Hass မျိုးသည် အပင်ရောဂါဒဏ် ပိုမိုခံနိုင်ရှိခြင်း၊ အရည်အသွေးပြည့်မီစွာ စိုက်ပျိုးနိုင်ပါက ဈေးကွက်ထိုးဖောက်နိုင်ခြင်း စသည့် အားသာချက်များ ရှိသော်လည်း၊ Hass မျိုးကို စိုက်ပျိုးလိုသည့် ထောပတ်စိုက်တောင်သူများအနေဖြင့် မိမိစိုက်ပျိုးမည့် ပျိုးပင်၏အရည်အသွေးကို မစိုက်ပျိုးခင် သေချာစီစစ်ဝယ်ယူသင့်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
Nan win phyu

Nan win phyu

လွန်ခဲ့သော ၅ နှစ် က

ထောပတ်ပင် အစေ့ကနေ အပင်ပေါက်လာတာပါ အပင်က ၄နှစ်လောက်ရှိပါပြီ အသီးမသီးသေးလို့ ဘယ်လိုလုပ်ပေးရမလဲ သိချင်ပါတယ်ရှင့်

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။