အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်တရားဒေသ၌ ရာသီပေါ်သီးနှံ သီးညှပ်စိုက်ပျိုးမှု တွင်ကျယ်လာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်တရားဒေသ၌ ရာသီပေါ်သီးနှံ သီးညှပ်စိုက်ပျိုးမှု တွင်ကျယ်လာ

     ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားဒေသအနီးတဝိုက်ရှိ တောင်သူများ ပုံမှန်စိုက်ပျိုးနေသည့်သီးနှံပင်များအပြင် ရာသီပေါ်သီးနှံများကိုပါ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။

ကျွန်တော်တို့က အရင်ကတော့ စီးပွားဖြစ်သီးနှံအနေနဲ့ အာလူးကိုစိုက်တယ်။ အခုနှစ်မှာမှ ခရမ်းချဉ်သီးကိုပါ တွဲစိုက်ဖြစ်သွားတာပါ။ တခြားသီးနှံတွေစိုက်ပျိုးတာက တစ်ဧကကုန်ကျစရိတ်များတယ်။ ခရမ်းချဉ်သီးစိုက်တာကတော့ ကုန်ကျစရိတ်သက်သာတယ်။ ခရမ်းချဉ်သီးက တစ်ခါစိုက်ပြီးရင် ခုနှစ်ခါလောက် ဆက်ပြီး ခူးဆွတ်ရောင်းချသွားလို့လည်းရတယ်။ ကျွန်တော် စစိုက်ထားတာ ဇွန်၊ ဇူလိုင်လလောက်က စိုက်ထားတာ အခု စက်တင်ဘာလအထိကို ခရမ်းချဉ်သီးခူးဆွတ်နေရတုန်းပဲ။ နှစ်မျိုးတွဲစိုက်လိုက်တော့ နှစ်မျိုးဝင်ငွေရသွားတာပေါ့။

ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရား(ဗောင်းမော်ဒုံ)မှ တောင်သူ ဦးထွန်းကျော်က ပြောသည်။

    အာလူးတစ်ဧကလျှင် စိုက်ပျိုးကုန်ကျစရိတ် ကျပ် (၂၅) သိန်းဝန်းကျင် ကုန်ကျပြီး၊ ခရမ်းချဉ်သီးတစ်ဧကလျှင် စိုက်ပျိုးကုန်ကျစရိတ် ကျပ် (၅)သိန်းမှ (၇)သိန်းကြား ကုန်ကျကြောင်း သိရသည်။

ခရမ်းချဉ်သီးက မျိုးထုပ်တစ်ထုပ်ကို ခုနှစ်ထောင်ကျပ်ပဲ ရှိပါတယ်။ စိုက်ပျိုးပြီးထွက်လာတဲ့ အသီးတွေကို ရှမ်းပြည်နယ်၊ အောင်ပန်းမှာရှိတဲ့ ပွဲရုံတွေကို တင်ပို့ရောင်းချလို့ရတယ်။ ဒီဒေသတဝိုက်မှာရှိတဲ့ ဈေးတွေမှာလည်း ရောင်းလို့ရပါတယ်။ ပွဲစားတွေက ခြံအရောက်လာဝယ်တာမျိုးလည်း ရှိပါတယ်။ ခရမ်းချဉ်ဈေးက အတက်အကျရှိပေမယ့် ကိုယ်ကုန်ကျတာလည်း သိပ်မများတော့ ကိုက်တယ်။ စိုက်စရိတ်က အလွန်ဆုံးမှ ခုနှစ်သိန်းလောက်ပဲရှိတယ်လေ။ ကိုယ့်မိသားစုဝင်တွေပဲ စုပေါင်းစိုက်ပျိုးတာမို့ အလုပ်သမားခက သီးသန့်မကုန်တာကြောင့်လည်းပါပါတယ်။

ဟု ဦးထွန်းကျော်က ဆက်လက်ပြောသည်။

    အဆိုပါဒေသအတွင်း ရှေးယခင်ကတည်းက စိုက်ပျိုးလာခဲ့ကြသည့် အာလူး၊ ပန်းသီး၊ သစ်တော်သီး၊ ထောပတ်သီး စသည့် သီးနှံများအပြင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာသည့် ပြောင်းဖူးနှင့် ခရမ်းချဉ်သီး၊ ရွှေပဲသီးပင်များကိုပါ သီးညှပ်စိုက်ပျိုးလာကြခြင်း ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

2
ကိုမျိုးကျော်

ကိုမျိုးကျော်

လွန်ခဲ့သော ၃ နှစ် က

မကွေးတိုင်းကပါ ၁လပိုင်းခရမ်းချဉ်စိုက်ပီး သီးညှပ်ဘာထည့်စိုက်ရင် အဆင်ပြေမလည်းဗျ

ဦးခင်ဝင်

ဦးခင်ဝင်

လွန်ခဲ့သော ၅ နှစ် က

စိုက်ပျိုးနည်း

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။