အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စီးပွားဖြစ် ကွမ်းခြံများတည်ထောင်ရာတွင် မှိုရောဂါကင်းစင်သည့် ကွမ်းမျိုးသန့်ရရှိရန် လွန်စွာအရေးကြီး

စီးပွားဖြစ် ကွမ်းခြံများတည်ထောင်ရာတွင် မှိုရောဂါကင်းစင်သည့် ကွမ်းမျိုးသန့်ရရှိရန် လွန်စွာအရေးကြီး

    စီးပွားဖြစ် ကွမ်းခြံများတည်ထောင်ရာတွင် မှိုရောဂါကင်းစင်သည့် ကွမ်းမျိုးသန့်ရရှိရန် လွန်စွာအရေးကြီးကြောင်း ကွမ်းစိုက်ပျိုးရေးကျွမ်းကျင်သူများက ပြောသည်။

ကျွန်တော်က ကွမ်းပင်ရေ (၃) သောင်း စိုက်ပျိုးထားပါတယ်။ ကွမ်းစိုက်သက်တမ်းက နှစ် (၄၀) မက ရှိပါပြီ။ ဘိုးဘွားတွေလက်ထက်ကတည်းက ကွမ်းစိုက်လာတာပါ။ ခေတ်ကာလကြာလာလို့ စိုက်နည်းစနစ် ပြောင်းလဲလာတာကလွဲပြီး၊ ကွမ်းကို တစိုက်မတ်မတ်စိုက်ပျိုးခဲ့ပါတယ်။ စီးပွားဖြစ် ခြံတည်တဲ့အခါ သတိထားရမှာတော့ မိုးခြံလုပ်မယ်ဆိုရင် အပင်ခြေမြေကြီးမှာ ရေမဝပ်ဖို့အရေးကြီးတယ်။ နောက်တစ်ခုက ကွမ်းမျိုးဝယ်ယူရာမှာ မျိုးသန့်ကွမ်းမျိုးကို ဝယ်ယူရရှိဖို့အရေးကြီးတယ်။ ကွမ်းမျိုးမှာ ရောဂါကပ်မပါလာဖို့က တော်တော်လေးဂရုစိုက်ဝယ်ရတယ်။ မျိုးမှာ ရောဂါကပ်ပါလာတဲ့အခါ စိုက်ပြီးရင် သေတာတို့၊ အရိုးပုပ်တာတို့၊ အမြစ်ဆွေးဝင်တာတို့ ဖြစ်တတ်ပါတယ်။

ဟု ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စု၊ ဘုတ်ဆုံချောင်းကျေးရွာမှ ကွမ်းစိုက်ပျိုးရေးလုပ်ကိုင်သူ ဦးစိုးက ပြောသည်။

    ရှေးယခင်အခါများက ကွမ်းစိုက်ပျိုးရာတွင် မိုးခြံနှင့် နွေခြံဟူ၍ အများအားဖြင့် တစ်နှစ်လျှင် (၂) ကြိမ် စိုက်ပျိုးကြပြီး၊ ယခုအခါ ရေရရှိမှုအပေါ်မူတည်၍ တစ်နှစ်ပတ်လည်လုံး စိုက်ပျိုးလာကြသည်။

အောက်တိုဘာလ၊ နိုဝင်ဘာလ (သီတင်းကျွတ်/တန်ဆောင်မုန်း)  လတွေမှာ စိုက်တယ်။ မေလ၊ ဇွန်လ (ကဆုန်/နယုန်) လတွေမှာ တစ်ချီစိုက်တယ်။ ဟိုးတုန်းက ထုံးစံက အဲ့ဒီ (၂) ရာသီပဲ စိုက်တယ်။ နွေခြံနဲ့မိုးခြံလို့ ခေါ်ကြတာပေါ့။ အခုနောက်ပိုင်းတော့ ရေတွင်းတွေ တူးလို့ရလာတဲ့အတွက် ကွမ်းကို မတ်လ (တပေါင်းလ) ကတည်းက ကြိုစိုက်လာကြတယ်။ အရင်တုန်းကတော့ မိုးရွာတာကို စောင့်စိုက်ပျိုးကြရတာလေ။

ဟု ၎င်းက ပြောသည်။

ထုံးစံကတော့ ကွမ်းစိုက်ပျိုးပြီး တစ်လခွဲအကြာမှာ ခေါင်ညွှန့်နှိမ်လိုက်ပြီး (၃) လအကြာမှာ ကွမ်းစခူးပါတယ်။ ရက်ပေါင်း (၁၅၀)/ (၅) လလောက် ကြာတဲ့အထိ ကွမ်းတွေဆက်ခူးသွားလို့ရပါတယ်။ စစိုက်တဲ့အချိန်မှာ မြေပြင်ရတယ်။ ဂျပန်ကြက်ချေးမြေဩဇာ သုံးပါတယ်။ မြေခံကိုတော့ တီစူပါထည့်တယ်။ မစိုက်ခင်ကတည်းက မှိုဆေးတစ်မျိုးမျိုးနဲ့ တီဘီဆေးကို ရောစပ်ပြီး ကွမ်းရိုးတွေကို တစ်မိနစ်/နှစ်မိနစ် လောက်စိမ်ပြီးမှ စိုက်တယ်ဆိုရင် မှိုရောဂါတွေ ကွမ်းရိုးကိုလာမကပ်တော့ဘူး။ ကွမ်းစိုက်ပျိုးပြီးနောက် (၁၀)ရက်/(၁၅)ရက်သားလောက်မှာ (၁၀)ရက် တစ်ပတ်လောက်အကြာတိုင်း မှိုဆေးလေး နည်းနည်းစီဖြန်းပေးတယ်။

ဟု ကွမ်းစိုက်တောင်သူ ဦးစိုးက ဆက်လက်ပြောသည်။

    ကွမ်းခြံတည်ထောင်ရာတွင် ကွမ်းပင် တိုင်ရေ (၁၀၀၀) အတွက် စိုက်ပျိုးစရိတ်စုစုပေါင်းအနေဖြင့် တိုင်ဖိုး၊ မျိုးဖိုး၊ သွင်းအားစုစရိတ်များ အပါအဝင် ငွေကျပ်(၂)သိန်းဝန်းကျင် ကုန်ကျကြောင်း သိရသည်။

6
kochit

kochit

လွန်ခဲ့သော ၂ နှစ် က

မြေကြီးအမျိုးအစားပါသလား

Ko Chan

Ko Chan

လွန်ခဲ့သော ၃ နှစ် က

hi

ကျော်ဇော

ကျော်ဇော

လွန်ခဲ့သော ၄ နှစ် က

ကွမ်းညွန့် 70စျေး 70×1000=70000 ကွမ်းခြံတိုင် တစ်တိုင်60 တစ်တိုင်60×1000=60000 ဇာကတစ်လိတ်မကုန် ဘောင်ကလူဌားနဲ့ဆိုကုန်မယ်ကိုယ့်ဘာသာလုပ်ရင်မကုန်ဘူး သူပြောတာကညောင်တုန်းနယ်ဘက်ပါ

နေမင်းသူရ

နေမင်းသူရ

လွန်ခဲ့သော ၄ နှစ် က

ကွမ်းညွန့်ချိုးပြီးရင်ဘာဆက်လုပ်ရမလဲဗျာ

နေမင်းသူရ

နေမင်းသူရ

လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးတင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။