မြေသြဇာလေလွှင့်ဆုံးမှုနည်းပါးစေရန် စီမံထိန်းသိမ်းနေရတဲ့ တောင်စောင်းဒေသက နာနတ်စိုက်ခင်းများ
တောင်စောင်းဒေသမှ နာနတ်စိုက်ခင်းများ မြေသြဇာလေလွှင့်ဆုံးမှုနည်းပါးစေရန် စီမံထိန်းသိမ်းနေကြရကြောင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ နာနတ်သီးစိုက်ပျိုးသူများထံမှ သိရသည်။
ဒီအချိန်ကတော့ မြေသြဇာကျွေး၊ စိုက်ခင်း သန့်ရှင်းရေးလုပ်၊ ပြုပြင်ထိန်းသိမ်းရေးလုပ်တဲ့ ကာလပေါ့။ မိုးတအားများခဲ့တာရယ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီဥတုအခြေအနေရယ် မူတည်ပြီးတော့ တောင်စောင်းဒေသမှာ နာနတ်သီးစိုက်ပျိုးရေးလုပ်ကိုင်တဲ့ တောင်သူတွေဟာ ကိုယ်ထည့်သွင်းကျွေးမွေးလိုက်တဲ့ မြေသြဇာတွေ လေလွင့်ဆုံးရှုံးမှုနည်းအောင် အတတ်နိုင်ဆုံး ဂရုစိုက်ထိန်းသိမ်းပေးတဲ့အလုပ်ကို အဓိကလုပ်ဆောင်နေကြရပါတယ်။
ဟု မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဆင်လမ်းကျေးရွာရှိ အော်ဂဲနစ်စနစ်ဖြင့် နာနတ်သီးစီးပွားဖြစ်စိုက်ပျိုးသူ ဦးထွန်းထွန်းညွှန့်က ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အနီးတစ်ဝိုက်ရှိ နာနတ်စိုက်ပျိုးသူများမှာ ဧပြီလနှင့် မေလတို့တွင် စတင်စိုက်ပျိုးလေ့ရှိကြပြီး၊ ဇွန်လ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် အသီးခူးဆွတ်ကြသည်။
ဒီနှစ် မိုးဦးကလည်း စောသွားတယ်။ မိုးလယ်လည်း မိုးကောင်းတယ်။ မိုးနှောင်းကျတော့ မုတ်သုံက ထွက်သွားတာကြာနေပြီ၊ ကျွန်တော်တို့ဒေသဘက်က မိုးရွာနေတုန်းပဲဆိုတော့လေ၊ ကိုယ်ထည့်ထားတဲ့မြေသြဇာတွေ ရေရှည်ဆုံးရှုံးမှုမရှိအောင် စီမံရတယ်။ တောင်စောင်း/ကုန်းစောင်းတွေမှာ စိုက်ပျိုးတဲ့သူတွေ အများဆုံးကြုံတွေ့နေရတာပေါ့။ နောက်အခက်အခဲတစ်ခုကတော့ မိုးကောင်းတဲ့အတွက် ပေါင်းပင်တွေ ရှင်သန်ကြီးထွားမှုမြန်တယ်။ ခါတိုင်းနှစ်တွေထက် ပေါင်းရှင်းရတဲ့စရိတ် ပိုများလာတယ်။
ဟု ဦးထွန်းထွန်းညွှန့်က ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် နာနတ်သီးပင်ကို ရှမ်းပြည်နယ်မြောက်ပိုင်း (သီပေါဒေသ)တွင် အများဆုံးစိုက်ပျိုးပြီး၊ မွန်ပြည်နယ် (ကျိုက်ထိုဒေသ)၊ ရှမ်းပြည်နယ် (စိုက်ခေါင်ဒေသ)၊ မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်ဒေသ)နှင့် ကရင်ပြည်နယ်အနီးတစ်ဝိုက်တို့တွင်လည်း စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေကြကြောင်း သိရသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022