ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
မတ်ပဲ(FAQ/RC)
ဒီတစ်ပတ်မှာတော့မတ်ပဲ(FAQ/RC)ကဈေးထပ်ပြီးကျဆင်းသွားပါတယ်.။လက်ရှိမှာမတ်ပဲဈေးကအတက်အကျမတည်ငြိမ်သေးတာကိုတွေ့ရပါတယ်။ပြည်တွင်းဝယ်လိုအားနဲ့ပြည်ပဝယ်လိုအားရှိရင်အနည်းငယ်ဈေးပြန်တက်လာပြီးဝယ်လိုအားလျော့သွားရင်ဈေးပြန်ကျဆင်းသွားပါတယ်။တောင်သူတွေအနေနဲ့တရားသေတွက်လို့မရတဲ့အနေအထားမှာရှိနေပါတယ်။
မတ်ပဲအသစ်တွေကလည်းနယ်စုံကနေဝင်နေတဲ့အတွက်အသစ်တွေကလည်းဈေးတည်ငြိမ်နေတာမတွေ့ရပါဘူး။
နယ်စုံမှာလည်း ဈေးကျဆင်းနေတာတွေ့ရပါတယ်။အိန္ဒိယနိုင်ငံမှာလည်းမြန်မာမတ်ပဲတွေကဈေးကျဆင်းနေပါတယ်။ဆောင်းပဲတွေပေါ်လာတော့မှာဖြစ်လို့လက်ကျန်ပဲတွေကိုဈေးကွက်အတွင်းထုတ်ရောင်းနေတာကဈေးကိုဒီထက်ကျဆင်းနေတာလည်းဖြစ်ပါတယ်။
မုံရွာကုန်စည်ဒိုင်မှာလည်းမတ်ပဲကတစ်တင်းကို၅၀၀ကျပ်ဈေးကျဆင်းသွားပြီးတစ်တင်းကို၁၈၀၀၀ေါက်ဈေးရှိနေပါတယ်။နေပြည်တော့်မှာတော၃တင်းဝင်တစ်အိတ်ကို၅၃၀၀၀ပေါက်ဈေးရှိပြီးတစ်အိတ်ကို၅၀၀၀ဈေးကျဆင်းသွားပါတယ်။ပြည်ကုန်စည်ဒိုင်မှာလည်ဒတစ်တင်းကို၁၈၃၀၀ပေါက်ဈေးရှိပြီးတစ်အိတ်ကိုရ၀၀လောက်ကျဆင်းသွားပါတယ်။ရန်ကုန်ကုန်စည်ဒိုင်မှာတော့တစ်ပတ်အတွင်းဈေးအတက်အကျရှိနေပေမယ့်ပြီးခဲ့တဲ့အပတ်ဈေးပိတ်ချိန်နဲ့နှိုင်းယှဉ်လိုက်ရင်ဈေးအနည်းငယ်တက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ဒီတစ်ပတ်မှာဈေးတက်လာပါတယ်။ပြီးခဲ့တဲ့အပတ်ကကျဈေးနဲ့ငြိမ်နေပေမယ့်ဒီတစ်ပတ်မှာဈေးပြန်တက်လာပါတယ်။မတ်ပဲလောက်အတက်အကျမကြမ်းပဲတစ်ဖြေးဖြေးဈေးကတက်လာတာလည်းဖြစ်ပါတယ်။
ပဲစင်းငုံနီကပြည်တွင်းမှာသာဈေးတက်နေတာမဟုတ်ပဲအိန္ဒိယနိုင်ငံမှာလည်းဈေးတက်နေပါတယ်။ပြီးခဲ့တဲ့နှစ်ကသိုလှောင်ပဲတွေအများအပြားကျန်တဲ့အတွက်ဒီနှစ်မှာလျော့စိုက်ပျိုးတာကြောင့်အထွက်နှုန်းလျော့နည်းပြီးဈေးကကျဆင်းနိုင်ဖွယ်သိပ်မရှိဘူးလည်းအိန္ဒိယကုန်သည်တွေကသုံးသပ်ထားပါတယ်။
ပဲစင်းငုံနီကရန်ကုန်ကုန်စည်ဒိုင်မှာသာတက်နေပေမယ့်နယ်ကုန်စည်ဒိုင်တွေမှာတော့ဈေးကကျဆင်းသွားပါတယ်။
ရန်ကုန်ကုန်စည်ဒိုင်မှတစ်တန်ကို၃၈၀၀၀၀ကျော်ပေါက်ဈေးနဲ့ဈေးတက်နေပမယ့်မုံရွာကုန်စည်ဒိုင်မှာတော့တစ်တင်းကို၁၁၅၀၀နဲ့တစ်တင်းကို၁၃၀၀ဈေးကျဆင်းသွားပါတယ်။ပခုက္ကူကုန်စည်ဒိုင်မှာတေ့တစ်တင်းကို၁၁၆၀၀ရှိပြီးတစ်တင်းကို၁၅၀၀လောက်ဈေးကျဆင်းသွားပါတယ်။ပြည်ကုန်စည်ဒိုင်မှာလည်းတစ်တင်းကို၁၀၀၀ကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။
စီပီပြောင်း
