အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပြည်ပကို ဆန်၊ ဆန်ကွဲ တင်ပို့နိုင်ရေးအတွက် ပါဝင်ပူးပေါင်းလျှောက်ထားလိုသည့် ကုမ္ပဏီများ ထပ်မံဖိတ်ခေါ်

ပြည်ပကို ဆန်၊ ဆန်ကွဲ တင်ပို့နိုင်ရေးအတွက် ပါဝင်ပူးပေါင်းလျှောက်ထားလိုသည့် ကုမ္ပဏီများ ထပ်မံဖိတ်ခေါ်

Green Way
Green Way • Greenovator • 02/04/2019

အစိုးရအချင်းချင်း တင်ပို့နိုင်မယ့် G to G  အစီအစဉ်ဖြင့် ပြည်ပကို ဆန်၊ ဆန်ကွဲတင်ပို့နိုင်ရေးအတွက် ပါဝင်ပူးပေါင်းလျှောက်ထားလိုသည့် ကုမ္ပဏီများကို ထပ်မံဖိတ်ခေါ်လိုက်တာဖြစ်ကြောင်း  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

ပြည်ပကို ဆန်၊ ဆန်ကွဲတင်ပို့နိုင်ရေးအတွက် အစိုးရအချင်းချင်း အစီအစဉ်ဖြင့် စိတ်ဝင်စား၍ လျှောက်ထားမယ့်ကုမ္ပဏီများ များပြားနေတဲ့အတွက် ရက်ကိုနောက်ဆုတ်လိုက်ပြီး ထပ်မံဖိတ်ခေါ်လိုက်တာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်ကပြောပါတယ်။ 

“ရက်ကို ထပ်မံနောက်ဆုတ်လိုက်တာက ပါဝင်ပူးပေါင်းနိုင်ဖို့အတွက် ကုမ္ပဏီတွေက စိတ်ဝင်စားမှုအရမ်းများလာတယ်။ အဲဒီတော့ လျှောက်ထားနိုင်တဲ့ ကုမ္ပဏီတွေအတွက် လျှောက်ထားနိုင်အောင် ရက်ကို ထပ်မံတိုးချဲ့လိုက်တာပါ။ နောက်ဆုံးရက်ကတော့ မသတ်မှတ်ရသေးဘူး” 

ပြည်ပကို ဆန်၊ ဆန်ကွဲများ တင်ပို့ရောင်းချမှု လုပ်ငန်းစဉ်များကို  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စီစဉ်မှုဖြင့် ပို့ကုန်တင်ပို့ရောင်းချမှု လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ 

အဆိုပါအစီအစဉ်ကို စိတ်ဝင်စားလျှောက်ထားလိုတဲ့ ကုမ္ပဏီများအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အဆိုပါအသင်းချုပ်မှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။