အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သီရိမင်္ဂလာဈေးသို့ ကွမ်းတင်ပို့မှုများပြားနေခြင်းကြောင့် ကွမ်းဈေးကွက်အနည်းငယ်ကျဆင်းမှုရှိနေ

သီရိမင်္ဂလာဈေးသို့ ကွမ်းတင်ပို့မှုများပြားနေခြင်းကြောင့် ကွမ်းဈေးကွက်အနည်းငယ်ကျဆင်းမှုရှိနေ

    ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီး သီရိမင်္ဂလာဈေးသို့ ကွမ်းတင်ပို့မှုများပြားနေခြင်းကြောင့် ကွမ်းဈေးကွက်အနည်းငယ်ကျဆင်းမှုရှိနေကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

ကျွန်တော်တို့ဒေသတွေကနေ ရန်ကုန်၊ သီရိမင်္ဂလာဈေးကိုတင်ပို့နေတဲ့ ကွမ်းရွက်ဈေးကွက်က နည်းနည်းအေးသွားပါတယ်။ သီရိမင်္ဂလာဈေးကို ကွမ်းတွေတင်ပို့မှုများနေတဲ့အတွက် ဈေးသိပ်မကောင်းတော့တာပါ။ နှစ်စဉ် ဒီလိုအချိန်ဆိုရင် ဈေးကောင်းရနိုင်တာကို တောင်သူတွေက သိလာတဲ့အတွက် ဈေးကွက်ကို ချိန်ဆစိုက်ပျိုးကြတယ်။ ဧရာဝတီတိုင်းအတွင်းက ရေမမြှုပ်တဲ့နေရာ အားလုံးနီးပါးက ကွမ်းကို ဒီအချိန်မှာထွက်အောင် ချိန်ပြီးစိုက်လာကြတော့ စုပြုံတင်ပို့သလိုဖြစ်သွားပြီး ဈေးကျဆင်းတာပါ။

ဟု ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ ကွမ်းစိုက်တောင်သူ ကိုမင်းလွင်က ပြောသည်။

    ၂၀၂၀ ခုနှစ်၊ ယခုရာသီချိန်မျိုးက အရည်အသွေးမြင့် ကွမ်းအချိန်တစ်ဆယ်လျှင် ကျပ် (၁) သိန်းကျော် ဈေးရရှိခဲ့သော်လည်း၊ ယခုနှစ်တွင်မူ အရည်အသွေးမြင့် ကွမ်းအချိန်တစ်ဆယ်လျှင် ကျပ်(၇)သောင်းမှ (၈) သောင်းအတွင်းသာ ရရှိကြောင်းသိရသည်။

အကောင်းဆုံးဆိုတဲ့ အရည်အသွေးရှိတဲ့ကွမ်းကိုမှ ဒီလောက်ပဲဈေးရတော့တာပါ။ အဓိကအားဖြင့် သီရိမင်္ဂလာဈေးကို တင်ပို့နေတာက ဒီအချိန်မှာဆိုရင် ပန်းတနော်ကွမ်းပါ။ ပန်းတနော်၊ ကျောင်းကုန်း၊ ဟင်္သာတ၊ ညောင်တုန်းဘက်ကကွမ်းခြံတွေက အများဆုံးတင်ပို့ကြတာပေါ့။ ဒါပေမယ့် ဟင်္သာတဘက်ကကျတော့ ပန်းတနော်၊ ညောင်တုန်း၊ ကျောင်းကုန်းတို့ဘက်က ကွမ်းတွေရဲ့အရည်အသွေးကို မမှီဘူး။ ဈေးကွက်ယှဉ်တာမျိုးမလုပ်ဘဲ သူ့ဈေးကွက်နဲ့တော့ သူ့ဘာသူ ရပ်တည်တယ်ပေါ့။ ဒီလိုနဲ့ ဒီအချိန်ဆိုရင် ကွမ်းဈေးကောင်းတာကိုသိတော့ စိုက်ပျိုးချိန် တူညီလာကြပြီး စုပြုံတင်ပို့ရင်း ဈေးကွက်အခုလို ကျဆင်းလာတာပါပဲ။

ဟု ၎င်းက ဆက်လက်ပြောသည်။

     ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့ ကွမ်းရွက်လက်ကားရောင်းချမှုအနေဖြင့် (ရိုးညို/စိမ်း) ယာကွမ်း တစ်ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ (၄၀၀၀) ကျပ်မှ (၈၀၀၀) ကျပ်အတွင်း၊ ယာဆိုက်ပြည့် တစ်ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ (၅၅၀၀) ကျပ်မှ (၆၀၀၀) ကျပ် အတွင်း၊ ဆိုက်လတ် တစ်ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ (၁၅၀၀) ကျပ်မှ (၄၀၀၀) ကျပ် အတွင်း၊ ဆိုက်သေး တစ်ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ် အတွင်း၊ ပယ်ကြီး တစ်ပိဿာလျှင် (၃၅၀၀) ကျပ်မှ (၄၀၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေကြောင်း သီရိမင်္ဂလာဈေးရှိ ရွှေရင်အေးရိပ် ကွမ်းနှင့်ကွမ်းသီး ရောင်းဝယ်ရေးမှ သိရသည်။

1
moe san

moe san

လွန်ခဲ့သော ၄ နှစ် က

စစ်တောင်းကွမ်းစျေးများသိရင်ပြောပြကြပါအုန်း

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။