အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကုန်းမြင့်ဒေသ စိုက်ပျိုးရေးသွင်းအားစုများနှင့် လယ်ယာဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း  လုပ်ဆောင်သွားမည်

ကုန်းမြင့်ဒေသ စိုက်ပျိုးရေးသွင်းအားစုများနှင့် လယ်ယာဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ဆောင်သွားမည်

Green Way
Green Way • Greenovator • 16/05/2019

ကရင်ပြည်နယ်မှာ စိုက်ပျိုးရေးသွင်းအားစုများနှင့် လယ်ယာဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

ကရင်ပြည်နယ်မှ ဒေသခံတောင်သူများအတွက် သွင်းအားစု ပံ့ပိုးကူညီရေးကိုရည်ရွယ်ကာ စီမံကိန်းဖော်ဆောင်တာဖြစ်တယ်လို့ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်ပြောပါတယ်။

“စီမံကိန်းထဲမှာ စမ်းသပ်ကွင်းတွေ လုပ်ဆောင်သွားမှာပါ။ နည်းပညာပေးသင်တန်းတွေ လုပ်ပေးသွားမယ်။ စီးပွားရေးဆိုင်ရာ အချက်အလက်တွေ ဆောင်ရွက်ပေးသွားပါမယ်။ ဒေသခံတောင်သူတွေရဲ့  စိုက်ပျိုးဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးဖို့ စီမံကိန်းကိုဖော်ဆောင် သွားမှာဖြစ်ပါတယ်”

ကုန်းမြင့်ဒေသ  စိုက်ပျိုးရေးသွင်းအားစုများနှင့် လယ်ယာဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို  စိုက်ပျိုးရေးဦးစီးဌာနနှင့် IFDC (International Fertilizer Development Center) တို့မှ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါစီမံကိန်းကို ကရင်ပြည်နယ် ဘားအံ့မြို့နယ် ၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များ နဲ့အခြားဒေသများမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ  ၂၀၂၀ ခုနှစ် ဇွန်လထိ စီမံကိန်းကာလ (၁၈) လကြာ ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။