အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်သွန်နီကုန်တင်ကားဝင်ရောက်မှုနည်း

ကြက်သွန်နီကုန်တင်ကားဝင်ရောက်မှုနည်း

Green Way
Green Way • Greenovator • 05/08/2019

ယခုတစ်ပတ်အတွင်းကြက်သွန်နီကုန်တင်ကားများဝင်ရောက်မှုနည်း လာကြောင်း မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

ကြက်သွန်နီဈေးများ ကျဆင်းနေတာကြောင့် ဝင်ရောက်မှုနည်းနေတာဖြစ်ကြောင်း မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးခင်ဟန် ကပြောပါတယ်။

“ အရင်တစ်ပတ်ထက် ကြက်သွန်နီကုန်တင်ကားတွေ ဝင်ရောက်မှုနည်းတယ်။ ဒီမှာဈေးကကျနေ တော့ အဝင်ကတော်တော်နည်းသွားတာ။ ကြက်သွန်နီအသေးက အရင်တစ်ပတ်ထက် ဈေးအနည်းငယ်ကျဆင်းနေတယ်။ ဈေးကျနေတော့ ကုန်တင်ကား(၁၀)စီးလောက်တော့ အဝင်လျော့သွားတယ်”

ကြက်သွန်နီကုန်တင်ကားအစီးရေမှာ တစ်နေ့ကိုဘုရင့်နောင်ကုန်စည်ဒိုင်ကို  တစ်နေ့လျှင် ပုံမှန် အစီး (၃၀) ဝင်ရောက်မှုရှိနေတာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

ကြက်သွန်နီအကြီးတစ်ပိဿာကို ၈၅၀ကျပ်၊  ကြက်သွန်နီအလတ်တစ်ပိဿာကို  ၇၅၀ကျပ် နဲ့ ကြက်သွန်နီအသေးတစ်ပိဿာကို ၅၅၀ကျပ်ရှိကြောင်း မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့်စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။