အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြန်မာ့နာနတ်သီးကို တရုတ်နိုင်ငံကိုတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေ

မြန်မာ့နာနတ်သီးကို တရုတ်နိုင်ငံကိုတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေ

Green Way
Green Way • Greenovator • 30/10/2019

   လာမယ့်နှစ်များမှာ မြန်မာ့နာနတ်သီးကို တရုတ်နိုင်ငံကိုတင်ပို့နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ နာနတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

   မြန်မာ့နာနတ်သီးအရည်အသွေးကို တရုတ်နိုင်ငံအဖွဲ့တစ်ဖွဲ့မှ လာရောက်စစ်ဆေးသွားမှာဖြစ်ပြီး တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ နာနတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်ကပြောပါတယ်။ 

နာနတ်သီးရဲ့အရည်အသွေးတွေကို တရုတ်နိုင်ငံကနေလာစစ်မယ်။ အပင်တွေ အသီးတွေ လာစစ်ဖို့တော့လုပ်တယ်။ နယ်စပ်ဒေသကလည်း မငြိမ်းချမ်းသေးတာလည်းပါတယ်။ ဒီတိုင်းတင်ပို့ ဒီတိုင်းဝယ်ချင်လို့လည်းမရဘူး။ မူဝါဒတွေနဲ့ကိုက်ညီ မကိုက်ညီ စစ်ဆေးပြီးမှတင်ပို့လို့ရမယ်

   မြန်မာ့နာနတ်သီးကို တရုတ်နိုင်ငံကိုတင်ပို့နိုင်ရန်အတွက်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ စီစဉ်လုပ်ဆောင်မှုများရှိနေကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။ 

   မြန်မာ့နာနတ်သီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ အများဆုံးစိုက်ပျိုးတာဖြစ်ပြီး တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေတာဖြစ်ကြောင်း မြန်မာနိုင်ငံ နာနတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။