အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သွင်းအားစုစရိတ်များ မြင့်တက်နေသည့်အတွက် သီးနှံများကို ချင့်ချိန်စိုက်ပျိုးနေရ

သွင်းအားစုစရိတ်များ မြင့်တက်နေသည့်အတွက် သီးနှံများကို ချင့်ချိန်စိုက်ပျိုးနေရ

    စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုစရိတ်များမှာ ကိုဗစ်ကာလအတွင်း ယခင်ကထက် ဈေးနှုန်းမြင့်တက်နေသည့်အတွက် သီးနှံများကို ချင့်ချိန်စိုက်ပျိုးနေရကြောင်း မန္တလေးတိုင်းဒေသကြီးရှိ တောင်သူများက ပြောသည်။

ဈေးနှုန်းတွေမြင့်တက်နေတဲ့အထဲမှာ တောင်သူတွေအသုံးများတဲ့ အဓိကကတော့ ဓါတ်မြေဩဇာပေါ့။ ပုလဲဓါတ်မြေဩဇာ (Urea) တစ်အိတ်ကို အခုဆိုရင် ကျပ်ငါးသောင်းကနေ ငါးသောင်းလေးထောင်ကျပ်အတွင်းအထိ ဖြစ်နေပါတယ်။ အရင်က တစ်အိတ်ကို နှစ်သောင်းနှစ်ထောင်ကျပ်ကနေ နှစ်သောင်းငါးထောင်ကျပ်အတွင်းရှိရာကနေ အခုဆိုရင် ဈေးက တစ်ဆကျော်လောက်ကို ထိုးတက်သွားတာပေါ့။

ဟု မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းကျေးရွာ၊ ကုက္ကားဝိုင်းရပ်မှ ဟင်းသီးဟင်းရွက်နှင့် သီးနှံစုံ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူ ကိုမင်းကိုကိုက ပြောသည်။

    ၂၀၂၁ ခုနှစ် ကိုဗစ်တတိယလှိုင်းကာလအတွင်း ပြည်တွင်း၌ လမ်းပန်းဆက်သွယ်ရေးမကောင်းမွန်ခြင်း၊ Inport လမ်းကြောင်းများ မပွင့်ခြင်း၊ တချို့ဒေသများတွင် ရောဂါပိုးကူးစက်ပြန့်နှံ့မှုနှုန်း မြင့်တက်နေသည့်အတွက် Stay home ကြေညာချက်ထုတ်ပြန်ထားခြင်း စသည့် အခက်အခဲများကို ရင်ဆိုင်နေကြရသည်။ 

    ထိုကဲ့သို့ ရိုက်ခတ်မှုအမျိုးမျိုးအပြင် စိုက်ပျိုးရေးသုံး မြေဆီ၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အပင်အားဆေး စသည့် သွင်းအားစုအမျိုးမျိုးမှာလည်း မူလကထက် ဈေးနှုန်းများမြင့်တက်နေကြောင်း သိရသည်။

ကျွန်တော်တို့ ရွာတန်းမှာ စပျစ်ကိုအဓိကစိုက်ကြတော့ ဟင်းသီးဟင်းရွက်ကို စီးပွားဖြစ်စိုက်ပျိုးသူ နည်းတယ်။ ဒါ့ကြောင့် သီးနှံတွေရောင်းချဖို့အတွက်က ဒီရွာတန်းကျေးရွာ အနီးတဝိုက်မှာတင် ဈေးကွက်ရှိပါတယ်။ ရမည်းသင်းမြို့ပေါ် ဈေးကွက်ရှိတယ်။ ရန်ကုန်မြို့၊ မန္တ‌လေးမြို့ကို ကားနဲ့တင်ပို့တာ ရှိတယ်။ မော်လမြိုင်နဲ့ဖားအံနဲ့ကိုလည်း တင်ပို့လို့ရပါတယ်။ အခုလိုကာလမှာ ရမည်းသင်းက Stay home မြို့နယ်တွေထဲ ပါနေတဲ့အတွက် ရွာတန်းဈေး၊ရမည်းသင်းဈေးတွေ ပိတ်ထားတဲ့အတွက် သွားလာ ရေင်းချရခက်ခဲပြီး ရပ်ဝေးကိုတင်ပို့ရတဲ့ လမ်းခရီးအခက်အခဲနဲ့၊ ဒီဇယ်၊ စိုက်ပျိုးရေးသုံးဆေး၊ မြေဩဇာတွေ ဈေးတက်နေတဲ့အတွက်ကြောင့်သာ အတော်ချင့်ချိန် စိုက်ပျိုးနေရပါတယ်။

ဟု ကိုမင်းကိုကိုက ဆက်လက်ပြောသည်။

   လက်ရှိ COVID-19 တွေ့ရှိမှု များပြားလာသည့် မြို့နယ်များကို Stay at Home ထုတ်ပြန် ကြေညာထားပြီး ဇူလိုင် ၃၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ် ၁၀၈ မြို့နယ်အထိရှိလာပြီး မန္တလေးတိုင်းဒေသကြီးမှ ချမ်းမြသာစည်၊  အောင်မြေသာစံ၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ အမရပူရမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ မြစ်သားမြို့နယ်၊ မတ္တရာမြို့၊ သပိတ်ကျင်းမြို့နယ်၊ မိတ္တီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ တောင်သာမြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ကို Stay at Home ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။