အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

Green Way
Green Way • Greenovator • 26/01/2018

(၂၂.၁.၂၀၁၈မွ၂၆.၁.၂၀၁၈)ထိ

ဒီတစ်ပတ်မှာတော့မတ်ပဲစျေးက သိပ်အပြောင်းအလဲမရှိပါဘူး။ ပဲစင်းငုံနီကတော့ စျေးတက်လာပါတယ်။ ကြက်သွန်နီကတော့ တစ်ဖြေးဖြေးစျေးကျဆင်းလာပါတယ်။ ပဲပုတ်အသစ်တွေစျေးကွက်အတွင်းပေါ်လာပြီဖြစ်လို့ စျေးကွက်အတွင်း အတက်စျေးနဲ့ရှိနေပါတယ်။

မတ္ပဲ(FAQ/RC)

ဒီတစ်ပတ်ရန်ကုန်စျေးကွက်မှာ မတ်ပဲက စျေးအပြောင်းအလဲသိပ်မရှိပေမယ့် နယ်ကုန်စည်ဒိုင်တွေမှာတော့ စျေးကကျဆင်းသွားပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲက အသစ်တွေဝင်လာပြီး အရည်အသွေးကောင်းတဲ့အတွက် ဝယ်လိုအားကောင်းလို့ စျေးကဆက်ပြီးကျဆင်းနိုင်ဖွယ်မရှိဘူးလို့ Agriwatch ကတော့ သုံးသပ်ထားပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာမတ်ပဲက တစ်အိတ်ကို ၅၁၀၀၀ပေါက်စျေးရှိပြီး ၂၀၀၀လောက် စျေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၀၀လောက်စျေးကျဆင်းသွားပြိး လက်ရှိပေါက်စျေးက ၁၈၀၀၀ရှိပါတယ်။ မုံရွာမှာတော့ တစ်တင်းကို၁၇၄၀၀ပေါက်စျေးရှိပြီး တစ်တင်းကို၆၀၀ကျပ် စျေးကျဆင်းသွားပါတယ်။ မတ်ပဲက ပြီးခဲ့တဲ့ကာလတူအခြေအနေမှာ တစ်တင်းကို ၃၇၀၀၀ပေါက်စျေးရှိပေမယ့် ဒီ၂၀၁၈မှာတော့ တစ်တင်းကို ၁၇၀၀၀ကျော်သာ ပေါက်စျေးရှိပါတယ်။ တစ်နှစ်အတွင်း တစ်တင်းကိုငွေကျပ်၂၀၀၀၀လောက် စျေးကျဆင်းသွားခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီက ဒီတစ်ပတ်မှာတော့ စျေးတက်လာပါတယ်။ နှစ်ပတ်ဆက်တိုက်စျေးအတက်အကျသိပ်မရှိပါဘူး၊ ပဲအသစ်တွေက ဆက်တိုက်ဝင်လာနေတဲ့အတွက် ပဲအသစ်က အဟောင်းထက်စျေးမြင့်နေပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ပဲအသစ်တွေဝင်လာနေတဲ့အတွက် စျေးကကျဆင်းနိုင်ဖွယ်ရှိပြီးလက်ရှိမှာ စျေးအေးနေတယ်လို့ သိရပါတယ်။ မြန်မာဘက်ကတော့ ပဲစင်းငုံနီစျေးကိုတိုးမြင့်ရောင်းချလာတယ်လို့သိရပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာပဲစင်းငုံနီက  တစ်ပိဿာကို  ၆၀၀ကျော်ပေါက်စျေးရှိပြီးပခုက္ကူမှာတော့ တစ်ပိဿာ၅၃၈ကျပ်သာ ပေါက်စျေးရှိကာ တစ်ပိဿာကို၅၀လောက်ကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿကို၅၅၀ရှိပြီး ၄၀စျေးကျဆင်းသွားပါတယ်။ မုံရွာမှာတော့ စျေးအပြောင်းအလဲမရှိဘဲ တစ်ပိဿကို၅၇၅ကျပ်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကာလတူအခြေအနေမှာ ပဲစင်းငုံနီကတစ်ပိဿာကို ၁၄၀၀နီးပါးရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ တစ်ပိဿာကို၆၀၀သာရှိပြီး တစ်နှစ်အတွင်း တစ်ပိဿာကို ၈၀၀လောက်စျေးကျဆင်းခဲ့ပါတယ်။

ပဲပုတ်

ပဲပုတ်ကတော့ လက်ရှိမှာအသစ်တွေပေါ်လာတဲ့အတွက် အဟောင်းတွေစျေးကျဆင်းနေပြီး အသစ်တွေက စျေးတက်နေပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို၁၄၀၀ရှိပြီး ၂၀၀စျေးမြင့်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို၁၈၇၅ကျပ်ရှိပြီး ၁၀၀ကျပ်စျေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ စျေးအပြောင်းအလဲမရှိပါဘူး။

ၾကက္သြန္နီ

ကြက်သွန်နီကတော့ ဆက်ပြီးစျေးကျဆင်းနေပါတယ်။ ကြက်သွန်အသစ်တွေကလည်း ကုန်စည်ဒိုင်တွေကို အဆက်မပြတ်ဝင်ရောက်လာတဲ့အတွက် စျေးကကျဆင်းနေတာလည်းဖြစ်ပါတယ်။ နေ့စဉ်ကုန်စည်ဒိုင်တွေကို အိတ်ရ၀၀လောက်ဝင်နေပြီးရေနံချောင်း၊ တောင်တွင်း အစရှိနေရာတို့က အဓိကဝင်နေတာလည်းဖြစ်ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီက တစ်ပိဿာကို ၅၅၀ကနေ၁၃၅၀ပေါက်စျေးရှိပြီး တစ်ပိဿာကို ၅၀၀ကျော်ေ စျေးကျဆင်းသွားပါတယ်။ နေပြည်တော်မှာလည်း ကြက်သွန်နီက တစ်ပိဿာကို၁၄၀၀ကနေ ၂၀၀၀ပေါက်စျေးရှိပြီး တစ်ပိဿာကို ၈၀၀စျေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၅၅၀ကနေ၁၃၅၀ရှိပြီး ၁၀၀လောက် စျေးကျဆင်းသွားပါတယ်။ ပြည်မှာတော့ ၁၅၀၀ကနေ ၁၅၅၀ရှိပြီး ၃၀၀စျေးကျဆင်းသွားပါတယ်။

စီပီပြောင်း

စီပီပြောင်းကတော့ ဒီတစ်ပတ်မှာလည်းစျေးတက်လာပါတယ်။ တရုတ်နိုင်ငံက အဓိကဝယ်ယူနေတာဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ စီပီပြောင်းထုတ်လုပ်မှုလျော့ကျတဲ့အတွက် မြန်မာနိုင်ငံကပြောင်းတွေကို အဓိကထားဝယ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။ လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်းက တစ်ပိဿာကို ၅၂၀ကနေ၅၇၀အထိ တစ်ပိဿာကို ၄၀ကျော်လောက် မြင့်တက်လာပါတယ်။ ပြီးခဲ့နှစ်ကာလတူအခြေအနေမှာတော့  တစ်ပိဿာကို၂၈၀သာပေါက်စျေးရှိပါတယ်။

မဝတ်ရည်မွန်(AMIA)

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။