တရုတ်နိုင်ငံကိုအဓိကတင်ပို့နေတဲ့စီပီပြောင်းကဒီတစ်ပတ်မှာဈေးတက်လာပါတယ်။အတက်ဈေးနဲ့ဈေးငြိမ်နေပေမယ့်ဒီတစ်ပတ်မှာတော့ထူးထူးခြားခြားဈေးမြင့်တက်လာပါတယ်။တရုတ်နိုင်ငံကပြီးခဲ့တဲ့၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်မှာစီပီပြောင်းတွေကိုလျော့နည်းစိုက်ပျိုးခဲ့တဲ့အတွက်ပြည်တွင်းလိုအပ်ချက်မြင့်မားနေပြီးမြန်မာနိုင်ငံကပြောင်းတွေကိုအများအပြားဝယ်ယူနိုင်တယ်လို့လည်းသုံးသပ်ထားပါတယ်။လက်ရှိမှာတော့တရုတ်နိုင်ငံကမူဆယ်ကုန်စည်ဒိုင်ကနေတဆင့်ပြောင်းတွေကိုအများအပြားဝယ်ယူနေတဲ့အတွက်ဈေးကတက်နေပါတယ်။
ပြီးခဲ့တဲ့နှစ်ကာလတူအခြေအနေမှာ စီပီပြောင်းက တစ်ပိဿာကို ၃၀၀နီးပါး ပေါက်စေရှိခဲ့ပြီး တောင်သူတွေ အရှုံးပေါ်တဲ့နှစ်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ တစ်ပိဿာကို ၅၅၀ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ စီပီပြောင်းကို အဓိကမွေးမြူရေးအတွက် အသုံးပြုပြီး စီပီပြောင်း၈၀ရာခိုင်နှုန်းကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အများဆုံးစိုက်ပျိုးပါတယ်။
ကုလားပဲ
ပြည်ပဈေးကွက်မှာ ကုလားပဲက မထင်မှတ်လောက်အောင် ဈေးကျဆင်းနေပေမယ့် ပြည်တွင်းဈေးကွက်မှာတော့ ကုလားပဲက ဈေးတက်နေပါတယ်။ ဈေးကမထင်မှတ်လောက်အောင် ကျဆင်းသွားခဲ့ပြီး ကုန်စည်ဒိုင်တွေကို နေ့စဉ်အဝင်ပုံမှန်မရှိတော့တဲ့အတွက် ဈေးကအနည်းငယ် ပြန်တက်လာတာဖြစ်ပါတယ်။ လက်ရှိမှာပဲအသစ်တွေကလည်း နယ်စုံကဝင်နေတဲ့အတွက် ကုလားပဲက အဝင်မရှိပဲဈေးတက်လာတာလည်းဖြစ်ပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါက တစ်တင်းကို ၂၇၀၀၀ကနေ၃၀၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ကျော် ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူကတော့ တစ်တင်းကို ၃၁၅၀၀ရှိပြီး တစ်တင်းကို ၂၀၀၀ကျော် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်နဲ့ ပြည်ကုန်စည်ဒိုင်တို့မှာလည်း တစ်တင်းကိုငွေကျပ် ၅၀၀လောက် ျဈးမြင့်တက်လာပါတယ်။ ပြည်ပဈေးကွက်မှာ ကုလားပဲက မထင်မှတ်လောက်အောင် ဈေးကျဆင်းနေပေမယ့် ပြည်တွင်းဈေးကွက်မှာတော့ ကုလားပဲက ဈေးတက်နေပါတယ်။ ဈေးကမထင်မှတ်လောက်အောင် ကျဆင်းသွားခဲ့ပြီး ကုန်စည်ဒိုင်တွေကို နေ့စဉ်အဝင်ပုံမှန်မရှိတော့တဲ့အတွက် ဈေးကအနည်းငယ် ပြန်တက်လာတာဖြစ်ပါတယ်။ လက်ရှိမှာ ပဲအသစ်တွေကလည်း နယ်စုံက ဝင်နေတဲ့အတွက် ကုလားပဲကအဝင်မရှိဘဲ ဈေးတက်လာတာလည်းဖြစ်ပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါက တစ်တင်းကို ၂၇၀၀၀ကနေ၃၀၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်တင်းကို၂၀၀၀ကျော် ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူကတော့ တစ်တင်းကို ၃၁၅၀၀ရှိပြီးတစ်တင်းကို ၂၀၀၀ကျော် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်နဲ့ ပြည်ကုန်စည်ဒိုင်တို့မှာလည်း တစ်တင်းကိုငွေကျပ် ၅၀၀လောက်ဈေးမြင့်တက်လာပါတယ်။
မဝတ်ရည်ခင်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026