ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၂.၇.၂၀၁၈ မှ ၆.၇.၂၀၁၈)ထိ
ဆန်၊ စပါး
ပုသိမ်ဈေးကွက်မှာတော့ တစ်လနီးပါး ငြိမ်နေတဲ့ စပါးဈေးရော ဆန်ဈေးရော ဇွန်လနောက်ဆုံးပတ်ကနေစပြီးဈေးတက်လာခဲ့ပါတယ်။ လက်ရှိက ပထမတန်းစာ;စပါးထက် ဒုတိယတန်းစားစပါးကို အဝယ်များလာပြီး ပြည်ပတင်ပို့မှုကလည်း မြင့်နေတဲ့အတွက် ဈေးတွေကလည်း ဆက်ပြီး ဈေးတက်နေပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်ကိုလည်း အဝင်နည်းပြီး အရောင်းအဝယ်ကသွက်တဲ့အတွက် ရန်ကုန်ဈေးကွက်မှာလည်း ဈေးကတက်နေပါတယ်။ ပုသိမ်ဈေးကွက်မှာတော့ ပထမတန်းစား စပါးကပြီးခဲ့တဲ့ အပတ်ကအတိုင်းဈေးငြိမ်နေပြီး ဒုတိယတန်းစား စပါးကတော့ ဈေးတက်လာပါတယ်။ဒုတိယတန်းစား စပါးဖြစ်တဲ့ ရွှေသွယ်လေးစပါးက တင်း ၁၀၀ ကို ၈၀၉၀၀၀ ကျော်ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၂၀၀၀ ကျော်ဈေးတက်လာပါတယ်။ ဧရာမင်းစပါးကလည်း တင်း ၁၀၀ ကို ၇၈၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၅၀၀၀၀ ၊မီးကောက်က တင်း ၁၀၀ ကို ၆၉၀၀၀၀ ရှိပြီး ၃၀၀၀၀ ကျော် အသီးသီးဈေးတက်လာပါတယ်။ မနောသုခစပါးကတော့ ၆၄၄၀၀၀ နဲ့ သီးထပ်ရင်တို့ကတော့ တင်း ၁၀၀ ကို ၅၈၀၀၀၀ ကျော်နဲ့ ဈေးငြိမ်နေပါတယ်။စပါးဈေးအပြင် ဆန်ဈေးကလည်း တစ်အိတ်ကို ၅၀၀ ကနေ ၁၀၀၀ နီးပါးဈေးတက်လာပြီးတော့ တစ်ပတ်အတွင်း ရွှေသွယ်လေးက တစ်တင်းခွဲ တစ်အိတ်ကို ၃၃၀၀၀ ကျပ်၊ ဧရာမင်းက တစ်အိတ်ကို ၃၃၀၀၀၊ မနောသုခက တစ်အိတ်ကို ၂၆၀၀၀၊ မီးကောက်က ၂၉၀၀၀ ကျပ်နဲ့သီးထပ်ရင်ကတော့ ၂၃၅၀၀ အသီးသီးရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ဆန်ချော ဈေးရော ဆန်ကြမ်းဈေးပါ တက်နေပါတယ်။ ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၉၀၀၀ ကနေ ၄၃၀၀၀၀ ရှိပြီးတစ်အိတ်ကို ၂၀၀၀ ကျပ်၊ဒေးဒရဲပေါ်ဆန်းက တစ်အိတ်ကို ၃၉၀၀၀ ကနေ ၄၃၀၀၀ ရှိပြီးတစ်အိတ်ကို ၂၀၀၀ ကျပ်၊ပေါ်ဆန်း(နယ်စုံ)က တစ်အိတ်ကို ၃၈၀၀၀ ကနေ ၄၀၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ဈေးတက်လာပါတယ်။
ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်က တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၃၀၀၀ ရှိပြီးတ စ်အိတ်ကို ၂၀၀ ကျပ်၊ငစိန်ဆန်က တစ်အိတ်ကို ၂၂၀၀၀ ကနေ ၂၃၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်၊မြီးဒုံက တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၇၅၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
ရန်ကုန်ကုန်စည်ဒိုင်ဈေးကွက်မှာ ဆန်ချော က တစ်လအတွင်း တစ်အိတ်ကို ငွေကျပ် ၅၀၀၀ အထိ အမြင့်ဆုံးဈေးတက်ခဲ့ပြီး ဆန်ကြမ်းကတော့ တစ်အိတ်ကို ၂၀၀၀ ကနေ ၃၀၀၀ကြား ဈေးတက်လာပါတယ်။ ဆက်ပြီး ဈေးတက်နိုင်ခြေရှိတယ်လို့လည်း ကုန်သည်တွေက သုံးသပ်ထားပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ လက်ရှိမှာ ဈေးအနည်းငယ်ပြန်တက်လာတဲ့အခြေအနေပါ။ ဈေးကွက်အတွင်း အနည်းငယ်ပြန်အဝယ်လိုက်ပြီး အရည်အသွေးကောင်းတဲ့ ပဲကတော့ ဈေးအနည်းငယ်ပိုရပြီး အရည်အသွေးမကောင်းပါက အနိမ့်ဈေးပဲ ရရှိနေပါတယ်။ အိန္ဒိယနိုင်ငံကိုလည်း နေ့စဉ် ပုံမှန်တင်ပို့နေပေမယ့် ပြည်တွင်း ဝယ်လက်က အေးနေတဲ့အတွက်ဈေးက ကျဆင်းနေခဲ့ပါတယ်။ တောင်သူတွေကလည်း လက်ရှိမှာ မတ်ပဲအတက်ကိုပဲ မျှော်လင့်ချက်နဲ့စောင့်နေပြီး လက်ကျန်ပဲတွေကိုသာ အပြတ်ဖြတ်နေတဲ့အတွက် ဈေးကတော့ အတက်အကျအနည်းငယ်သာ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာသာ မတ်ပဲဈေးက အနည်းငယ်တက်ခဲ့ပေမယ့် နယ်ကုန်စည်ဒိုင်တွေမှာတော့ ဈေးကကျဆင်းသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲက တစ်တင်းကို ၁၃၀၀၀ ရှိပြီး ၁၅၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ ၁၄၅၀၀ ကျပ် ရှိပြီး ၃၀၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၄၀၀၀ ရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာတော့ တစ်တန်ကို ၄၅၀၀၀၀ ကျော် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်တန်ကို ၂၀၀၀၀ နီးပါးဈေးတက်ခဲ့ပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၀၀၀ ကနေ ၁၆၀၀၀ ရှိပြီး အရည်အသွေးကောင်းရင် ဈေးကောင်းရရှိပါတယ်။ လက်ရှိမှာ မတ်ပဲကတော့ တစ်ခြားပြည်တွင်း ပဲတွေနဲ့နှိုင်းယှဉ်လိုက်ရင်တောင် အနိမ့်ဆုံးဈေးကို ရရှိနေပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ရန်ကုန်ဈေးကွက်မှာ အတက်အကျအပြောင်းအလဲများနေပေမယ့် နယ်ကုန်စည်ဒိုင်တွေမှာ တော့ အဝယ်နည်းတဲ့အတွက် ဈေးကကျဆင်းသွားခဲ့ပါတယ်။ လှောင်သူတွေကလည်း လက်ရှိ ပြည်ပပို့ကုန် အခြေအနေကို စောင့်ကြည့်နေကြပြီး တောင်သူတွေကလည်း အတက်ဈေးကို စောင့်နေသေးတဲအတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ကငြိမ်နေပြီး ဈေးကလည်း ငြိမ်နေပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်တင်းကို ၁၂၅၀၀ ရှိပြီး တစ်တင်းကို ၈၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၈၀၀ ကျပ်ရှိပြီး ၁၂၀၀ ကျပ်၊ပုခက္ကူကုန်စည်ဒိုင်မှာ တစ်တင်းကု ၁၄၄၀၀ ရှိပြီး ၇၀၀ ကျပ်၊အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနိက တစ်တန်ကို ၄၉၀၀၀၀ နဲ့ ဈေးအမြင့်ဆုံးရရှိနေပြီး အတက်အကျကလည်း ကြမ်းသလို တစ်ချို့ရက်တွေမှာ အရောင်းအဝယ်မရှိပါဘူး။ ကုန်သည်တွေကတော့ ပဲစင်းငုံနီကတော့ ဆက်ပြီး ဈေးကျဆင်းနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ထားပါတယ်။ သြဂုတ်လ အတွင်း အိန္ဒိယနိုင်ငံ ကို အပြီးတင်ပို့ရမှာဖြစ်တဲ့အတွက် ဈေးကတော့ ဆက်ပြီး တက်မလား ကျမလား စောင့်ကြည့်ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။
ကြက်သွန်ဖြူ
ပြည်တွင်း ကြက်သွန်ဖြူ(တောင်ကြီး၊အောင်ပန်း) ကလည်း ကြက်သွန်နီနည်းတူ ပြီးခဲ့တဲ့ နှစ်နဲ့နှိုင်းယှဉ်လိုက်ရင် ဈေးက ထက်ဝက်ကျော်ကျဆင်းခဲ့ပါတယ်။ တရုတ်ကနေ အဓိကတင်သွင်းတဲ့ ကြက်သွန်ဖြူ (ကြူကုတ်)ကတော့ လက်ရှိမှာ ဈေးကျဆင်းနေပေမယ့် ပြီးခဲ့တဲ့ နှစ်နဲ့နှိုင်းယှဉ်လိုက်ရင် ဈေးအများကြီး ကွာဟမှုမရှိပါဘူး။ ပြည်တွင်းကြက်သွန်ထက် ပြည်ပကနေ တင်သွင်းတဲ့ ကြက်သွန်ဖြူ(ကြူကုတ်)ကို စားသုံးမှုများပြားတဲ့အတွက် ပြည်တွင်း ကြက်သွန်တွေ မထင်မှတ်လောက်ကျဆင်းသွားခဲ့တာလို့လည်းကုန်သည်တွေက သုံးသပ်ပါတယ်။ ထိုပြင် လက်ရှိတရုတ်နိုင်ငံကလည်း ကြက်သွန်ဖြူ(ကြူကုတ်)ကို ဈေးသက်သာစွာနဲ့တင်သွင်းတဲ့အတွက် ပြည်တွင်းမှာ ဈေးသက်သာနေပြီး ပြည်တွင်း ကြက်သွန်က ဈေးများနေတဲ့အခြေအနေလည်း ဖြစ်ပါတယ်။
ပြည်တွင်းကြက်သွန်ဖြူ က တစ်ပိဿာကို အနိမ့်ဆုံးဈေး ၁၀၀၀ ကနေ အမြင့်ဆုံးဈေး ၁၅၀၀ အထိ ပေါက်ဈေးရှိနေပေမယ့် ကြူကုတ် ကတော့ တစ်ပိဿာကို အနိမ့်ဆုံးဈေး ၉၀၀ ကနေ အမြင့်ဆုံးဈေး ၁၁၀၀ သာ ရှိပါတယ်။
ဝတ်ရည်မွန်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026