အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန် ဈေးနှုန်းတွေ ဘယ်လိုတွေပြောင်းသွားလဲ

တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန် ဈေးနှုန်းတွေ ဘယ်လိုတွေပြောင်းသွားလဲ

Green Way
Green Way • 01/12/2022

 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့နဲ့ ယခု ဒီဇင်ဘာလ ၁ ရက်နေ့ တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန် ဈေးနှုန်းတွေ ဘယ်လောက်ထိ ပြောင်းလဲသွားလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

တစ်လအတွင်း ဆန်ဈေးနှုန်းတွေကတော့ သိသိသာသာသာ တက်သွားတာမျိုးမရှိဘဲ အမျိုးအစား တစ်ချို့ကတော့ ၁ တင်းခွဲ ၁ အိတ်ကို တစ်ထောင် နှစ်ထောင်လောက်တော့ တက်သွားပါတယ်။ ဆိုတော့ ဆန်ဈေးက ငြိမ်နေတယ်လို့ပဲ ပြောရမှာပါ။

၁.၁၁.၂၀၂၂ မှ ၁.၁၂.၂၀၂၂ အတွင်းဈေးနှုန်းကွာခြားချက်

ကြက်သွန်နီဈေးကတော့ ဒီနေ့နဲ့ မနေ့ (ဥပုသ်နေ့) မှာ ဈေးနှုန်းတွေ ဖွင့်ခဲ့ခြင်းမရှိတာကြောင့် ၂၉.၁၁.၂၀၂၂ က ဈေးတွေကိုဖော်ပြပေးလိုက်ပါတယ်ရှင့်။ ၂၉ ရက်နေ့က နောက်ဆုံးသိရှိရတဲ့ ဈေးမှာတော့ ကြက်သွန်နီဈေးဟာ ပြီးခဲ့တဲ့လနဲ့ယှဉ်ရင် တစ်ပိဿာကို (၂၀၀  - ၄၀၀) ကျပ်အတွင်း တက်လာပါတယ်။

ကြက်သွန်ဖြူဈေးကတော့ ကျပါတယ်။ ပြီးခဲ့တဲ့တစ်လအတွင်း တစ်ပိဿာကို ကျပ် ၁၀၀ ကနေ ၃၀၀ အတွင်း  အနည်းငယ်စီကျလာတာ ဖြစ်ပါတယ်။

ပြည်တွင်းစားသုံးဆီဈေးတွေမှာတော့ မန္တလေးဈေးကွက်မှာ ပဲဆီရော နှမ်းဆီရောက တစ်ထောင်စီ တက်လာပြီး ပြည်ဈေးကွက်မှာတော့ အရင်လက ဈေးအတိုင်းပဲ ဖြစ်ပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

2
Htu ing

Htu ing

လွန်ခဲ့သော ၃ နှစ် က

ဆိတ်ပါးစပ်အနာဖြစ်နေလို့ပါ ဆရာရေ

Htu ing

Htu ing

လွန်ခဲ့သော ၃ နှစ် က

ဆိတ်အကျောင်းမေးလို့ရမလား

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။